အောင်မြင်မှုအသစ်တွေရနိုင်ဖို့အတွက်တော့ အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မေးခွန်းများများမေးပါ
တစ်ခုခုနားမလည်တာဖြစ်ဖြစ် တစ်ခုခုသိချင်တာဖြစ်ဖြစ် မေးခွန်းမေးပါ။ ကိုယ့်ရဲ့ စီနီယာတွေ၊ မိဘဆရာတွေကိုမေးပါ။ လိုအပ်လာရင် ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ တက်ရောက်ပြီး မေးခွန်းတွေမေး ဆွေးနွေးနိုင်ပါတယ်။ အဓိက က သင်ယူဖို့နဲ့ စိတ်အားထက်သန်နေဖို့ပဲလိုပါတယ်။ အခုခေတ်မှာ သတင်းအချက်အလက်တွေရဖို့ တော်တော်လွယ်ကူနေပါပြီ။ စာကြည့်တိုက်နဲ့ စာအုပ်တွေ ပေါများလာသလို ဝဘ်ဆိုဒ်တွေ google စတဲ့နေရာတွေကနေတစ်ဆင့်သိချင်တဲ့အကြောင်းအရာ အချက်အလက်တွေအကုန်လုံးကို ရှာဖွေလေ့လာလို့ ရနေပါပြီ။
အောင်မြင်မှုတွေကို မှတ်တမ်းတွဲထားပါ
မိမိတက်ခဲ့တဲ့ သင်တန်းတွေမှာ ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ ကျောင်းမှာ တက္ကသိုလ်မှာ ရခဲ့တဲ့ ထူးချွန်မှု အမှတ်တရတွေကို စုစည်းထားပါ။ ဖြစ်နိုင်ရင် ကိုယ်နေ့စဉ်လှုပ်ရှားသွားလာလေ့ရှိတဲ့ နေရာ စာရေးစာပွဲ အိပ်ခန်း မှာ ချိတ်ဆွဲထားပါ။ ဒီလိုထားခြင်းအားဖြင့် စိတ်ဓာတ်ခွန်အားတိုးခွန်အား(Motivation)တွေ တိုးပွားမှာပါ။ စိတ်ကလူ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့အရာတစ်ခုဖြစ်တဲ့အတွက် (Will Power) စွမ်းအားလည်းတိုးလာမှာဖြစ်လို့ အောင်မြင်မှုအသစ်များကို ထပ်မံရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
အသစ်တစ်ခုခုကို သင်ယူပါ
ကိုယ်လေ့လာနေတဲ့ နယ်ပယ်က အကြောင်းအရာတစ်ခုခုကို ဖြစ်ဖြစ် စိတ်ဝင်စားတဲ့ အားကစားဖြစ်ဖြစ် လေ့သင်ယူကြည့်ပါ။ သင်ယူနိုင်မှုစွမ်းအားကိုမြှင့်တင်ပေးပြီး ဉာဏ်ပညာပိုပြီးထက်မြက်လာစေပါလိမ့်မယ်။ ကိုယ့်အသက်မွေးဝမ်းကျောင်းနယ်ပယ်မှာလည်း ပိုပြီးကျွမ်းကျင်မှုရှိလာမှာဖြစ်သလို အသိအမြင်ကျယ်စေပြီး အခြားစိတ်ဝင်စားတဲ့အရာတစ်ခုခုကို လေ့လာလိုက်စားခြင်းအားဖြင့်လည်း ကိုယ်လုပ်နေတဲ့ နေ့စဉ်အလုပ်တွေကို ပိုပြီးနှစ်သက်လာစေမယ်။
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီပါ
ကိုယ့်ရဲ့ လက်ကကူညီတတ်တဲ့လက်ဖြစ်ဖို့ လိုအပ်ပါတယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်ခြင်းအားဖြင့် နေ့စဉ် အလုပ်တွေကရတဲ့ စိတ်ဖိစီးမှုတွေလျော့ချပေးသလို အခြားသော ကျွမ်းကျင်မှုအမျိုးမျိုးကို ရရှိနိုင်ပါသေးတယ်။ သူငယ်ချင်းမိတ်ဆွေလည်းပေါများလာမှာဖြစ်တဲ့ အပြင် အတွေ့အကြုံအသစ်နဲ့ ထိတွေ့ရပြီး မိမိနေ့စဉ် လုပ်ရှားနေရတဲ့ လူနေမှုဘဝရဲ့ အပြင်ဘက်ကို ရောက်သွားတာဖြစ်လို့ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွ လန်းဆန်းနေမှာပါ။
အချိန်ဇယားတိတိကျကျဆွဲပါ
အချိန်ဇယားဆွဲခြင်းဖြင့် ကိုယ့်အချိန်တွေဘယ်မှာသုံးလိုက်လဲဆိုတာကို ကိုယ်တိုင်သတိထားမိလာပါတယ်။ သတိထားမိလာတာနဲ့အမျှ အချိန်ဖြုန်းခြင်းနဲ့ အချိန်သုံးခြင်းကို ခွဲခြားလာနိုင်ပါတယ်။ ထို့အပြင်တစ်ဖက်မှာလည်း ဘယ်အလုပ်ကိုမဆို ဖြည်းဖြည်းမှန်မှန်လုပ်နိုင်တဲ့အတွက် အမှားနည်းသလို အချိန်မီပြီးစီးတာကိုတွေ့ရမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု
လည်းတိုးစေပြီး အများရဲ့လေးစားအားကျမှုကိုပါ ရရှိနိုင်တာမို့ အောင်မြင်မှုရဖို့အတွက်တော့ မရှိမဖြစ်ပဲပေါ့နော်။
ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့
ပင်ပန်းလှပြီလို့ ကိုယ့်ကိုယ်ကိုယ် ညှာလို့မဖြစ်သလို ငါမလုပ်နိုင်ဘူးလို့လည်း ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။
ကိုယ့်ကိုယ်ကို ညှာလိုက်ရင် ကိုယ်ပဲထိခိုက်ဆုံးရှုံးရမှာပါ။ ကိုယ်မလုပ်နိုင်ဘူးဆိုတဲ့ စည်းရဲ့နောက်မှာ လုပ်နိုင်သေးတဲ့ အားအင်အချို့ကပ်ကျန်နေပါသေးတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် အထင်မသေးဘဲ ကိုယ်ဘယ်လောက်လုပ်နိုင်တယ်ဆိုတာ တစ်လောကလုံးသိအောင် ဖွင့်ဟချပြလိုက်ပါ။
Source: LiveTheDream