×

Warning

JUser: :_load: Unable to load user with ID: 723


Success

Thursday, 12 April 2018

လူငယ်များသိသင့်သည့် ဘဝအောင်မြင်ရေးနည်းလမ်းများ

လူငယ်များသိသင့်သည့် ဘဝအောင်မြင်ရေးနည်းလမ်းများ google.com

1. team တခုတည်ဆောက်ပါ

စီးပွားရေးလောကမှာ ဘယ်သူမှ တဦးတည်း မအောင်မြင်ပါဘူး။ ဒါ့ကြောင့် မိမိလုပ်ငန်း အောင်မြင်ဖို့ဆိုရင် အောင်မြင်မှုကို ငတ်မွတ်နေတဲ့ team တခုရှိဖို့ လိုအပ်ပါတယ်။

2. မိမိရည်မှန်းချက်တွေကို တိတိကျကျသိပါ

ရည်မှန်းချက်တိတိကျကျမရှိဘဲနဲ့တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ မိမိဘာလုပ်နေသလဲ? ဘယ်ကိုဦးတည်သွားနေသလဲ? ဆိုတာကို တိတိကျကျသိပါစေ။

3. အမှားတွေဆီကနေ သင်ယူပါ

စီးပွားရေးလုပ်တဲ့အခါ အမှားတွေက အကောင်းဆုံး ဆရာဖြစ်ပါတယ်။ အမှားတွေဆီကနေ သင်ယူလေလေ အောင်မြင်မှုရရှိဖို့ နီးစပ်လာလေလေပါဘဲ။

4. မိမိရဲ့ customer ကိုသိပါ

မိမိရဲ့customer ကိုသိခြင်းဟာ အောင်မြင်မှုရဖို့ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ မိမိရဲ့ customer ကိုသိရင် ပြိုင်ဖက်တွေထက် နှာတဖျားသာတာပါဘဲ။

Recommended for you - အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်

5. ဝေဖန်ချက်တွေကနေ သင်ယူပါ

မိမိလုပ်ငန်းကိုဝေဖန်လာတဲ့အခါ ပြန်လည်ဆန်းစစ်ပါ။ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေကို မျက်ကွယ်မပြုပါနဲ့။ ဂရုတစိုက်နားထောင်ပြီး ပြုပြင်သင့်တာကို ပြုပြင်၊ ပြောင်းလဲသင့်တာကို ပြောင်းလဲပါ။

6. customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိပါ

Customer တွေဘာလိုချင်တယ်၊ ဘာလိုအပ်သလဲ? ဆိုတာကို မိမိဘာသာ တွေးတောဆုံးဖြတ်တာတွေမလုပ်ပါနဲ့။ သင်ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ သူတို့ကို တိုက်ရိုက်မေးပြီး သူတို့ပြောသမျှ၊ အကြုံပြုသမျှကို ဂရုတစိုက်နားထောင်ပါ။

7. ငွေကို ပါးပါးနပ်နပ်သုံးစွဲပါ

စီးပွားရေးမှာ ရင်းနှီးမြှပ်နှံတော့မယ်ဆိုရင် ငွေကို ပါးပါးနပ်နပ် သုံးစွဲတတ်ဖို့ အထူးလိုအပ်ပါတယ်။ မလိုအပ်တာတွေ၊ အသုံးမဝင်တာတွေအတွက် ငွေသုံးစွဲနေမယ်ဆိုရင် လုပ်ငန်းလည်ပတ်ဖို့ ငွေရှိမှာ မဟုတ်ပါဘူး။

8. မိမိဈေးကွက်၊ အလုပ်ကို ကောင်းစွာ နားလည်ထားပါ

မိမိနားမလည်တဲ့ အလုပ်ကို မလုပ်ပါနဲ့။ အမြတ်ဘယ်လောက်ရနိုင်တယ်ဘဲပြောပြော မိမိနားမလည်ရင် မလုပ်တာ အကောင်းဆူံးပါ။ မိမိလုပ်ငန်းကို ကောင်းစွာနားလည်မှ အောင်မြင်မှုကို ရရှိတာ ဖြစ်ပါတယ်။

Credit: Top Ten

Recommended for you - Jack Ma အင်္ဂလိပ်စာကို ဘယ်လိုလေ့လာခဲ့သလဲ

Read times Last modified on Wednesday, 08 January 2020 11:28
Rate this articles
(1 Vote)