MDIS ကို ၁၉၅၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက တည်ထားသော ကျောင်းဖြစ်ပြီး မေဂျာဘာသာရပ် အမျိုးအစားစုံလင်စွာ တက်ရောက်နိုင်သည့် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ အစိုးရအသိအမှတ်ပြု Edu Trust ရရှိထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် လက်တွေ့ခန်းများ သီးသန့်ထားရှိပေးထားသဖြင့် ကျောင်းသူကျောင်းသားတို့ရဲ့ပညာရေးကို များစွာ အထောက်အကူပြုလျှက်ရှိပါသည်။ သွားရလာရ အဆင်ပြေသည့်နေရာဖြစ်သည့် စင်ကာပူနိုင်ငံ Stirling Road တွင် တည်ရှိပါသည်။ နေရေးထိုင်ရေးအတွက်လည်း ကျောင်း campus အတွင်းမှာ Hostel ပါထားရှိ ပေးထားသည့်အတွက် ကျောင်းသူ ကျောင်းသားတို့အတွက် အထူးအဆင်ပြေ ချောမွေ့စေနိုင်မည် ဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံရှိ Northumbria University မှ ပေးအပ်ချီးမြှင့်မည့် ဆေးပညာဘာသာရပ်ဆိုင်ရာဘွဲ့များကို စင်ကာပူနိုင်ငံရှိ Management Development Institute of Singapore (MDIS) တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ရယူနိုင်မည် ဖြစ် ပါသည်။ မြန်မာနိုင်ငံမှ MBBS, BPharm, Dental နှင့် ဆေးပညာနယ်ပယ်အသီးသီးမှ ဘွဲ့ရကျောင်းသူကျောင်းသားများအနေဖြင့်လည်း အင်္ဂလန်နိုင်ငံမှ ပေးအပ်ချီးမြှင့်မည့် ဆေးပညာမာစတာဘွဲ.များကို တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Recommended for you - ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ သင်ယူနေတတ်တဲ့ နည်းလမ်း
MDIS ကျောင်းတွင် Biomedical ဘာသာရပ်သာမက Computer Foren-sics, Computing and Information Systems တို့အပြင် Tourism and Hos-pitality ဘာသာရပ်တို့ကို ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ Business ဘာသာရပ်အမျိုးအစား စုံလင်စွာလည်း ရွေးချယ်နိုင်မည် ဖြစ်ပါသည်။ Media and Communications, Psychology, Information Technology နှင့် Tourism and Hospitality တို့ကို အထူးရွေးချယ်နိုင်မည် ဖြစ်ပါသည်။
စိတ်ဝင်စားသူများ အနေဖြင့် Study Abroad Information Centre ရန်ကုန်ရုံး ဒိုင်းမွန်းကွန်ဒို၊ တိုက်(ဘီ)၊ ၁၅လွှာ၊ အခန်းအမှတ် ၁၅၀၂၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၉ ၅၁၅၁ဝဝ၈၊ ဝ၉ ၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံး အမှတ် ၃၂၆၊ ၆၂လမ်း၊ ၂၉လမ်းနှင့် လမ်း ၃ဝကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ဝ၉ ၄၂ဝဝ၉၉၉၉၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ကိုယ့်ကိုယ်ကိုယ်ဆုံးမခြင်း
Recommended for you - တက္ကသိုလ်ဝင်ခွင့် စာရင်းများ နိုဝင်ဘာအတွင်း ကြေညာမည်
Credit; kumudra