၁။ အခ်ိန္မဆြဲပါႏွင့္။
ေတာ္ေတာ္မ်ားမ်ား မွားယြင္းယူဆ ေနၾကတာက Professional experience ကို ေက်ာင္းျပီးမွ ယူရမယ္ ဆိုတဲ့ အခ်က္ပါပဲ။ တကယ္တမ္းေတာ့ ေက်ာင္းသား ဘ၀မွာကတည္းက အေတြ႔အၾကံဳရမယ့္ အလုပ္ေတြကို ရွာေဖြ လုပ္ၾကည့္သင့္ပါတယ္။ part time ျဖစ္ျဖစ္၊ ေက်ာင္းပိတ္ရက္ေတြမွာ ျဖစ္ျဖစ္ေပါ့။
၂။ က်ယ္ျပန္႕တဲ့ ဗဟုသုတ ရိွပါေစ။
ေက်ာင္းသားေတြဟာ တကၠသိုလ္ေတြကေန skill အမ်ားအျပား တတ္ေျမာက္ေလ့ ရိွၾကပါတယ္။ တခ်ိဳ႔ skill ေတြက ကိုယ့္ career နဲ႔ သက္ဆုိင္မႈ ရိွေပမယ့္ တခ်ိဳ႕ကေတာ့ သက္ဆိုင္မႈ သိပ္မရိွပါဘူး။ တခ်ိန္ခ်ိန္ေတာ့ အသံုး၀င္လာ ႏုိင္ပါရဲ့။ ဒါေပမယ့္ အဓိက က အဲ့ skill ေတြ knowledge ေတြကို ပိုမို က်ယ္ျပန္႔လာေအာင္ လုပ္ဖို႔ပါ။ ကုမၸဏီေတြက ဗဟုသုတက်ယ္ျပန္႔ျပီး skill (generalized) မ်ားမ်ား ရိွသူေတြကို ရွာေဖြေန ပါတယ္။ ဆိုေတာ့ ကိုယ့္မွာ ရိွေနတဲ့ skill ကို တုိးတက္သထက္ တိုးတက္ေအာင္ လုပ္ဖို႔ သင္တန္းေတြ ရွာတက္ပါ။ စာေတြ ထပ္ဖတ္ပါ။ မွတ္ခ်က္အေနနဲ႔ ေက်ာင္းသားေတြဟာ typing ကို အမွားနည္းနည္းနဲ႔ ျမန္ေအာင္ မရိုက္ႏုိင္ၾက ပါဘူး။ အဲ့တာေလးလည္း ျပင္ဆင္ထားသင့္ပါတယ္။
၃။ ေခတ္ႏွင့္ အညီ ေနထိုင္ပါ။
Entry level မွာ တိုးရတာ အရမ္းခက္ပါတယ္။ ျပင္ဆင္မႈ မရိွရင္ေပါ့ေလ။ လက္ရိွ အသံုးျပဳေနၾကတဲ့ နည္းပညာေတြနဲ႔ ကိုယ္၀င္မယ့္ လုပ္ငန္းခြင္ရဲ့ trend ေတြကို လိုက္မွီ သိရိွေအာင္ လုပ္ထားမယ္ ဆိုရင္ေတာ့ သူမ်ားတကာထက္ တပန္းသာ ေစမွာပါ။ ေက်ာင္းသား အေတာ္မ်ားမ်ား ေခတ္ေပၚနည္းပညာ အသံုးျပဳမႈ အပိုင္းမွာ အားသာၾကေပမယ့္ လုပ္ငန္းခြင္ trend ပိုင္းမွာေတာ့ ဘာမွ သိပ္မသိ ၾကပါဘူး။ blog ေတြ၊ စာအုပ္ေတြ ၾကိဳဖတ္ထားသင့္ပါ့ျပီ။ ေက်ာင္းက စာၾကည့္တိုက္မွာလည္း ငွါးလို႔ ရႏိုင္မယ္ ထင္ပါတယ္။
Recommended for you - ေသြးလွဴလို႔ရတဲ့ ေဒၚလာ ၃၀ နဲ႕ ဘဝကို ခက္ခက္ခဲခဲ ေလွ်ာက္လွမ္းလာခဲ့ရတဲ့ သန္းၾကြယ္သူေဌး တစ္ေယာက္အေၾကာင္း
၄။ သခ်ၤာနဲ႔ သိပၸံ ဘာသာရပ္ေတြကို ဂရုစိုက္ပါ။
STEM လို႔ ေခၚၾကတဲ့ Science, Technology, Engineering and Math နဲ႔ ပတ္သက္တဲ့ အလုပ္အကိုင္ ေတြဟာ လတ္တေလာ နာမည္အၾကီးဆံုး ျဖစ္ေနပါတယ္။ နည္းပညာက အရမ္းတိုးတက္လာသလို ဘယ္ေနရာမွာ မဆို တြက္ခ်က္ရတာေတြ၊ data analysis လုပ္ရတာေတြေၾကာင့္ သခ်ၤာကလည္း အရမ္းအေရး ပါေနဆဲပါ။ သိပၸံနဲ႔ အင္ဂ်င္နီယာ အျခခံ အယူအဆေတြကိုလည္း သိေအာင္ ေလ့လာ ထားသင့္ပါတယ္။
