Telenor MBA ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ ဇူလိုင်လ ၁၅ ရက်အထိလျှောက်ထားနိုင်ဖို့ ရက်တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။
ပညာသင်ဆုလျှောက်ထား သူများပြားတဲ့အတွက်ကြောင့် ယခင်သတ်မှတ်ထားတဲ့ ဖောင်ပိတ်ရက်ကို တစ်ပတ်ခန့်တိုးမြှင့်လိုက်ခြင်း ဖြစ်တယ်လို့သိရပါတယ်။ အဲဒီပညာသင်ဆုကို Myanmar Metropolitan Collage (MMC) နဲ့ပူးပေါင်းကာ စီးပွားရေးစီမံ ခန့်ခွဲမှုမဟာဘွဲ့(အမ်ဘီအေ) အဖြစ်ပေးမှာဖြစ်ကြောင်း၊ ပညာသင်ဆုရရှိ သူအနေနဲ့ စီးပွားရေးစီမံခန့် ခွဲမှုမဟာဘွဲ့(အမ်ဘီအေ) သင်တန်းအတွက် အပြည့်အဝ ထောက်ပံ့မှုရရှိမယ့်အပြင် Myanmar Metropolitan Collage (MMC) နဲ့ချိတ်ဆက်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံက University of Business and International Studies ကအသိအမှတ်ပြု အမ်ဘီအေ (MBA) ဘွဲ့ လက်မှတ်ကို ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
Recommended for you - တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမတင်သူများကို နောင်ပညာသင်နှစ်များတွင် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ပြုမည်
“ပညာသင်ဆုကို လျှောက်ထားဖို့ စိတ်ဝင်စားတဲ့ သူတွေများတဲ့အတွက် ကျွန်တော်တို့ ကနဦး သတ်မှတ်ထားတဲ့ လျှောက်လွှာပိတ်ရက်ထက် တစ်ပတ်နောက်ဆုတ် ပေးလိုက်တာဖြစ်ပါတယ်၊ ဒီပညာသင်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အနာဂတ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက် အထောက်အကူကောင်းဖြစ်စေနိုင်မှာပါ” လို့ Telenor Myanmar ရဲ့ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ကော်ဖီကြိုက်သူတွေ သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက်များ
Recommended for you - လာမည့် ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးပြောင်းလဲမည်
Credit; Internet Journal