×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Tuesday, 10 November 2020

သင့်အိပ်မက်တွေ ကို အသက်သွင်းပေမဲ့ Personal Development Planning ( PDP )

သင့်အိပ်မက်တွေ ကို အသက်သွင်းပေမဲ့ Personal Development Planning ( PDP )
Personal Development Planning ( PDP ) ဆိုတာဘာလဲ???

 

PDP ဆိုတာ သင့်ရဲ့တန်ဖိုး သင့်ရဲ့အရည်အသွေး သင့်ရဲ့ အိပ်မက်ပန်းတိုင် ကို အမြင့်ဆုံးတွန်းတင်ပေးမဲ့ Action Plan တစ်ခု ကို ဖန်တီးခြင်းအနုပညာတစ်ခု ဖြစ်ပါတယ်။ ဒါဆို သင့်အိပ်မက်တွေကို အသက်သွင်းပေးမဲ့ Personal Development Planning ကို ဘယ်လို ရေးဆွဲမလဲ ??

 

( ၁ ) သင့်ရဲ့ ပန်းတိုင်တွေကို ပြုစုပါ။
လူငယ်အများစုမှာ ပန်းတိုင်ဟာ ဘယ်တော့မှ တစ်ခုတည်း ရှိမနေတတ်ပါဘူး။ အနည်းဆုံး နှစ်ခုကနေ စရှိတတ်ပါတယ် အဲ့တာကြောင့် ပထမဆုံးအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့အရာ ကိုယ့်ရဲ့ ပန်းတိုင် တွေကို သတ်သတ်မှတ်မှတ် ပြုစုပါ။

 

( ၂ ) သင့်ရဲ့ ပန်းတိုင် တွေ ကို ကြီးစဉ်ငယ်လိုက် စီပါ။
ဥပမာ သင်က အလုပ်မှာလည်း ရာထူးတိုးချင်တယ်။ ခန္ဓာကိုယ်ကိုလည်း လှပကျစ်လစ်အောင် တည်ဆောက်ချင်တယ်။ ပြင်သစ်ဘာသာစကားလည်းလေ့လာချင်တယ် ဆိုကြပါစို့ ဒါဆို ဒီ Goal ( ၃ ) ခုကို ကြီးစဉ်ငယ်လိုက်စီရပါမယ်။

ပန်းတိုင်တွေကို ဘယ်အရာကတော့ အရေးကြီးဆုံးဖြစ်တယ် ဆိုတာကို ကာယကံရှင်ကပဲ သိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ပုံချင်းမတူကြတာကိုတော့ သတိပြုရမယ်နော်။

 

( ၃ ) အချိန်တစ်ခု သတ်မှတ်ပါ။
အလုပ်တစ်ခုတော့ လုပ်နေပါရဲ့ အချိန်အကန့်အသတ်မရှိ ဆွဲ လုပ်နေရင်တော့ အဲ့ အလုပ်က ဘယ်တော့မှ ပြီးမြောက်အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့ Goal ကို သတ်မှတ်ပြီးတာနဲ့ ဘယ်အချိန်အတွင်းမှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုလည်းလိုပါသေးတယ်။ အဲ့တာကြောင့် ၃ ဆင့်မြောက်အနေနဲ့ အချိန်တစ်ခု သတ်မှတ်ပါ။

 

( ၄ ) သင့်ရဲ့ အစွမ်းအစ ကို သင်သိပါစေ။
လူတစ်ယောက် တိုးတက်ခြင်း ဆိုတာ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်ခြင်း နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲဖို့ ဆိုတာ Self-awareness ( ကိုယ့်ကိုယ်ကို သိရှိခြင်း ) ရှိဖို့ လိုပါတယ် ကိုယ့်ကိုယ်ကို သိမှ ကိုယ့် ရဲ့ လုပ်နိုင်စွမ်း ကိုယ့်ရဲ့ အားသာချက်တွေ ကို သိရှိမှာ ဖြစ်ပါတယ်။

 

