လူတစ်ယောက်ပြီးပြည့်စုံတယ်လို့ သတ်မှတ်ခံရဖို့ဘာတွေလိုတာပါလိမ့်? ငွေကြေးဥစ္စာတွေလား၊ ဂုဏ်ဒြပ်တွေလား၊ ရုပ်ရည်ချောမောမှုတွေလား၊ အပေါင်းအသင်းဝင်ဆန့်လို့၊ Social ကျလို့များလား?
အဲ့ဒီအချက်တွေအားလုံးထက် ပြီးပြည့်စုံတယ်လို့ အများတညီတညွတ်တည်းသတ်မှတ်တဲ့ စံနှုန်းတွေကတော့ အမြဲတမ်း ခွန်အားအပြည့်နဲ့ ယုံကြည်မှုရှိရှိ နေထိုင်ရှင်သန်ခြင်းလို့ ဆိုရမှာပါ။
အဲ့လိုလူတွေက ဘဝမှာဒေါင်ကျကျ၊ ပြားကျကျ ရှင်သန်တတ်တယ်။ အကူအညီလိုတဲ့အချိန်၊ အကြံဉာဏ်လိုတဲ့အချိန်တိုင်း အမြဲတမ်း ကူညီဖို့အဆင်သင့်ဖြစ်နေတတ်တယ်။ အမြဲတမ်း အကောင်းမြင်စိတ်နဲ့ဖြတ်သန်းနေလေ့ရှိတဲ့သူတွေပါ။ အဲ့လို ပြီးပြည့်စုံတဲ့လူ တစ်ယောက်ဖြစ်ဖို့ ဒီလိုအချက်လေးတွေက ဖန်တီးပေးနိုင်ပါတယ်တဲ့။ တနည်းဆို သူတို့ ပြီးပြည့်စုံရခြင်းရဲ့ လျို့ဝှက်ချက်တွေပေါ့။
(၁) သူတို့ဟာ လူတိုင်းကို လေးစားသမှုနဲ့ဆက်ဆံတတ်တယ်
သာမန်လူတွေဆိုတာက ကိုယ်နဲ့ရာထူးတူတဲ့သူဖြစ်ဖြစ်၊ ကိုယ့်ထက်အငယ်ပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာ၊ အလုပ်ကိစ္စတွေတွေ့ဆုံပြောဆိုတဲ့အခါ “ ငါ ” ဆိုတဲ့ မသိစိတ်က မာန်နဲ့ ဆက်ဆံတတ်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံသူတွေကျတော့ အသက်၊ ရာထူး ကြီးကြီးငယ်ငယ် လူတိုင်းကိုယ့်ထက်သာလွန်ထက်မြက်နိုင်တယ်ဆိုတဲ့စိတ်နဲ့ အမြဲလေးလေးစားစားဆက်ဆံတတ်တာ တွေ့နိုင်ပါတယ်။
(၂) သူတို့ဟာ Platinum Rule အတိုင်းလိုက်နာကြပါတယ်
လူတိုင်းတော်တော်များများသိကြတဲ့ Golden Rule ဆိုတာက လူတိုင်းကို ကိုယ့်ကိုသူတို့ဆက်ဆံစေချင်တဲ့ပုံစံအတိုင်းဆက်ဆံပါဆိုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းရဲ့တူညီတဲ့အချက်က အရေးပေးခံချင်တယ်၊ ဂရုစိုက်ခံချင်တယ်၊ ဦးစားပေးခံချင်တယ်။ အဲ့ဒါမို့ Platinum Rule ဖြစ်တဲ့ လူတိုင်းကို သူတို့ဆက်ဆံစေချင်တဲ့ပုံအတိုင်း ဆက်ဆံပါဆိုတဲ့ နည်းလမ်းကိုသာ ပြီးပြည့်စုံသူတွေက ကျင့်ကြံကြပါတယ်တဲ့။ တစ်နည်းပြောရရင် ကိုယ့်စိတ်သဘောထားထက် တစ်ပါးသူကို ဦးစားပေးတတ်တဲ့ အမူအကျင့်လေးပါပဲ။ ဒါက လူမှုဆက်ဆံရေးမှာ အများကြီးအရေးပါပါတယ်။
(၃) သူတို့ဟာ တခြားအရာတွေထက် လူတွေအပေါ်ပိုအာရုံစိုက်ပေးတတ်ပါတယ်
ပြီးပြည့်စုံသူတွေဟာ ကိုယ့်ကိုကိုယ်ထက် ကိုယ့်နားပတ်ဝန်းကျင်က ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေသူတွေအပေါ် ပိုအလေးပေး၊ အာရုံစိုက်လေ့ရှိပါတယ်။ အဲ့ဒီတစ်ဖက်သားကို ဦးစားပေးတဲ့အချက်ကိုက သူတို့ကို လူပိုသတိထားမိစေပြီး အကောင်းမြင်လာစေတဲ့ အချက်ပါပဲ။
