Child’s Dream အဖွဲ့အစည်းက ဘွဲ့ကြိုသင်တန်း (bachelor degree) အတွက် တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ဆုတွေပေးအပ်မယ်လို့ သိရပါတယ်။
ပညာသင်ဆုကို ငွေကြေးလိုအပ်မှုအခြေအနေ၊ ပညာရေးမှတ်တမ်း၊ အလုပ်အတွေ့အကြုံ၊ အနာဂတ်ရည်မှန်းချက်များ၊ အစရှိတဲ့ အချက်အလက်တွေကိုကြည့်ပြီး ရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက် လိုသူတွေကို ဦးစားပေးရွေးချယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လျှောက်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး ပညာသင်ဆု ထောက်ပံ့ကြေးပေးမယ့် တက္ကသိုလ်မှာ ပညာသင်ကြားနေသူ (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူတွေဖြစ်ရမှာ ဖြစ်ပါတယ်။
လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှာ တင်ရမှာဖြစ်ပြီး တင်တဲ့ရက်မှာပဲ အသက် ၃၀ ထက် မကြီးသူတွေဖြစ်ရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုကို သူနာပြုတက္ကသိုလ် (မန္တလေး)၊ သတင်းအချက်အလက် နည်ပညာတက္ကသိုလ် (ရန်ကုန်)၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ အစရှိတဲ့ တက္ကသိုလ်တွေကို တက်ရောက်လိုသူတွေ လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာတွေကို childsdream နဲ့ CDHEMyanmar မှာ ရယူနိုင်မှာဖြစ်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - UK ကအသိအမှတ်ပြုတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး စီမံခန့်ခွဲမှုဘွဲ့ တက်ရောက်နိုင်
Recommended for you - တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများ အလွန်ဆုံးရက်ပိုင်းသာ နောက်ကျခွင့်ရှိမည်
Credit; Internet Journal