၁။ ဖတ်မည့်စာ ဘာအကြောင်းလဲ မြည်းစမ်းကြည့်ခြင်း
မဖတ်ရသေးမီ ဘာတွေရေးထားသလဲကိုသိအောင် ပထမဆုံး လုပ်ဆောင်သင့်ပါတယ်။ ဇာတ်လမ်းမဟုတ်သည့် စာအုပ်ဆိုပါက အဖုံး၊ မာတိကာ၊ မိတ်ဆက်တို့တွင်ပါသည့် ခေါင်းစဉ်များကို ဖတ်ကြည့်ပါ။ တစ်အုပ်လုံးပါ အခန်းခွဲများ၏ ခေါင်းစဉ်များကို စ ဖတ်ကြည့်ပါ။ အရောင်နှင့်ခြယ်ထားသော စာလုံးများ၊ အရွယ်ကြီးထားသော စာလုံးများ၊ ပုံစာများစသည့် အထားအသိုများကိုလည်း အရင်ဆုံးဖတ်ကြည့်ပါ။
၂။ ဖတ်မည့် စာပါအကြောင်းအရာကို စဉ်းစားခြင်း
စာတစ်ပိုဒ်ဖြစ်စေ၊ တစ်အုပ်ဖြစ်စေ၊ စ မဖတ်မီ စာပါအကြောင်းနှင့် ပတ်သက်၍ မိမိဘာသိထားသလဲဆိုတာကို အရင်ဆုံး စဉ်းစားသင့်တယ်။ သို့မှသာ သိပြီးသမျှနှင့် ဆက်စပ်မိပြီး ဖတ်တော့မည့်စာကိုလည်း ပိုမို စိတ်ဝင်စားစရာ ဖြစ်လာမှာ ဖြစ်ပါတယ်။
၃။ ဖတ်ရသည့်ရည်ရွယ်ချက်ကို စဉ်းစားခြင်း
ဘာကိုရည်ရွယ်ပြီး ဖတ်မလဲဆိုတာကိုလည်း စဉ်းစားဖို့ လိုပါလိမ့်မည်။ မိမိသိလိုသည့် အချက်အလက်ကိုသာ ရှာလိုတာလား၊ ဖတ်ပြီးသမျှ သူတစ်ပါးကို ပြန်ပြောလိုတာလား၊ စာတမ်းရေးဖို့လား၊ အပျော်သက်သက်လား စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါသည်။ ဖတ်ရသည့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး သုံးသည့်နည်းလမ်းများလည်း အမျိုးမျိုး ကွဲပြားသွားနိုင်သည်။
၎။ စာကို အသေးစိတ်နားလည်အောင် ဖတ်ခြင်း
တစ်ကြောင်းချင်း နားလည်အောင်ဖတ်ခြင်းကိုသာ မဆိုလိုပါ။ တစ်ကြောင်းနှင့်တစ်ကြောင်း၊ တစ်ပိုဒ်နှင့်တစ်ပိုဒ်၊ တစ်ခန်းနှင့် တစ်ခန်း၊ ခေါင်းစဉ်တစ်ခုနှင့်တစ်ခု ဘယ်လိုဆက်စပ်သလဲဆိုတာကို နားလည်းအောင်လုပ်ပါ။ ဘယ်စာအုပ်ကိုမဆို ဖတ်တော့မည်ဆိုလျှင် စာအုပ်ထဲမှာပါတဲ့ အချက်အလက်များကို အသေးစိတ်သိအောင် ဖတ်ပါ။ အပေါ်ယံလေး မဖတ်ပါနဲ့။
၅။ ဝေဖန်ဆန်းစစ် ဖတ်ခြင်း
ဝေဖန်ဆန်းစစ်ဖတ်တတ်ရန် မိမိတစ်ယောက်တည်း၏ မေးခွန်းများဖြင့်သာ မလုံလောက်တော့ပါ။ သူတစ်ပါးနှင့် ဆွေးနွေးမှသာ ရနိုင်ပါသည်။ သူငယ်ချင်းများကို အကူအညီတောင်းပြီး ဆွေးနွေးပါ။ အပြန်အလှန်မေးခွန်းများ မေးပါ။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ပညာသင်ဆုအများဆုံးရရှိနိုင်မည့် University Canada West အကြောင်းဆွေးနွေးပွဲ
Recommended for you - သင့်ကလေးနဲ့ ကိုက်ညီမှုရှိတဲ့မူကြိုကျောင်းကို ဘယ်လိုရွေးမလဲ
Credit; myanmar-network.net