ဩစတြေးလျနိုင်ငံက စင်ကာပူနိုင်ငံကျောင်းခွဲအဖြစ် ဖွင့်ထားတဲ့ James Cook University Singapore ဟာ ဩစတြေးလျတက္ကသိုလ်ကြီးက ချီးမြှင့်ပေးမယ့်ဘွဲ့တွေကို စင်ကာပူနိုင်ငံမှာ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သက်သာသာနဲ့ တက်ရောက်နိုင်တဲ့ကျောင်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက်လည်း မြန်မာနိုင်ငံက ထူးချွန်ကျောင်းသားကျောင်းသူတွေအတွက် ရရှိထားတဲ့ ပညာအရည်အချင်းအလိုက် Study Grant တွေ ပေးအပ်မှာ ဖြစ်ပါတယ်။
James Cook University Singapore မှာ Study Grant တွေနဲ့ တက်ရောက်လျှောက်ထားနိုင်မယ့် အခွင့်အရေးတွေကို မှန်မှန်ကန်ကန်နဲ့ သိရှိရန်ရည်ရွယ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့ မန္တလေးမြို့ Swan Hotel နဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ရန်ကုန် Novotel Hotel မှာ ပြုလုပ်မယ့် ပညာရေးဆွေးနွေးပွဲမှာ James Cook University Singapore က Senior Lecturer Dr Noeil Hutchinson နဲ့ ကျောင်းတာဝန်ခံကိုယ်တိုင် လာရောက်ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
James Cook University Singapore မှာ ကျောင်းတက်ရန်အတွက် လိုအပ်တဲ့ IELTS တွေ အတွက် စာမေးပွဲပုံစံတွေ၊ ဖြေဆိုနိုင်မယ့်အချိန်တွေနဲ့ အမှတ်ကောင်းကောင်းကို အချိန်တိုအတွင်း ရရှိနိုင်အောင် ပြင်ဆင်ရမယ့်အချက်တွေကို British Council ဝါရင့်တာဝန်ခံတွေက ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
James Cook University Singapore ဟာ မြန်မာကျောင်းသားကျောင်းသူတွေ အရွေးများတဲ့ကျောင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၂) ရာခိုင်နှုန်းမှာ ပါဝင်တဲ့ ကျောင်းကြီးလည်းဖြစ်ပြီး နိုင်ငံသာမက America, France, Germany, Russia, Austrulia နိုင်ငံတွေက exchange students တွေပါရှိတဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဆိုရှယ်နက်ဝပ်ရရှိနိုင်တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။
IGCSE နဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေအနေနဲ့ ဖောင်ဒေးရှင်းတန်းတွေက စတက်ရောက်နိုင်မှာဖြစ်ပြီး ဘွဲ့ဒီဂရီရရေးအတွက် နှစ်နှစ်ရှစ်လ ကြာမြင့်မှာ ဖြစ်ပါတယ်။ HND, NCC, ABE အောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဘာ သာရပ်ကင်းလွတ်ခွင့်တွေလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
James Cook University Singapore မှာ Business ဘာသာရပ်တွေ၊ Information Technology ဘာသာရပ်တွေ၊ Psychology ဘာသာရပ်တွေ စတဲ့ဘာသာရပ်အမျိုးစုံ ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ ဘာသာရပ်တွေကို Single Major အပြင် Double Major တွေကိုပါ အချိန်တိုအတွင်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
Recommended for you - "သူနာပြု သိပ္ပံ(ပေါင်းကူး) (၁) နှစ်သင်တန်း လျှောက်လွှာခေါ်ယူခြင်း"
မြန်မာနိုင်ငံက ဘွဲ့ရရှိထားပြီး စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဘာသာရပ်တွေကို လေ့လာသင်ယူလိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Master of Business Admini Stration (MBA) ဘွဲ့တွေနဲ့ နည်းပညာပိုင်းတွေကို သင်ယူလိုတဲ့ကျောင်းသားကျောင်း သူတွေအတွက် Master of Information Technology (MIT) စတဲ့ဘွဲ့တွေအပြင် Joint Master တွေကိုလည်း သင်ယူနိုင်မှာ ဖြစ်ပါတယ်။
ပညာရေးဆွေးနွေးပွဲမှာ James Cook University Singapore က ပေးအပ်ချီးမြှင့်မယ့် Study Grant တွေ လျှောက်ထားနိုင်ရန်အတွက် ပြင်ဆင်ထားရမယ့် ပညာရေးဆိုင်ရာ ပြင်ဆင်မှုတွေအပြင် တခြားလိုအပ်တဲ့ ပြင်ဆင်ထားရပုံအကြောင်းအရာတွေကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ Study Grant စင်ကာပူဒေါ်လာ ၁ဝဝဝ ကနေ စင်ကာပူဒေါ်လာ ၅ဝဝဝ အထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက Study Abroad Information Centre ရန်ကုန်ရုံး၊ ဒိုင်းမွန်းကွန်ဒို တိုက် (ဘီ) ၁၅ လွှာ၊ အခန်း အမှတ် ၁၅၀၂၊ ပြည်လမ်း၊ မေတ္တာဦးဆေးခန်း အနီး၊ ကမာရွတ်မြို့နယ်မှာ ဖြစ်ပါတယ်။ ဖုန်း-ဝ၉ ၅၁၅၁ဝဝ၈၊ ဝ၉-၇၃၂၄၂၄၀၄ နဲ့ မန္တလေးရုံးအမှတ် (၃၂၆)၊ ၆၂ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-ဝ၉-၄၂ဝဝ၉၉၉၉၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Recommended for you - သင်ဘာလို့ မအောင်မြင်သေးတာလဲ
Recommended for you - ကျောင်းသားများ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားမှုရှိအောင် ဒီလိုသင်ပါ
Credit; Kumudra