နိုင်ငံခြားမှာ ပညာသွားရောက်သင်ကြားဖို့ဆိုတာ မလွယ်ကူပါဘူး။ ကုန်ကျစရိတ်ကြီးမားလွန်းပါတယ်။ နိုင်ငံခြားမှာ ပညာသင်ဖို့အတွက် ပညာသင်ဆုတွေလျှောက်ကြပါတယ်။ ပညာသင်ဆုရရှိဖို့ဆိုတာ ကျောင်းသားတိုင်းလိုချင်တဲ့ အခွင့်အရေးတစ်ခုပါ။ ထိုအခွင့်အရေးကို လက်လွှတ်မခံရဖို့ ဘယ်လိုကြိုးစားရမလဲ။
၁။ အားကစားတစ်ခုခုကို လေ့လာလိုက်စားပါ။
ပညာသင်ဆုတွေ ပေးအပ်တဲ့အခါ အားကစားမှာ ထူးချွန်တဲ့သူများက ရရှိဖို့ အခွင့်အလမ်းပိုများ ပါတယ်။
အကယ်၍ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာမှာ ထူးချွန်ရုံသာမက အားကစားသမား တစ်ယောက်ပါဖြစ်ခဲ့မယ်ဆိုရင် ပညာသင်ဆုဆိုတာ မဝေးတော့တဲ့ အနေအထားမှာ ရှိနေပါတယ်။
၂။ အားလပ်ချိန်များမှာ စေတနာ့ဝန်ထမ်း လုပ်ပါ။
လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်တဲ့သူတွဟာ ပညာသင်ဆုရရှိဖို့ အခွင့်အလမ်းအများဆုံး ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။
တက္ကသိုလ်နဲ့ အစိုးရကပေးတဲ့ ပညာသင်ဆုများသာမက NGO အဖွဲ့အစည်းများက ပေးအပ်တဲ့ ပညာသင်ဆုပါ ရရှိနိုင်ပါတယ်။
၃။ Personality ကောင်းမွန်အောင် ပြုလုပ်ပါ။
ပညာသင်ဆု ပေးအပ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ခင်မင်ရင်နှီးမှု ရရှိအောင် ပြုလုပ်ပါ။ လာဘ်ထိုးတဲ့ သဘောမဟုတ်ပဲ သင့်ရဲ့ Personality ကောင်းမွန်မှုကို ထုတ်ဖော်ပြသခြင်း သဘောမျိုး ဖြစ်ပါတယ်။
၎။ ပညာသင်ဆုအတွက် စိတ်အားထက်သန်မှု ရှိပါစေ။
ပညာသင်ဆု လျှောက်တော့မယ်လို့ ဆုံးဖြတ်ထားရင် သင့်ရဲ့ စိတ်အားထက်သန်မှုကို ပြသတဲ့အနေနဲ့ အစောဆုံးလျှောက်ပါ။ နောက်ကျမှဆိုလျှင် တခြားသူတွေနဲ့ ယှဉ်ပြိုင်မှုများလာမှာ ဖြစ်ပါတယ်။
ပညာသင်ဆုတစ်ခုကို စောစောလျှောက်ပြီးတဲ့ အခါမှာလည်း သင့်မှာ အခြားပညာသင်ဆုတွေ လျှောက်ဖို့ အချိန်တွေရှိနေပါသေးတယ်။
၅။ သင့်ရဲ့ နောက်ခံကို သင်ကောင်းစွာသိနေဖို့ လိုပါတယ်။
တစ်ချို့ပညာသင်ဆုတွေက အမျိုးသမီးများအတွက် သီးသန့်ပေးတာမျိုး သို့မဟုတ် လူမျိုး၊ နိုင်ငံ စသဖြင့် သေချာနာမည်တပ်ပြီး ပေးတာမျိုးတွေ အမြောက်အများ ရှိနေတဲ့အတွက် သင်ဟာ ဘယ်လိုပညာသင်ဆုမျိုးနဲ့ အကိုက်ညီဆုံးလဲ ဆိုတာ သင်ကောင်းစွာ သိနေဖို့ လိုပါတယ်။
Source; momolay