မလေးရှားပညာရေးပွဲတော် (Education Malaysia Exposition) ကို ရန်ကုန်နဲ့ တောင်ကြီးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ Jenko Group of Educare မှသိရပါတယ်။
အဆိုပါပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ ဆူးလေရှန်ဂရီလာဟိုတယ် ဒုတိယထပ်ရှိ Ballroom 1 မှာကျင်းပပြုလုပ်မှာဖြစ်ပြီး ဇွန်လ ၁၀ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ တောင်ကြီးမြို့ရှိ စန်းစန်း မင်္ဂလာခန်းမမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။
ပွဲမှာ ယူကေ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံများမှ နာမည်ကြီးတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ မလေးရှားထိပ်တန်း တက္ကသိုလ်တွေက တာဝန်ခံ ဆရာ၊ ဆရာမတွေနဲ့ တစ်ဦးချင်းတွေ့ဆုံဆွေးနွေးနိုင်ပြီး ဗီဇာကိစ္စများကိုလည်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။ ပြပွဲနေ့မှာ ကျောင်းလျှောက်ထားသူတွေ အနေနဲ့ လေယာဉ်လက်မှတ် အခမဲ့၊ အဆောင်နေခွင့် အခမဲ့တွေကို ရရှိမှာဖြစ်ပြီး ပညာသင်ဆု အစီအစဉ်တွေကိုလည်း လျှောက်ထားနိုင်မှာဖြစ်တဲ့အတွက် မိမိရဲ့ပညာရေးဆိုင်ရာ အထောက်အထားတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ပွဲသို့ တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း-၀၉၂၅၃၀၆၆၂၀၂၊ ၀၉၅၀၆၂၈၉၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာဖြစ်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Source; Internet Journal
Recommended for you - မိမိကိုယ်မိမိ အားကိုးခြင်း