အမျိုးသမီးတစ်ယောက်ဟာ လွတ်လပ်ပြီး ထက်မြက်တဲ့သူ ဖြစ်ချင်တယ်ဆိုရင် လုပ်ဆောင်ရမယ့် အချက်ကလေးများကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ယောက်တည်း ခရီးထွက်ခြင်း
ခရီးထွက်ခြင်းရဲ့ ကောင်းကျိုးက မိန်းကလေးတစ်ယောက်ကို ပိုပြီး ထက်မြက်စေပါတယ်။ စိတ်ဓာတ်ခွန်အား
ကို ကြံ့ခိုင်စေပြီး အမှီအခိုကင်းလိုမှုကို မွေးဖွားပေးပါတယ်။ ခရီးသွားမယ်ဆိုရင်တော့ ဒေသအသီးသီးကနေ ပေးလာတဲ့ ဗဟုသုတတွေကလည်း မိမိအတွက် အဖိုးမဖြတ်နိုင်သလို ခံစားရမှာ ဖြစ်ပါတယ်။
ကိုယ်ပိုင်လမ်းသစ် ဖောက်ခြင်း
သူများ လျှောက်တဲ့လမ်းကို လျှောက်ရင် သူများရဲ့ အောင်မြင်မှုနဲ့ တစ်ခုခုကို မယူချင်ပါနဲ့။ ထို့ကြောင့် ကိုယ်
ပိုင်ရပ်တည်ချက်နဲ့အတူ ဘာမဆို ရယူနိုင်ဖို့ ကြိုးစားပါ။ မအောင်မြင်ရင် တစ်ခြားနည်းလမ်းတစ်ခုကို စဉ်းစားပါ။
သွက်သွက်လက်လက်နေခြင်း
သွက်လက်မှုဆိုတာက လူတစ်ယောက် အောင်မြင်စေဖို့အတွက် အရေးပါတဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ အတွေးသွက်လက်ရမယ်၊ အမြင်သွက်လက်ရမယ်၊ အပြုအမူ၊ အပြောအဆို သွက်လက်ရမယ်၊ ဒီလို ဖြစ်ဖို့အတွက်ဆိုရင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဥာဏ်ထက်မြက်ခြင်း၊ အကင်းပါးခြင်းတို့လည်း လိုအပ်ပါတယ်။
ဗဟုသုတ ရှာမှီးခြင်း
ဗဟုသုတမရှိဘဲ ဘယ်လိုနယ်ပယ်မျိုးမှာမှ လူတောတိုးမှာ မဟုတ်ပါဘူး။ ကျောင်းကနေ မပေးနိုင်တဲ့ ဗဟု
သုတကိုလည်း မျက်စိဖွင့် နားစွင့်ပြီး ရှာမှီးရပါ့မယ်။ ဘယ်နေရာရောက်ရောက် မိမိ မသိသေးတဲ့ အကြောင်းအရာများကို များများမေးရမယ်၊ များများ သိအောင် လုပ်ရမယ်။ ဒီထဲကနေမှ ရလာတဲ့ ဗဟုသုတတွေ၊ ပညာတွေ၊ အတတ်ပညာတွေကို လူမှုရေးနဲ့ အခြားသက်ဆိုင်တဲ့ နယ်ပယ်တွေထဲမှာ ပြန်လည်အသုံးချရတာမျိုး ဖြစ်ပါတယ်။
စိတ်နဲ့စကားပြောတဲ့အကျင့်ကို ပြုလုပ်ခြင်း
စိတ်နဲ့ စကားပြောရတာ ခက်ခဲတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အသံမထွက်ပဲနဲ့လည်း စကားပြောလို့ရပါ
တယ်။ အဲလို ပြောခြင်းက ကိုယ့်စိတ်က တကယ် ဘာကိုဖြစ်ချင်တယ်၊ ဘာလုပ်ချင်
တယ်ဆိုတာကို ဦးနှောက်က သိသာသွားပါလိမ့်မယ်။
လူမှုရေးနယ်ပယ်မှာ ယုံကြည်မှု အပြည့်ရှိခြင်း
အခုခေတ် အောင်မြင်နေတဲ့ အမျိုးသမီးများဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ပုံစံဖြင့် နေထိုင်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဟာ လူတော မတိုးချင်ကြပါဘူး။ အမျိုးသမီးအများစုဟာ လူကြောက်တာ၊ လူရှိန်တာ၊ ရှက်ရွံ့တာ၊ အားနာတာကို လျှော့ချနိုင်မှ လူမှုရေးနယ်ပယ်မှာ ယုံကြည်မှုနဲ့ လျှောက်လှမ်းနိုင်မှာပါ။
Source: single magazine