ဆရာကောင်းတစ်ယောက်တွင် ရှိရမည့် အရည်အချင်းများကို အောက်ဖော်ပြပါ ပင်မအချက်ကြီး (၄) ချက်ဖြင့် ပညာရှင်များ တစ်စုတစ်ရုံးတည်း ဖွင့်ဆိုကြတာကို တွေ့ရပါတယ်။
၁။ Knowledge (ဗဟုသုတရှိခြင်း)
၂။ Attitudes (စိတ်နေသဘာထားပြည့်ဝခြင်း)
၃။ Behaviors (အပြုအမှုကောင်းများရှိခြင်း)
၎။ skills( မိမိသင်ကြားမည့် ဘာသာရပ်တွင် ကျွမ်းကျင်မှုရှိခြင်း)
ထပ်ဆင့်ပြောပြရရင်တော့...
၁။ မိမိသင်ကြားမည့်အကြောင်းအရာများကို သေချာစနစ်တစ်ကျ သိရှိထားရန် လိုအပ်ပါတယ်။
၂။ ဘယ်လိုသင်ကြားမယ်ဆိုတာကိုလည်း ယေဘုယျအားဖြင့် နားလည်ထားရပါ့မယ်။
၃။ ဘယ် subject ကို ဘယ်လိုသင်ကြားမယ်ဆိုတာကို တိတိကျကျ သတ်မှတ်ထားဖို့လိုပါတယ်။
၎။ ကျောင်းသားတွေ ဘယ်လိုလေ့ကြသလဲဆိုတာကို မိမိအနေဖြင့် သိရှိဖို့ရန် လိုအပ်ပါတယ်။ ဆိုလိုတာက different types of learning styles ကိုသိရှိထားဖို့ လိုအပ်ပါတယ်။
၅။ မိမိမသိသေးတဲ့ သင်ကြားမှုနှင့် ပတ်သတ်တဲ့ အကြောင်းအရာများကို ဘယ်လိုရှာဖွေရမယ် ဆိုတာကို သိဖိုလိုအပ်ပါတယ်။
၆။ စိတ်ရှည်သည်းခံမှုရှိဖို့ လိုအပ်ပါတယ်။
၇။ ကျောင်းသားတွေကြားမှာ မျှတမှုရှိရပါမယ်။ ဆိုလိုတာက ဘယ်ကျောင်းသားကဖြင့် သာ လွန်မှုရှိတယ်၊ ဘယ်ကျောင်းသားကတော့ဖြင့် သာလွန်မှုမရှိဘူး စိတ်ဖြင့် ကျောင်းသားများကြား ခွဲခြားပြီး မဆက်ဆံမိဖို့ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျောင်းသားအားလုံးကို မျှတစွာ ဆက် ဆံရမှာ ဖြစ်ပါတယ်။
၈။ ကျောင်းသားများရဲ့ ရင်ဖွင့်မှုတွေကို နားထောင်ဖို့လိုအပ်ပါတယ်။
၉။ ကျောင်းသားများအား ဂရုစိုက်မှုရှိဖို့ လိုအပ်ပါတယ်။
၁၀။ အကြောင်းအရာတစ်ခုကို သင်ကြားပြသနေချိန်ပဲဖြစ်ဖြစ်၊ သင်ကြားပြသပြီးတဲ့အချိန်ပဲ ဖြစ်ဖြစ် ၎င်းကျောင်းသားများ လုပ်နိုင်တဲ့ အရာလေးတွေကို good, very good, excellent စသည်ဖြင့် ချီးမွမ်းထောပနာတွေ ပြုဖို့ကိုလည်း အထူးလိုအပ်ပါတယ်။
၁၁။ ကျောင်းသားများအား “အော်ဟောက်ပြီး” မဆက်ဆံမိဖို့ကို အထူးဂသတိပြုရန် လိုအပ်ပါတယ်။
၁၁။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် အပြစ်ပေးမှုကို အထူးတစ်လည်ရှောင်ရှားဖို လိုအပ်ပါတယ်။ ဥပမာ နားရွတ်ဆွဲပြီး အတန်းရှေ့ထွက်ကာ ထိုင်ထလုပ်ခိုင်းတာမျိုး၊ ရိုက်နက် ပုတ်ခက် တာမျိုး စသည်အားဖြင့်--
၁၂။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်အပြစ်ပေးမှုကိုလည်း အထူးတစ်လည်ချောင်ကြည်ရပါမယ်။
ဥပမာ- “မင်းကအရမ်းညံတဲ့ ကောင်သားပဲ” ဘာမှအသုံးမကျဘူးစသည်အားဖြ ပြောဆိုမှုကို ရှောင်ရှားရပါမယ်။
၁၃။ မိမိသင်းကြားတဲ့ ဘာသာရပ်တိုင်းကို make subject interesting ဆိုတဲ့အတိုင်း စိတ်ဝင်စားဖွယ်ကောင်းအောင် သင်ကြားပြသဖိုလိုအပ်ပါတယ်။
၁၄။ မိမိသင်ကြားတဲ့ ဘာသာရပ်တိုင်းကိုလည်း ရယ်စရာမောစရာလေးတွေ ထည့်သွင်းကာ သင်ကြားပြ သမှုမျိုးကို လည်းဖန်တီးတက်ဖို့ လိုအပ်ပါတယ်။
၁၅။ အကြောင်းအရာတစ်ခုကို ရှင်းပြတိုင်း ရှင်းလင်းတိကျစွာ ရှင်ပြတက်ဖို့လည်း လိုအပ်ပါတယ်။
၁၆။ ကျောင်းသားများ အကြောင်းအရာတစ်ခုကို ချက်ချင်းဆိုသလို နားမလည်နိုင်ဘူးဆိုရင် ကူညီဖေးမကာ နားလည်မှုရှိအောင် ရှင်းပြဖို့ လိုအပ်ပါတယ်။
၁၇။ သင်ခန်းစာတစ်ခုကို ပုံစံမျိုးစုံဖြင့် သင်ကြားပြသတက်ဖို့လည်း လိုအပ်ပါတယ်။
၁၈။ ဆရာနှင့်ကျောင်းသားကြား၊ ကျောင်းသားနှင့် ကျောင်းသားကြားတွင် တစ်ဦးကို တစ်ဦးလေးစာမှုရှိအောင် ဖန်တီးတက်ဖို့ လိုအပ်ပါတယ်။
၁၉။ ကျောင်းသားများအား သင်ယူမှု၌ တက်ကြွသော စိတ်ရှိလာအောင် motivation မြှင့်တင်မှုကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
Attribution theory ၏ အဆိုအရတင်ပြရရင်
ကျေင်းသားများအား သင်ကြားမှုကို ပြုလုပ်တဲ့အခါမှာ Motivation ပေးခြင်းဟာလည်းပဲ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နဲ့ ထင်ဟပ်မှုရှိတဲ့ စိတ်ဓါတ်မြှင့်တင်ရေး ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
source: Maukkha