(၄) သူတို့တွေကို အထင်အမြင်ကြီးလာစေဖို့ အများကြီးမကြိုးစားတတ်ကြဘူး
ပြီးပြည့်စုံသူအများစုမှာရှိတတ်တဲ့အချက်က သူတို့ဘယ်လောက်တော်နေပါတယ်၊ သူတို့ဘယ်လောက်အောင်မြင်နေပါတယ်ဆိုတာမျိုး တကူးတကထုတ်ပြီး ကိုယ်ရည်သွေးတာမျိုးတွေ မလုပ်တာပဲဖြစ်ပါတယ်။
(၅) သူတို့တွေက ရိုးသားမှုကို လက်ကိုင်ထားတယ်
ပြီးပြည့်စုံတဲ့သူတွေဟာ ကိုယ့်ဘဝအောင်မြင်မှုလမ်းကြောင်းဆီ ရိုးရိုးသားသားစစ်မှန်စွာနဲ့ လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ ရိုးသားမှုဆိုတာ ပြောရတာလွယ်သလောက် တကယ်ကျင့်ကြံဖို့ မဖြစ်နိုင်တဲ့အရာပါ။ သူတို့ကတော့ တခြားသူတွေကိုနင်းဖြတ်ပြီးမှ တက်လှမ်းရတာမျိုးကို စက်ဆုပ်တတ်ကြပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့လမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန်ပဲ သွားတတ်ကြပါတယ်။
(၆) သူတို့ ပြုံးတတ်ကြပါတယ်
ပြီးပြည့်စုံတဲ့သူတစ်ယောက်ဆိုတာ ကိုယ့်ကိုကိုယ် သတ်မှတ်တာထက် အများက တညီတညွတ်တည်းလက်ခံသတ်မှတ်ပေးကြတဲ့ ဂုဏ်တစ်ရပ်ပါ။ တကယ့်ပြီးပြည့်စုံတွေကတော့ လူတိုင်းနဲ့တွေ့ရင် စပြုံးဖို့၊ စနွေးထွေးဖို့ ဝန်မလေးတတ်ပါဘူး။ အဲ့လိုကနေ ပတ်ဝန်းကျင်ရဲ့ အကောင်းမြင်မှုတွေ ရရှိလာတာဖြစ်ပါတယ်။
(၇) ဘဝကို ချစ်တတ်ဖို့သင်ယူကြတယ်
သူတို့သွေးထဲမှာ အများဆုံးစီးဆင်းနေတာ အကောင်းမြင်စိတ်နဲ့ စိတ်အားထက်သန်မှုတွေပါပဲ။ ဘဝဟာ အမြဲတမ်း မထင်မှတ်ထားတဲ့ ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေတာလို့ ယုံကြည်တတ်သူပါ။ အဲ့ဒါမို့လည်း တော်ရုံစိတ်မညစ်တတ်ဘဲ အပျော်နဲ့သာ ဖြတ်သန်းလေ့ရှိကြပါတယ်။ ဒီလိုနည်းနဲ့ သူတို့ပေါင်းသင်းတဲ့ ပတ်ဝန်းကျင်ကလူတွေကိုပါ အကောင်းမြင်စိတ်ပျံ့နှံ့စေပြီး ဘဝကို ပိုချစ်တတ်လာစေပါတယ်။
တကယ်တော့ အစစအရာရာ အောင်မြင်ပြီးပြည့်စုံနေဖို့ဆိုတာ ခက်ခဲတဲ့အရာပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က သတ်မှတ်ထားတာမဟုတ်ဘဲ အများက ကိုယ့်ကိုသတ်မှတ်ပေးထားတဲ့ ပြီးပြည့်စုံမှုကတော့ စိန်၊ ရွှေ၊ ငွေတွေနဲ့မလဲနိုင်တဲ့ရတနာပါ။ အဲ့လိုလူတွေဟာလည်း ဘဝမှာ ဘယ်တော့မှ အခက်အခဲမတွေ့တတ်ပါဘူး။ အဲ့ဒါမို့ လူတိုင်းအတွက် ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင် ဒီအချက်လေးတွေအတိုင်း လိုက်နာကျင့်ကြံနိုင်ပါပြီနော်။
Recommended for you - အောင်မြင်ချင်ရင် ဒါတွေကိုရပ်လိုက်ပါ
Recommended for you - ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သော ဖွံဖြိုးရေးပညာမဟာဘွဲ့ အကြောင်း
Credit; EiEiKhineMinn (Akhayar)