( ၅ ) အခွင့်အရေး နဲ့ အနှောင့်အယှက် တွေကို သတိပြုပါ။
သင့်ပန်းတိုင် ကို ရောက်ရှိဖို့အတွက် အခွင့်အရေး တွေ က ဘာတွေလဲ။ ဥပမာ - သင် က အလုပ်မှာ ရာထူးတိုးချင်တယ် ဒါဆို သင့်အနေနဲ့ Personal Branding ကောင်းကောင်းလုပ်တတ်ရမယ် တာဝန်ပိုယူတတ်ရမယ်။
ဒါတွေက သင့်အတွက် အခွင့်အရေး တွေပဲ သင် ကြိုးစားရမဲ့ အခွင့်အရေး တွေပါ။ ဒါဆို အနှောင့်အယှက် တွေကရော။ ဥပမာ - သင်က တာတိုအပြေးသမားကောင်း တစ်ယောက် ဖြစ်ချင်တယ်။ ဒါပေမဲ့ သင်က ဆေးလိပ်သောက်ရတာ နှစ်သက်တယ်။ ဒါဆို ဆေးလိပ်သောက်ခြင်း က သင့် အိပ်မက် အတွက် အနှောင့်အယှက် တစ်ခုပါ။

ဒါကြောင့် Personal Development Plan တစ်ခု ဆွဲတော့မယ် ဆိုရင် Start Doing နဲ့ Stop Doing ဆိုတဲ့ ဇယားလေး က မပါမဖြစ် ဆွဲရပါမယ်။

 

( ၆ ) အတည်လုပ်ပါ။
ဇယားတွေ ဆွဲပြီး ဒီ နှစ်ထဲတော့ တိုက်လေးတစ်လုံး ဝယ်မယ် ကားလေး ဝယ်မယ် ဆိုပြီး ပြောနေလို့ ဘာမှ တကယ် ဖြစ်မလာပါဘူး။ ဇယားဆွဲတယ် ဆိုတာ လမ်းကြောင်းတစ်ခု ကို ထင်သာမြင်သာရှိအောင် ပြုလုပ်လိုက်တာပါ။
လမ်းကို မြင်သွားရုံ သိသွားရုံနဲ့ မပြီးပါဘူး တကယ်လျှောက်ရပါမယ်။ အဲ့တာကြောင့် တကယ် လုပ်ပါ။

 

( ၇ ) တိုးတက်မှုတွေ ကို တိုင်းတာပါ။
တကယ် အဟုတ် ကြိုးစားနေပြီ ဒါပေမဲ့ ကိုယ် ဘယ်လောက် တိုးတက်လာသလဲ ဘာတွေပြောင်းလဲသွားလဲ ဆိုတာကို မသိရင်လည်း Personal Developing ဖြစ်တယ် ပြောလို့မရသေးပါဘူး။ ဒီနှစ်ထဲ မှာ ဘယ် Skills တွေ တိုးတက်လာတယ်၊ ဘယ် Goal က ဖြင့် အောင်မြင်သွားပြီ စသဖြင့် ကိုယ့်ကိုယ် ကို သိနေမှ Personal Developing ဖြစ်တာပါ။

 

သင်က သင့်ရဲ့ အိပ်မက်ပန်းတိုင် တွေ ဆီ အရောက်သွားမယ် လို့ ဆုံးဖြတ်ထားတယ် ဆိုရင် အခုပဲ သင့် Personal Developing Skill ကို မြှင့်တင်လိုက်ပါ။ "Don’t watch mouth, watch the hands. "

 

 

 

သင့္အိပ္မက္ေတြ ကို အသက္သြင္းေပမဲ့ Personal Development Planning ( PDP )
Personal Development Planning ( PDP ) ဆိုတာဘာလဲ???