၅။ Internship ေတြကို မ်က္ကြယ္မျပဳလိုက္ပါႏွင့္။
Internship ဆိုတာ တကၠသိုလ္ေက်ာင္းသားဘ၀ရဲ့ အသက္ေသြးေၾကာ တမွ်ပါပဲ။ ဒါေပမယ့္ ကိုယ္လုပ္မယ့္ အလုပ္ကို အေထာက္အကူ ျဖစ္မယ့္ internship ကို ေသခ်ာေရြးဖို႔ေတာ့ လိုပါလိမ့္မယ္။ ျပည္တြင္း ကုမၸဏီေတြနဲ႔ လုပ္ငန္းအေသးေလးေတြရဲ့ internship ေတြကို ပိုအာရံုစိုက္ပါ။ သူတို႔က လက္ေတြ႔ေလာကနဲ႔ ပိုနီးစပ္ပါတယ္။
၆။ စတင္ဖို႔ ေနာက္က်တယ္ဆိုတာ မရိွ။
ခုလို ၾကိဳတင္ျပင္ဆင္ဖို႔ေတြ ေျပာလိုက္ေတာ့ အရမ္းၾကီးလည္း စိတ္ပူမသြားပါနဲ႔ဦး။ အခ်ိန္ရိွပါေသးတယ္။ အရင္ဆံုး CV တေစာင္ ျပင္လိုက္ပါ။ အလုပ္မွာ ျပန္သံုးႏိုင္မယ့္ skill ေတြ၊ အေတြ႔အၾကံဳေတြကို ရွာေဖြျပီး CV ကို မြမ္းမံပါ။ (leadership, communication, team building, etc).
ဘာသာစကားအသစ္တစ္ခုကို သင္ယူေလ့လာရတာကို နွစ္သက္သူတစ္ေယာက္လား။ ဒါဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ sayar.com.mm တြင္ ရွိေသာ ဆရာ ဆရာမမ်ားနွင့္ ဆက္သြယ္သင္ၾကားလိုက္ပါ။
သင္ကုိယ္တိုင္က ဆရာတစ္ေယာက္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔နဲ႕ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။
Source: yangondirectory
[Unicode Version]
၁။ အချိန်မဆွဲပါနှင့်။
တော်တော်များများ မှားယွင်းယူဆ နေကြတာက Professional experience ကို ကျောင်းပြီးမှ ယူရမယ် ဆိုတဲ့ အချက်ပါပဲ။ တကယ်တမ်းတော့ ကျောင်းသား ဘဝမှာကတည်းက အတွေ့အကြုံရမယ့် အလုပ်တွေကို ရှာဖွေ လုပ်ကြည့်သင့်ပါတယ်။ part time ဖြစ်ဖြစ်၊ ကျောင်းပိတ်ရက်တွေမှာ ဖြစ်ဖြစ်ပေါ့။
၂။ ကျယ်ပြန့်တဲ့ ဗဟုသုတ ရှိပါစေ။
ကျောင်းသားတွေဟာ တက္ကသိုလ်တွေကနေ skill အများအပြား တတ်မြောက်လေ့ ရှိကြပါတယ်။ တချို့ skill တွေက ကိုယ့် career နဲ့ သက်ဆိုင်မှု ရှိပေမယ့် တချို့ကတော့ သက်ဆိုင်မှု သိပ်မရှိပါဘူး။ တချိန်ချိန်တော့ အသုံးဝင်လာ နိုင်ပါရဲ့။ ဒါပေမယ့် အဓိက က အဲ့ skill တွေ knowledge တွေကို ပိုမို ကျယ်ပြန့်လာအောင် လုပ်ဖို့ပါ။ ကုမ္ပဏီတွေက ဗဟုသုတကျယ်ပြန့်ပြီး skill (generalized) များများ ရှိသူတွေကို ရှာဖွေနေ ပါတယ်။ ဆိုတော့ ကိုယ့်မှာ ရှိနေတဲ့ skill ကို တိုးတက်သထက် တိုးတက်အောင် လုပ်ဖို့ သင်တန်းတွေ ရှာတက်ပါ။ စာတွေ ထပ်ဖတ်ပါ။ မှတ်ချက်အနေနဲ့ ကျောင်းသားတွေဟာ typing ကို အမှားနည်းနည်းနဲ့ မြန်အောင် မရိုက်နိုင်ကြ ပါဘူး။ အဲ့တာလေးလည်း ပြင်ဆင်ထားသင့်ပါတယ်။
