လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ တစ်ပတ်ကြာသွားရောက်မယ့် Toshiba Youth Club Asia လျှောက်လွှာများ ခေါ်ယူနေပြီလို့ သိရပါတယ်။
Southeast Asian (Cambodia, Laos, Philippines, Thailand and Vietnam) နိုင်ငံများမှ လူငယ်များတွေ့ဆုံပွဲဖြစ်ပါတယ်။ protection, role of science for social innovation စတဲ့ အချက်တွေကိုဆွေးနွေးသွားပြီး အနာဂတ်မှာ စွမ်းဆောင်မူအပြည့်နဲ့ ငြိမ်းချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင်သွားနိုင်မယ့် Asia-Pacific Region ဖြစ်ပေါ်လာရေး ရည်ရွယ်ပါတယ်။ လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိတဲ့ အထက်တန်းကျောင်းသား (သို့) တက္ကသိုလ် ပထမနှစ်တက်ရောက်နေတဲ့သူ၊ အင်္ဂလိပ်လို ကောင်းမွန်စွာပြောနိုင်ပြီး အင်္ဂလိပ်လို စာစီစာကုံးရေးသားနိုင်သူ၊ မတ်လ ၂၃ ရက်မှ ၃၀ ရက်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူ၊ ဂျပန်နိုင်ငံအကြောင်းကို စိတ်ပါဝင်စားသူဖြစ်ပြီး မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတများ ကြွယ်ဝသူ၊ အခြား Asian နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများနဲ့ စိတ်ပါဝင်စားစွာ ဆွေးနွေးပြောဆိုနိုင်သူဖြစ်ရပြီး ဂျပန်စကားကို အခြေခံပြောဆိုနိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
လျှောက်လွှာနဲ့အတူ Essay Form ကို ထုတ်ယူပြီး စက်တင်ဘာလ ၁၄ ရက် နောက်ဆုံးထား ပြန်လည်ပေးပို့ လျှောက်ထားရမှာဖြစ်သလို 3 x 4 cm ဓာတ်ပုံတစ်ပုံ၊ မိမိတက်ရောက်နေတဲ့ ကျောင်းရဲ့ ကျောင်းသားဖြစ်ကြောင်း ကျောင်းမှထောက်ခံစာ သို့မဟုတ် ကျောင်းသားကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ သို့မဟုတ် Passport မိတ္တူတို့နဲ့အတူ လျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်လွှာတွေကို စက်တင်ဘာလ ၃ ရက်မှ ၁၀ ရက်အတွင်း သွားရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို Myanmar Association of Japan Alumni (MAJA) မှာ လက်ခံပေးသွားမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉- ၄၂၈၆၁၂၁၅၁၊ ၀၉- ၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Recommended for you - ဆရာ၊ ဆရာမတိုင်း ဖတ်ထားသင့်သော စာအုပ်များ
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - အချိန်ဆွဲတတ်တဲ့ အကျင့်ကိုပြင်ပါ
Recommended for you - ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးခေါ်မည်
Credit; Internet Journal