×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 08 August 2017

School days Vs College days

School days Vs College days google.com

ကျောင်းနဲ့ တက္ကသိုလ်နှစ်ခုစလုံးက ပညာတွေသင်ဖို့အတွက် သက်သက်မဟုတ်ပါဘူး။ ရှေ့ဆက်လျှောက် လှမ်းရမယ့်ဘဝမှာ လိုအပ်တဲ့ အသိပညာ ဗဟုသုတွေကိုပါ သင်ကြားပြသ လမ်းညွှန်ပေး တဲ့နေရာ ဖြစ်ပါတယ်။

ငယ်စဉ်ကျောင်းသားဘဝနဲ့ တက္ကသိုလ်ကျောင်းသားဘဝ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်လေးတွေက အမှတ်တရ တွေအများကြီးနဲ့ သင့်ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုပဲဖြစ်မှာပါ။ ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေက နှစ်သက်စရာကောင်းပြီး ဖြတ်သန်းရပုံခြင်းတော့ ကွာပါ တယ်။

 

သင်ရောဘယ်နေ့ရက်လေးကို ပိုနှစ်သက်သလဲ။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ အဖြေကတော့ ဘယ်တူပါ့မလဲဗျာ။ နှိုင်းယှဉ်ချက်လေးတချို့ဖော်ပြ ထားပါတယ်။

 

၁. အိပ်ယာထတဲ့အချိန်

၆း၀၅ လောက်က ကျောင်းသားဘဝမှာဆိုရင် နောက်ကျနေပြီလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသားဘဝမှာ ၉နာရီ ၁၀နာရီလောက် ဆိုရင်တောင် တော်တော်လေးကို အဆင်ပြေ ပါတယ်။ ခြားနားမှုကတော့ တော်တော်လေး ကွာသွားတယ်နော်။

 

၂. ဝတ်ဆင်ရတဲ့ အဝတ်အစား

သင့်ရဲ့ ကလေးဘဝတစ်လျှောက်လုံး တူညီတဲ့ကျောင်းဝတ်စုံကိုပဲ ရွေးချယ်ခဲ့ရမှာပါ။ တံဆိပ်ကဒီမှာတပ် ဝတ်စုံကဘယ်လိုပုံစံမှ ရမယ် ဒီလိုမျိုး သတ်မှတ်ချက်တွေ နဲ့ချုပ်ပြီး ဝတ်ဆင်ခဲ့ရမှာပေါ့။ တက္ကသိုလ်မှာတော့ လွတ်လွတ်လပ်လပ် ဝတ်ဆင်လို့ရပါတယ်။ တချို့တက္ကသိုလ်တွေက ကျောင်းယူနီဖောင်းရှိပေမယ့် ကလေး ဘဝ တုန်းကလိုမျိုး သတ်မှတ်ချက်တွေ အများကြီးမရှိပါဘူး။

 

၃. စည်းမျဉ်းတွေ

ကျောင်းသားဘဝတုန်းက စာသင်နေတဲ့အချိန်မှာ နေ့လည်စာခိုးစားတာမျိုးတွေက တော်တော်ကိုစွန့်စား တယ်လို့ပြောလို့ရပါတယ်။ တက္ကသိုလ်မှာဆိုရင်တော့ အတန်းလစ်တာလောက်တောင် စာမဖွဲ့တော့ဘူး မှတ်လား။

 

READ -သင်၏မှတ်ဥာဏ်စွမ်းအားလျော့ကျနေပြီလား ???

 

၎. အားလပ်ရက်

မိသားစုနဲ့ခရီးသွားရတာက ကျောင်းသားဘဝတုန်းက အရမ်းပျော်စရာကောင်းတဲ့ အရာတွေပေါ့။ တက္ကသိုလ်မှာ ဆိုရင်တော့ အားလပ်ရက်အချိန်တော်တော်များကို project လုပ်နေရတာ field ဆင်းနေရ တာ internships ဆင်းနေရတာတွေနဲ့ ဖြတ်သန်းရပါတယ်။

 

၅. ကျောင်းတက်ရက်

လူတိုင်းကတော့ ကျောင်းမှာဆိုရင် ကျောင်းတက်ရက်မှန်တဲ့အတွက် ဆုလိုချင်ကြပါတယ်။ တက္ကသိုလ် မှာတော့ လူတိုင်းက ဆေးစာအတုကို လိုအပ်ပါတယ်။

 

၆. ရည်ရွယ်ချက်

ကျောင်းမှာဆိုရင်တော့ မိဘ မျက်နှာမငယ်စေရဘူး၊ ငါ့ အတွက် မိဘတွေဂုဏ်ယူစေရမယ်ပေါ့။ တက္ကသိုလ် ရောက်တော့ “အို.…ဘာပဲဖြစ်ဖြစ်” ဆိုတာက ကျောင်းသားတွေရဲ့ လက်သုံးစကား ဒဿနတွေ ဖြစ်လာ ပါတယ်။

 

၇. လွယ်အိတ်    

ငယ်ငယ်တုန်းက ကျောင်းလွယ်အိတ်ဆိုရင် အနည်းဆုံး ၁၀၀ ကီလိုလောက်ရှိမယ်ထင်တယ်။ စာအုပ်တွေ အများကြီးနဲ့ ခါးကိုင်းမတတ်သယ်သွားရတာပေါ့။ တက္ကသိုလ်မှာ ဆိုရင်တော့ semester တစ်ခုဆို မှတ်စုစာအုပ် တစ်အုပ်က လုံလောက်နေတယ်လေ။

 

၈. အမှတ်စာရင်း

ကျောင်းတုန်းကတော့ အမှတ် ၉၀ ဆိုရင်တောင် ၁၀၀ မရလို့ စိတ်ညစ်ခဲ့ရမှာပေါ့။ တက္ကသိုလ်မှာတော့ ၆၀ လောက်ဆိုရင် အောင်ပွဲခံလို့ရတဲ့ အခြေအနေပါပဲ။

 

READ -သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မည့် နည်းလမ်း (၇) ခု

 

၉. အချိန်

တက္ကသိုလ်မှာဆိုရင်တော့ ကိုယ့်ရဲ့အချိန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် ရှိပါတယ်။ ကလေးတွေလိုမျိုး အချိန်စာရင်းလုပ်ပြီး သင့်ကို ဒီအချိန်ကတော့ စာလုပ် ဒီအချိန်ကတော့ ကစားဆိုပြီး ဘယ်သူမှ ပြောမယ့်သူ ရှိမှာ မဟုတ်ပါဘူး။

ကျောင်းတက်နေတုန်းကဆိုရင် တက္ကသိုလ်ကျောင်းသားဘဝကို အရမ်းကို လိုချင်တောင့်တမိခဲ့ကြမှာပါ။ တက္ကသိုလ်ရောက်တဲ့အချိန်ဆိုရင်တော့ ငယ်စဉ်ကျောင်းသားဘဝလေးကို ပိုပြီးပြန်တမ်းတမိပါတယ်။

Source; younisthan.in

Read times Last modified on Monday, 30 December 2019 10:01
Rate this articles
(2 votes)