Boustany ဖောင်ဒေးရှင်းမှ Harvard Business School တွင် Master of Business (MBA) တက်ရောက်နိုင်ရန် ပေးအပ်သည့် ပညာသင်ဆုဖြစ်ပါသည်။
Boustany MBA Harvard Scholarship သည် Harvard Business School တွင် ၂ နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။
Harvard Business School တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာ အရည်အချင်း အနေဖြင့် the Test of English as a Foreign Language (TOFEL iBT); the International English Language Testing System (IELTS); or the Pearson Test of English (PTE) အစရှိသည့် စာမေးပွဲရလဒ်များကို လက်ခံပေးသည်။
ပညာသင်ဆုသည် Harvard Business School ရှိ MBA Program ကို လေ့လာနိုင်မည်ဖြစ်ပြီး Business Administration နယ်ပယ်အတွက် ပေးအပ်ခြင်းဖြစ်သည်။ ပညာသင်ဆုအတွက် ၂ နှစ်စာ အတွက် ကန်ဒေါ်လာ ကိုးသောင်း (တစ်နှစ်- ကန်ဒေါ်လာ ၄၅,၀၀၀) ကို ရရှိမည် ဖြစ်သည်။ ပညာသင်ဆုရရှိသူများသည် အမေရိကန်နိုင်ငံတွင် တက်ရောက်ရမည်ဖြစ်ပြီး Harvard MBA Programme ကို ဝင်ခွင့်ရရှိထားသူများသာ ပညာသင်ဆုကို လျှောက်ထားခွင့် ရရှိမည်ဖြစ်သည်။
ထိုပညာသင်ဆု လျှောက်ထားလိုတဲ့သူတွေအနေနဲ့ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ရက်နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်တဲ့အတွက် သေချာပြင်ဆင်ခွင့် ရရှိမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူများ
- ကောလိပ် သို့မဟုတ် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ဒီဂရီရရှိထားရန် လိုအပ်ပါသည်။
- GMAT (Graduate Management Admission Test) ဖြေဆိုထားရန် လိုအပ်သည်။
- အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်အနေဖြင့် IELTS 7.5 ထက်မနည်း၊ PTE ဘာသာစကားလိုအပ်ချက် 75 ထက်မနည်း၊ TOEFL 109 ထက် မနည်း ရှိရန် လိုအပ်သည်။
Recommended for you - UITသို့ တိုက်ရိုက်လျှောက်ထားသူများမှ အမှတ်အများဆုံးရရှိသူ (၂၀၀)ဦးခန့်ကို ထုတ်ပြန်ကြေငြာမည်
လျှောက်လွှာတင်ခြင်း
- လျှောက်ထားလိုသူများသည် မိမိဓာတ်ပုံကပ်ထားသော curriculum vitae (CV) ကော်ပီ၊ GMAT ဖြေဆိုထားသော ရမှတ်နှင့် ဟားဗတ်တက္ကသိုလ်မှ ၄င်းသင်တန်းအတွက် လက်ခံထားသော စာတို့ကို This email address is being protected from spambots. You need JavaScript enabled to view it. ထံသို့ အီးမေးလ် ပေးပို့နိုင်မည်ဖြစ်သည်။
- Shortlisted ကြေညာသည့် အထဲတွင် ပါလာပါက ဖောင်ဒေးရှင်းနှင့် အင်တာဗျူးရန် ဖိတ်ကြားခံရမည်ဖြစ်သည်။
လျှောက်ထားသူတွေထဲကမှ academic background ထူးချွန်သူတွေကို ပဏာမအဆင့်အဖြစ် ရွေးချယ်ပြီး ထိုပဏာမ ကျောင်းသား၊ကျောင်းသူများထဲမှ တစ်ဆင့် ၂၀၁၉ခုနှစ်၊ ဇွန်လမှာ MBA Program အတွက် အပြီးသတ် ရွေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုအတွက် အသေးစိတ်သိရှိလိုပါက http://www.boustany-foundation.org/scolarship-programs ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - Connect University တွင် ကျင်းပပြုလုပ်သွားမည့် အမေရိကန် ပညာရေးဟောပြောပွဲ
Recommended for you - အင်္ဂလိပ်စာနှင့် ဂျပန်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်မည်
Credit; EDGE