၃။ ခေတ်နှင့် အညီ နေထိုင်ပါ။
Entry level မှာ တိုးရတာ အရမ်းခက်ပါတယ်။ ပြင်ဆင်မှု မရှိရင်ပေါ့လေ။ လက်ရှိ အသုံးပြုနေကြတဲ့ နည်းပညာတွေနဲ့ ကိုယ်ဝင်မယ့် လုပ်ငန်းခွင်ရဲ့ trend တွေကို လိုက်မှီ သိရှိအောင် လုပ်ထားမယ် ဆိုရင်တော့ သူများတကာထက် တပန်းသာ စေမှာပါ။ ကျောင်းသား အတော်များများ ခေတ်ပေါ်နည်းပညာ အသုံးပြုမှု အပိုင်းမှာ အားသာကြပေမယ့် လုပ်ငန်းခွင် trend ပိုင်းမှာတော့ ဘာမှ သိပ်မသိ ကြပါဘူး။ blog တွေ၊ စာအုပ်တွေ ကြိုဖတ်ထားသင့်ပါ့ပြီ။ ကျောင်းက စာကြည့်တိုက်မှာလည်း ငှါးလို့ ရနိုင်မယ် ထင်ပါတယ်။
Recommended for you - သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေး တစ်ယောက်အကြောင်း
၄။ သချင်္ာနဲ့ သိပ္ပံ ဘာသာရပ်တွေကို ဂရုစိုက်ပါ။
STEM လို့ ခေါ်ကြတဲ့ Science, Technology, Engineering and Math နဲ့ ပတ်သက်တဲ့ အလုပ်အကိုင် တွေဟာ လတ်တလော နာမည်အကြီးဆုံး ဖြစ်နေပါတယ်။ နည်းပညာက အရမ်းတိုးတက်လာသလို ဘယ်နေရာမှာ မဆို တွက်ချက်ရတာတွေ၊ data analysis လုပ်ရတာတွေကြောင့် သချင်္ာကလည်း အရမ်းအရေး ပါနေဆဲပါ။ သိပ္ပံနဲ့ အင်ဂျင်နီယာ အခြခံ အယူအဆတွေကိုလည်း သိအောင် လေ့လာ ထားသင့်ပါတယ်။
၅။ Internship တွေကို မျက်ကွယ်မပြုလိုက်ပါနှင့်။
Internship ဆိုတာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အသက်သွေးကြော တမျှပါပဲ။ ဒါပေမယ့် ကိုယ်လုပ်မယ့် အလုပ်ကို အထောက်အကူ ဖြစ်မယ့် internship ကို သေချာရွေးဖို့တော့ လိုပါလိမ့်မယ်။ ပြည်တွင်း ကုမ္ပဏီတွေနဲ့ လုပ်ငန်းအသေးလေးတွေရဲ့ internship တွေကို ပိုအာရုံစိုက်ပါ။ သူတို့က လက်တွေ့လောကနဲ့ ပိုနီးစပ်ပါတယ်။
၆။ စတင်ဖို့ နောက်ကျတယ်ဆိုတာ မရှိ။
ခုလို ကြိုတင်ပြင်ဆင်ဖို့တွေ ပြောလိုက်တော့ အရမ်းကြီးလည်း စိတ်ပူမသွားပါနဲ့ဦး။ အချိန်ရှိပါသေးတယ်။ အရင်ဆုံး CV တစောင် ပြင်လိုက်ပါ။ အလုပ်မှာ ပြန်သုံးနိုင်မယ့် skill တွေ၊ အတွေ့အကြံုတွေကို ရှာဖွေပြီး CV ကို မွမ်းမံပါ။ (leadership, communication, team building, etc).
ဘာသာစကားအသစ်တစ်ခုကို သင်ယူလေ့လာရတာကို နှစ်သက်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ကျွန်တော်တို့ sayar.com.mm တွင် ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်သင်ကြားလိုက်ပါ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Source: yangondirectory