PDP ဆိုတာ သင့္ရဲ႕တန္ဖိုး သင့္ရဲ႕အရည္အေသြး သင့္ရဲ႕ အိပ္မက္ပန္းတိုင္ ကို အျမင့္ဆုံးတြန္းတင္ေပးမဲ့ Action Plan တစ္ခု ကို ဖန္တီးျခင္းအႏုပညာတစ္ခု ျဖစ္ပါတယ္။ ဒါဆို သင့္အိပ္မက္ေတြကို အသက္သြင္းေပးမဲ့ Personal Development Planning ကို ဘယ္လို ေရးဆြဲမလဲ ??

 

( ၁ ) သင့္ရဲ႕ ပန္းတိုင္ေတြကို ျပဳစုပါ။
လူငယ္အမ်ားစုမွာ ပန္းတိုင္ဟာ ဘယ္ေတာ့မွ တစ္ခုတည္း ရွိမေနတတ္ပါဘူး။ အနည္းဆုံး ႏွစ္ခုကေန စရွိတတ္ပါတယ္ အဲ့တာေၾကာင့္ ပထမဆုံးအေနနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့အရာ ကိုယ့္ရဲ႕ ပန္းတိုင္ ေတြကို သတ္သတ္မွတ္မွတ္ ျပဳစုပါ။

 

( ၂ ) သင့္ရဲ႕ ပန္းတိုင္ ေတြ ကို ႀကီးစဥ္ငယ္လိုက္ စီပါ။
ဥပမာ သင္က အလုပ္မွာလည္း ရာထူးတိုးခ်င္တယ္။ ခႏၶာကိုယ္ကိုလည္း လွပက်စ္လစ္ေအာင္ တည္ေဆာက္ခ်င္တယ္။ ျပင္သစ္ဘာသာစကားလည္းေလ့လာခ်င္တယ္ ဆိုၾကပါစို႔ ဒါဆို ဒီ Goal ( ၃ ) ခုကို ႀကီးစဥ္ငယ္လိုက္စီရပါမယ္။


ပန္းတိုင္ေတြကို ဘယ္အရာကေတာ့ အေရးႀကီးဆုံးျဖစ္တယ္ ဆိုတာကို ကာယကံရွင္ကပဲ သိတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သတ္မွတ္ပုံခ်င္းမတူၾကတာကိုေတာ့ သတိျပဳရမယ္ေနာ္။

 

( ၃ ) အခ်ိန္တစ္ခု သတ္မွတ္ပါ။
အလုပ္တစ္ခုေတာ့ လုပ္ေနပါရဲ႕ အခ်ိန္အကန႔္အသတ္မရွိ ဆြဲ လုပ္ေနရင္ေတာ့ အဲ့ အလုပ္က ဘယ္ေတာ့မွ ၿပီးေျမာက္ေအာင္ျမင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ရဲ႕ Goal ကို သတ္မွတ္ၿပီးတာနဲ႔ ဘယ္အခ်ိန္အတြင္းမွာ ျဖစ္ေအာင္လုပ္မယ္ဆိုတဲ့ ျပင္းျပတဲ့ ဆႏၵတစ္ခုလည္းလိုပါေသးတယ္။ အဲ့တာေၾကာင့္ ၃ ဆင့္ေျမာက္အေနနဲ႔ အခ်ိန္တစ္ခု သတ္မွတ္ပါ။

 

( ၄ ) သင့္ရဲ႕ အစြမ္းအစ ကို သင္သိပါေစ။
လူတစ္ေယာက္ တိုးတက္ျခင္း ဆိုတာ ကိုယ့္ကိုယ္ကို စီမံခန႔္ခြဲႏိုင္ျခင္း နဲ႔ တိုက္႐ိုက္ သက္ဆိုင္ေနပါတယ္ ကိုယ့္ကိုယ္ကို စီမံခန႔္ခြဲဖို႔ ဆိုတာ Self-awareness ( ကိုယ့္ကိုယ္ကို သိရွိျခင္း ) ရွိဖို႔ လိုပါတယ္ ကိုယ့္ကိုယ္ကို သိမွ ကိုယ့္ ရဲ႕ လုပ္ႏိုင္စြမ္း ကိုယ့္ရဲ႕ အားသာခ်က္ေတြ ကို သိရွိမွာ ျဖစ္ပါတယ္။

