လူတိုင်းမှာကိုယ်ပိုင်အရည်အချင်းတွေကိုယ်စီရှိကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့မတူကြပါဘူး။
မိမိမှာရှိတဲ့ အရည်အချင်းတွေကိုတိုးတက်အောင်အမှန်တကယ်လုပ်ဆောင်သင့်ပါတယ်။ မိမိအရည်အသွေးတွေကို တိုးတက်အောင်လုပ်ဆောင်ရာမှာ.လိုအပ်တဲ့အချက်များကတော့..
၁။ ဝေဖန်ပိုင်းခြားစဉ်းစားတွေးခေါ်မှု
ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုတာကတော့..သတင်းအချက်အလက်များကိုသိအောင်မေးနိုင်ပြီး.ကိုယ်ပိုင်ထင်မြင်ချက်များပေးနိုင်စွမ်း ကိုခေါ်ပါတယ်။ အဲ့ဒီဝေဖန်ပိုင်းခြားတိုးတက်နိုင်မှုတွေတိုးတက်အောင် စာဖတ်ပါ၊ လူတွေပြောတာကိုသေခြာနားထောင်ပြီးဝေဖန်ဆန်းစစ်ကြည့်ပါ။
၂။ ခေါင်းဆောင်မှု
ခေါင်းဆောင်မှုဆိုတာကတော့ လူအုပ်စုကို မိမိက ရှေ့ကနေဦးဆောင်နိုင်စွမ်းကိုခေါ်ပါတယ်။ ခေါင်းဆောင်နိုင်စွမ်းရှိအောင် လူတစ်စုနဲ့ ကျောင်းသားဆိုင်ရာပရောဂျက် ဒါမှမဟုတ် မိသားစုဆိုင်ရာ ပရောဂျက်တွေမှာ လက်တွဲလုပ်ဆောင်ကြည့်ပါ။ ပရောဂျက်အသစ် တိုင်းမှာတာဝန်ပိုယူပြီး အဆုံးမှာတော့ ပရောဂျက်ကို ခေါင်းဆောင်ဆောင်ရွက်ပါ။
၃။ ပြောဆိုဆက်ဆံနိုင်စွမ်း
ပြောဆိုဆက်ဆံနိုင်စွမ်းဆိုတာကတော့ ပြောရာမှာဖြစ်စေ၊ ရေးရာမှာဖြစ်စေ သင့်ရဲ့အမြင်တွေ၊ အတွေးအခ်ါတွေကို ရှင်းရှင်းလင်းလင်း ယုံကြည်မှုရှိရှိနဲ့ လိုရင်းရောက်အောင်တင်ပြနိုင်စွမ်းကိုခေါ်ပါတယ်။ သင်ရဲ့ ရေးနိုင်စွမ်း၊ ဖတ်နိုင်စွမ်းနဲ့  နားထာင်နိုင်စွမ်းတို့ ကို လူမှုရေးရာမှာရော စီးပွားရေးလုပ်ငန်းမှာပါ နေ့ စဉ်လေ့ကျင့်အသုံးချပါ။ သင့်စာသင်ခန်းတွေထဲက တွေးနွေးပွဲ၊ စကားရည်လုပွဲတွေမှာ ပါဝင်ပြောဆိုပါ။ ဒါဆိုရင် သင့်ရဲ့ ပြောဆိုဆက်ဆံနိုင်စွမ်းတွေတိုးတက်လာမှာဖြစ်ပါတယ်။
၎။ အချိန်ကို ထိထိမိမိ အသုံးချနိုင်စွမ်း
အချိန်ကို ထိထိမိမိ အသုံးချနိုင်စွမ်းဆိုတာကတော့ သင့်အချိန်ကို ဇယားချထားမှု။ ဘာတွေလုပ်မယ်၊ ဘာတွေကိုဦးစားမေးမယ်လို့  သတ်မှတ်ထားမှု၊ သတ်မှတ်ချိန်အမီ ပြီးအောင်လုပ်ဆောင်နိုင်စွမ်းကိုခေါ်ပါတယ်။ အချိန်ကိုကောင်းကောင်းအသုံး ချနိုင်အောင် ပြက္ခဒိန်ကိုသုံးပြီး လေ့လာမှုကို အချိန်ဇယားဆွဲပါ။ ပြီးရင်အဲ့ဒိအတိုင်းလိုက်နာဆောင်ရွက်ပါ။
၅။ ကမ္ဘာလုံးဆိုင်ရာ အစွမ်းအစများ
ကမ္ဘာလုံးဆိုင်ရာအစွမ်းအစများ ဆိုတာကတော့ တခြားဘာသာစကားတွေကို ပြောဆိုနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ပြီးတော့ မိမိတို့ ရဲ့ ယဉ်ကျေးမှုတွေကို တန်ဖိုးထားရုံသာမက တခြားယဉ်ကျေးမှုတွေကို ပါ တန်ဖိုးထားတက်အောင်လေ့လာနိုင်စွမ်း များကိုဆိုလိုတာပါ။ အင်္ဂလိပ်စာ သာမက တခြားသောဘာသာစကားများကိုလေ့လာသင်ယူပါ။ အဲ့ဒိမှာ အရေးကြီးတာက အဆက်မပြက်လေ့လာင်ယူနေဖို့ လိုအပ်အါတယ်။ ဒါမှလိုအပ်တဲ့အခါ ယုံကြည်မှုရှိရှိနဲ့  ပြောဆိုရေးသားနိုင်မှာဖြစ်ပါတယ်။