အောင်မြင်မှုဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်း ပိုင်ဆိုင်ချင်တယ့် အရာတစ်ခုပါ။အောင်မြင်မှုဆိုသည့် အရာမှာချိမြိန်ပေမဲ့ ထိုသို့မအောင်မြင်ခင် ပေးဆပ်ရသည်များက ခါးသက်ပေလိမ့်မည်။
အောင်မြင်သူ တစ်ယောက် ဖြစ်လာရန်ဘ၀မှာ မိမိရဲ့အချိန်၊ ပိုက်ဆံ၊ ကြိုးစားအားထုတ်မှုအပြင် အခြားအရေးကြီး သောအရာများလည်း ရှိပါသေးသည်။ ထိုအချက်တွေကတော့
၁။သင်ယူလေ့လာတာကိုဘယ်အချိန်မှမရပ်တန့်လိုက်ပါနဲ့။
မည်သည့်အရာကိုမဆို အမြဲမပြတ်လေ့လာဆည်းပူးနေပါ။ သင်ဟာ သင်ယူလိုစိတ်ရှိသူ တစ်ယောက် ဖြစ်ဖို့တော့လိုပါတယ်။ မကျွမ်းကျင်သော လုပ်ငန်းခွင်တစ်ခုတွင် လုပ်ခဲ့ရတာတောင်မှ သင်ယူလိုစိတ်ရှိသူ တစ်ယောက်ဟာ အရာအားလုံးကိုအကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်မှာပါ။ ဒီလိုသင်ယူခြင်းဖြင့် ဘ၀ကိုအောင်မြင်တိုးတက်စေနိုင်သည့် အတွေ့အကြုံကောင်းများ၊ ပတ်ဝန်းကျင်ကောင်းများ၊ အခွင့်အရေး ကောင်းများကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာပါ။
၂။ခန္ဓာကိုယ်ကို နည်းလမ်းမှန်ကန်စွာ စောင့်ရှောက်ပါ။
လူအများစုသည် ဗိုက်ဆာလျှင် အလွယ်တကူရရှိနိုင်သော အသင့်စားအစားအစာများကို စားသောက်လေ့ ရှိကြတယ်။ ဒါဟာမိမိကိုယ်ကို နည်းလမ်းမှန်ကန်စွာစောင့်ရှောက်ခြင်း မဟုတ်ပါ။ ဥပမာ Pizza တစ်ခု စားမည့်အစား ပန်းသီးတစ်လုံးစားလိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုကို အချိန်မှန်ပြုလုပ်ပေးပါ။ နည်းလမ်း မှန်ကန်စွာ စားသောက်နေထိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး မျှော်မှန်းထားတဲ့ အိပ်မက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာပါ။
READ - သင်ကြိုးစားသလောက် အရာမထင်ဘူးလား???
၃။မိမိကိုယ်ကိုယုံကြည်မှုရှိစေမည့် အ၀တ်အစားများကိုရွေးချယ်ဝယ်ယူဝတ်ဆင်ပါ။
ဈေးကြီးသောအ၀တ်အစားများကိုမဆိုလိုပါ။မိမိနဲ့လိုက်ဖက်ပြီး ယုံကြည်မှုရှိစွာ လျှောက်လှမ်းနိုင်ဖို့ အတွက်အရေးကြီးပါတယ်။ မိမိက လူငယ်ဆန်စွာ ၀တ်ချင်သော်လည်း ကိုယ်သွားရမည့်နေရာ တွေဆုံ ရမည့်လူများနှင့် လိုက်လျောညီထွေဖြစ်ရန် အရးကြီးပါတယ်။ အ၀တ်အစားရွေးချယ်တတ်ခြင်း ဟာလည်း သင်အောင်မြင်မှုလမ်းကို လျှောက်လှမ်းတဲ့ အခါ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။
၎။ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပါ
အောင်မြင်သူတစ်ယောက်ဖြစ်ရန် လူမှုဆက်ဆံရေး ကောင်းမွန်ရန်လည်း အလွန်အရေးကြီးပါတယ်။ တစ်ယောက်တည်း သီးသန့်ကွဲမထွက်ပါစေနှင့်။ အလုပ်နှင့်သက်ဆိုင်သည့် ပွဲအခမ်းအနားများသို့သွား သည့်အခါ မိမိဘက်မှစပြီး စတင်မိတ်ဆက်လိုက်ပါ။ ဒါဟာသင်ရဲ့အလုပ်မှာ အောင်မြင်ဖို့အတွက် ကြီးမားသော လမ်းစတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။
READ - သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်သွားနိုင်မည့် နည်းလမ်း (၇) ခု
Credit; myanmar advertising directory