KGSP - ကိုရီးယား အစိုးရ ပညာသင်ဆု အစီအစဉ် (Associate Degree) အတွက် လျှောက်ထားနိုင်ပြီ။
World Korea မှတဆင့် လျှောက်ထားနိုင်သော ကျောင်းများ
- Korea University of Media Arts
- Gumi University
- ChejuHalla University
ကိုရီးယားအစိုးရ ပညာသင်ဆု အစီအစဉ်သည် ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များတွင် Associate Degree အတန်း တက်ရောက်လိုသော နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ရန် နှင့် နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ပေးအပ်ချီးမြှင့်သော အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ပညာသင်ဆု ရရှိမည့်ကာလ - ကိုရီးယားဘာသာစကား ၁ နှစ် နှင့် Associate Degree ၂/ ၃ နှစ်
ပညာသင်ဆု လျှောက်ထားရန် လိုအပ်ချက်များ
• ပညာသင်ဆုလျှောက်ထားရန် အကျုံးဝင်သောနိုင်ငံမှ နိုင်ငံသားဖြစ်ရမည်။
• အသက် ၂၅ နှစ် အောက် ဖြစ်ရမည်။
• ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
• အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။ (Bachelor ဘွဲ့ ရရှိထားပြီးသူများ လျှောက်ထားခွင့်မရှိပါ။ )
• တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်း အနည်းဆုံး ၄၅ဝ (တစ်ဘာသာ ပျမ်းမျှ ၇၅ မှတ်) နှင့် အထက် ရရှိရမည်။
• နိုင်ငံခြား ခရီးသွားလာနိုင်ရမည်။
• ကိုရီးယားဘာသာစကား သို့ မဟုတ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုရှိသူများအား ဦးစားပေးမည်။
• ပညာသင်ဆု လျှောက်ထားနိုင်သော တက္ကသိုလ်များအနက် တစ်ခုကိုသာ ရွေးချယ်ရမည်။ တက္ကသိုလ် တစ်ခုထက် ပို၍ လျှောက်ထားသောသူများကို ရွေးချယ်မည်မဟုတ်ပါ။
ပညာသင်ဆုမှ ရရှိမည့် ခံစားခွင့်များ
• ပညာသင် သွားရောက်ရန် အသွားအပြန် လေယာဉ်လက်မှတ်
• တစ်လလျှင် ထောက်ပံ့ကြေး တစ်လ ဝမ် ၈ သိန်း
• ကိုရီးယားဘာသာစကား ၁ နှစ် နှင့် Associate Degree ၂ နှစ် အတွက် ကျောင်းလခ
• ကျန်းမာရေး အာမခံ
• TOPIK Level 5 သို့ TOPIK Level 6 ရရှိထားသော ကျောင်းသားများအတွက် ချီးမြှင့်ငွေ တစ်လ ဝမ် ၁ သိန်း
• ပညာသင်ယူမှုပြီးဆုံးပါက ချီးမြှင့်ငွေ ဝမ် ၁ သိန်း
• ကိုရီးယားရောက်ရောက်ချင်း အသုံးပြုရန် ဝမ် နှစ်သိန်း
ကိုရီးယား အစိုးရ ပညာသင်ဆု အစီအစဉ် နှင့် ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက - CALL 09250111311, 09798827347
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - Design Thinking For Blockchains နှီးနှောဖလှယ်ပွဲကျင်းပမည်
Recommended for you - နေပြည်တော်၌ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် အမြန်ဆုံး တည်ဆောက်နိုင်ရန် စီစဉ်ထား
Credit; EDGE