နိုင်ငံတစ်နိုင်ငံ၏ အခြေခံအဆောက်အအုံများ စနစ်တကျကောင်းမွန်မှုမှာ ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကကျသည့် အချက်တစ်ချက် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် ကောင်းမွန်သည့်အဆောက်အအုံများ ဖန်တီးတည်ဆောက်ရန် ဆောက်လုပ်ရေး အင်ဂျင်နီယာများစွာ လိုအပ်လျှက်ရှိပါသည်။
စင်ကာပူနိုင်ငံရှိ Nanyang Institute of Management ကျောင်းသည် နိုင်ငံတကာမှ ကျောင်းသူကျောင်းသားများကို ခေတ်မီသင်ကြားရေးနည်းပညာများဖြင့် သင်ကြားပေးလျှက်ရှိသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံအစိုးရ အသိအမှတ်ပြု Edu Trust ရရှိထားသော ကျောင်းကောင်းလည်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Diploma in Construction Engineering စာတွေ့၂ နှစ်ကို တိုက်ရိုက်တက်ရောက်ပြီး လက်တွေ့လုပ်ငန်းခွင် ခြောက်လကိုပါ ရရှိမည် ဖြစ်ပါသည်။ IGCSE ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Certificate in Foundation တန်းများမှ စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဘွဲ့ရရှိပြီးသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Postgraduate Diploma in Engineering Management ဘွဲ့ဒီဂရီကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။
Tourism ဘာသာရပ်ကို စိတ်ဝင်စားပြီး စင်ကာပူနိုင်ငံမှာ တက်ရောက်လိုသော မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာတွေ့နှင့်လုပ်ခလစာပါ လက်တွေ့ ခြောက်လပါ တစ်ပါတည်း ခံစား နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဘွဲ့ရရှိ ပြီးသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Postgraduate Diploma in Tourism & Hospitality Management ဘွဲ့ဒီဂရီကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။
Recommended for you - အဝေးသင်တက္ကသိုလ် ဒုတိယနှစ်နှင့်အထက် စာစဉ်များ သြဂုတ်လကုန် နောက်ဆုံးတင်ရမည်
စိတ်ဝင်စားသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် Study Abroad Information Centre ရန်ကုန်ရုံး၊ ဒိုင်းမွန်းကွန်ဒို၊ တိုက် (ဘီ)၊ ၁၅လွှာ၊ အခန်းအမှတ် ၁၅၀၂၊ ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၉-၅၁၅၁ဝဝ၈၊ ဝ၉-၇၃၂၄၂၄၀၄ နှင့် မန္တလေးရုံး၊ အမှတ် ၃၂၆၊ ၆၂လမ်း၊ ၂၉လမ်း နှင့် လမ်း ၃ဝကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း ဝ၉-၄၂ဝဝ ၉၉၉၉၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - အမေရိကန်ပညာရေးကို ၅ ပတ်ကြာလေ့လာနိုင်မည့် အခွင့်အရေး
Recommended for you - ၀င်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များသို့ ၀င်ခွင့်ရပြီးသတ်မှတ်ရက်အတွင်း ကျောင်းမအပ်ပါက တက်ရောက်ခွင့်မပြု
Credit; Kumudra