ဂုဏ်သိက္ခာဆိုတာ လူတိုင်းရဲ့ ဘဝထဲ ထည့်ပေးလိုက်တဲ့ အရာတစ်ခု မဟုတ်သလို မွေးကတည်းက ပါလာတဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘွဲ့ထူးတစ်ခုလည်း မဟုတ်ပါဘူး။
အဲဒါဟာ မိမိကိုယ်တိုင် စည်းစနစ်ကျနမှု၊ မိမိရဲ့စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနဲ့ ကျွန်ုပ်တို့ရဲ့ဘဝထဲက ဘယ်လိုအခြေအနေမျိုး မှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် တစ်ခုဟာ မဆုတ်မနစ်သော ရိုးသားမှုတွေ ထားရှိမှုတို့ရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။
ကံဆိုးချင်တော့ ယနေ့ကမ္ဘာကြီးမှာ အကျင့်စရိုက်ကောင်းမွန်မှုဟာ အတော်ကိုရှားပါးတဲ့ ပစ္စည်းဖြစ်နေ တာပါပဲ။ တခါတလေမှာ ကိုယ်တိုင်ချမှတ်ထားတဲ့ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတဲ့အခါမှာ ဂုဏ်သိက္ခာ ရှိဖို့ မေ့သွားတတ်ပါတယ်။
စကားလုံးတွေကို လိုသလိုကြိုးကိုင်အနက်ဖွင့်နေကြတဲ့ ခေတ်အခါမှာ အခြေခံကျတဲ့တန်ဖိုးတွေဖြစ်တဲ့ ဂုဏ်သိက္ခာလိုမျိုး အရာကိစ္စတွေဟာ ညတွင်းချင်းပဲ စိစိညက်ညက်ကြေသွားနိုင်ပါတယ်။
ကျွန်ုပ်တို့မှာ ဂုဏ်သိက္ခာနဲ့ ပက်သက်ပြီး ခေတ်ပြိုင်ပုံစံအနည်းငယ်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုက ခံနိုင်ရည်ရှိတဲ့ လူစွမ်းကောင်းတစ်ချို့နဲ့ အကျင့်သီလဆိုင်ရာ ပုံစံအချို့ကို မွေးထုတ်ပေး ခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အတုခိုးသူများရဲ့ နိုင်ငံဖြစ်လာခဲ့တယ်။ ဒါပေမယ့် အတုခိုးလောက်အောင်တန်တဲ့ ခေါင်းဆောင်က နည်းနည်းပဲရှိပါတယ်။
READ -မင်္ဂလာပါ ဆရာ
ဂုဏ်သိက္ခာရဲ့ အနက်အဓိပ္ပာယ်ဟာ ယိုယွင်းတိုက်စားခဲ့တယ်။ နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်တွေ ကတော့ ဒီစကားလုံးက သူတို့အတွက် ကိုယ့်ကိုယ်ထိန်းချုပ်လွန်းအားကြီးတယ် ဒါမှမဟုတ် အမြင်သိပ် ကျဉ်းတဲ့ စိတ်ကူးအဖြစ် မြင်ယောင်အောင် လုပ်ပစ်လိုက်တယ်လို့ ထင်ပါတယ်။
ဂုဏ်သိက္ခာဆိုတဲ့အရာဟာ ကျွန်တော်တို့ခေတ်ရဲ့ စိတ်ဝိဥာဉ်တွေနဲ့ ဆန့်ကျင်နေတယ်။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေကို လမ်းညွှန်နေတဲ့ဘဝအပေါ် ဆက်စပ်လွှမ်းခြုံနေတဲ့ ဒဿနအမြင်တွေကို ရုပ်ဝတ္ထု ပဓာနသမားတွေ၊ စားသုံးသူတွေရဲ့ စိတ်နေစိတ်ထားတွေက ပတ်ဝိုင်းထားကြတယ်။
“ဂုဏ်သိက္ခာဆိုတာ ကျွန်ုပ်တို့ရဲ့ ဘဝလမ်းကြောင်းကို ခိုင်မြဲစေတဲ့ ကော်ပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဂုဏ်သိက္ခာကို မပျက်မယွင်းအောင် ထိန်းသိမ်းကြရမယ်” လို့ ဘီလ်ဂရေဟမ်က ပြောခဲ့ပါတယ်။
Source; democracy today