 

( ၅ ) အခြင့္အေရး နဲ႔ အေႏွာင့္အယွက္ ေတြကို သတိျပဳပါ။
သင့္ပန္းတိုင္ ကို ေရာက္ရွိဖို႔အတြက္ အခြင့္အေရး ေတြ က ဘာေတြလဲ။ ဥပမာ - သင္ က အလုပ္မွာ ရာထူးတိုးခ်င္တယ္ ဒါဆို သင့္အေနနဲ႔ Personal Branding ေကာင္းေကာင္းလုပ္တတ္ရမယ္ တာဝန္ပိုယူတတ္ရမယ္။
ဒါေတြက သင့္အတြက္ အခြင့္အေရး ေတြပဲ သင္ ႀကိဳးစားရမဲ့ အခြင့္အေရး ေတြပါ။ ဒါဆို အေႏွာင့္အယွက္ ေတြကေရာ။ ဥပမာ - သင္က တာတိုအေျပးသမားေကာင္း တစ္ေယာက္ ျဖစ္ခ်င္တယ္။ ဒါေပမဲ့ သင္က ေဆးလိပ္ေသာက္ရတာ ႏွစ္သက္တယ္။ ဒါဆို ေဆးလိပ္ေသာက္ျခင္း က သင့္ အိပ္မက္ အတြက္ အေႏွာင့္အယွက္ တစ္ခုပါ။

ဒါေၾကာင့္ Personal Development Plan တစ္ခု ဆြဲေတာ့မယ္ ဆိုရင္ Start Doing နဲ႔ Stop Doing ဆိုတဲ့ ဇယားေလး က မပါမျဖစ္ ဆြဲရပါမယ္။

 

( ၆ ) အတည္လုပ္ပါ။
ဇယားေတြ ဆြဲၿပီး ဒီ ႏွစ္ထဲေတာ့ တိုက္ေလးတစ္လုံး ဝယ္မယ္ ကားေလး ဝယ္မယ္ ဆိုၿပီး ေျပာေနလို႔ ဘာမွ တကယ္ ျဖစ္မလာပါဘူး။ ဇယားဆြဲတယ္ ဆိုတာ လမ္းေၾကာင္းတစ္ခု ကို ထင္သာျမင္သာရွိေအာင္ ျပဳလုပ္လိုက္တာပါ။
လမ္းကို ျမင္သြား႐ုံ သိသြား႐ုံနဲ႔ မၿပီးပါဘူး တကယ္ေလွ်ာက္ရပါမယ္။ အဲ့တာေၾကာင့္ တကယ္ လုပ္ပါ။

 

( ၇ ) တိုးတက္မႈေတြ ကို တိုင္းတာပါ။
တကယ္ အဟုတ္ ႀကိဳးစားေနၿပီ ဒါေပမဲ့ ကိုယ္ ဘယ္ေလာက္ တိုးတက္လာသလဲ ဘာေတြေျပာင္းလဲသြားလဲ ဆိုတာကို မသိရင္လည္း Personal Developing ျဖစ္တယ္ ေျပာလို႔မရေသးပါဘူး။ ဒီႏွစ္ထဲ မွာ ဘယ္ Skills ေတြ တိုးတက္လာတယ္၊ ဘယ္ Goal က ျဖင့္ ေအာင္ျမင္သြားၿပီ စသျဖင့္ ကိုယ့္ကိုယ္ ကို သိေနမွ Personal Developing ျဖစ္တာပါ။

 

သင္က သင့္ရဲ႕ အိပ္မက္ပန္းတိုင္ ေတြ ဆီ အေရာက္သြားမယ္ လို႔ ဆုံးျဖတ္ထားတယ္ ဆိုရင္ အခုပဲ သင့္ Personal Developing Skill ကို ျမႇင့္တင္လိုက္ပါ။ "Don’t watch mouth, watch the hands. "

Read times
Rate this articles
(0 votes)