ကျွန်တော်သာ လူငယ်တွေကိုလေ့ကျင့်သင်ကြားပေးရမယ်ဆိုရင်
လူငယ်တွေကို အရည်အချင်းနှစ်ရပ်နဲ့ပဲပြည့်စုံအောင် သင်ကြားပေးပါ့မယ်။
အဲဒါတွေက
(၁) သတ္တိကောင်းအောင်
(၂) ကိုယ်ပိုင်ဥာဏ် သုံးတတ်အောင်
(၁) အနေနဲ့ သတ္တိကောင်းအောင်ဆိုတာက လက်သီးချင်း ထိုးဝံ့အောင်၊ ရိုက်ဝံ့နှက်ဝံ့အောင်၊ သတ်ရဲသေရဲ အောင်ဆိုတဲ့ ကာယဆိုင်ရာသတ္တိမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
မမှန်တာကို မလုပ်ဘူး၊ မတော်လောဘမရှိစေရဘူး၊ စည်းစိမ်ချမ်းသာကို မတ်မောပြီး မတော်တာကို မလုပ်ဘူး၊ လျှာပေါ်မှာ မြက်ပင်ပေါက်ချင် ပေါက်ပါစေတော့ မဟုတ် မတရားတဲ့နည်းနဲ့ ထမင်းရှာမစားဘူး ဆိုတဲ့ စာရိတ္တသတ္တိမျိုးကိုဆိုလိုတာပါ။
(၂) အနေနဲ့ ကိုယ်ပိုင်ဥာဏ်သုံးတက်အောင် လေ့ကျင့်ပေးမယ်ဆိုတာက ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန် ကိုချင့်ချိန်တက်အောင် လေ့ကျင့်ပေးလိုက်ခြင်းပါပဲ။ ကိုယ်ပိုင်ဥာဏ်သုံးတဲ့ အလေ့မဖွံ့ဖြိုးရင် လူငယ်တွေမှာ အန္တရာယ်ကြီးတတ်ပါတယ်။
မွေးရာပါဦးနှောက်ချို့ယွင်းမှုမရှိရင် လူတွေဟာ ဘယ်သူ့ထက် ဘယ်သူကမှ ပိုပြီးဥာဏ်မကောင်းကြပါဘူး။ သတ္တိကောင်းတဲ့သူ၊သတ္တိပျိုးထောင်ရကောင်းမှန်းသိတဲ့သူ၊ ကြာရှည်ခံအောင်လေ့ကျင့်နိုင်တဲ့သူဟာ
စာမေးပွဲလို အသေးအဖွဲကိစ္စမျိုးမှာသာမဟုတ် အရာရာမှာ အောင်မြင်နိုင်ကြတာပါပဲ ။
Recommended for you - သူများတွေရဲ့ဘဝထဲမှာ ရှင်သန်ဖို့ မကြိုးစားပါနဲ့
လက်ဝှေ့ကြိုးဝိုင်း သတ္တိမျိုးဆိုတာက လက်ဝှေ့ထိုးနိုင်ချိန်လောက်မှာပဲ လိုအပ်တာ။ လက်ဝှေ့ထိုးနိုင်သေးတဲ့ အချိန်လောက်ထိသာ လိုအပ်တာ။ “ဦးနှောက်စိန်ခေါ်မှု” ကိုလက်ခံဝံ့တဲ့သတ္တိဆိုတာကသေသည် အထိ
သုံးစွဲကြရမှာ။
အမှန်တရားအတွက် ဥစ္စာစည်းစိမ်အခြွေအရံ စွန့်လွှတ်ဖို့အတွက်သာ သတ္တိလိုအပ်တာ မဟုတ်ဘူး။ ယုံကြည်ချက်တစ်ခု(မှားတယ်လို့ထင်လာရင်) စွန့်လွှတ်ဖို့တောင်မှ သတ္တိလိုအပ်တယ်။
“သတ္တိရှိတဲ့လူဆိုး” ရယ်လို့ရှိနိုင်တယ်။ ဒါပေမဲ့ “သတ္တိမရှိတဲ့လူကောင်း” ရယ်လို့ဘယ်တော့မှမရှိနိုင်ဘူး။
မကောင်းဘဲ ရဲနိုင်တယ်၊ မရဲဘဲ မကောင်းနိုင်ဘူး ၊ဒါကြောင့် မင်းတို့လဲ ကောင်းချင်ရင် ရဲကြ။
လောကကြီးတစ်ခုလုံးကို သတ္တိနဲ့ဖန်တီးထားတာ။
သတ္တိရှိတဲ့လူတွေက ဖန်တီးထားတာ။
သတ္တိဆိုတာ အရည်အချင်းတစ်ခုမဟုတ်ဘူး။
အရည်အချင်းတကာတို့ရဲ့  ဇာစ်မြစ်။
သတ္တိမရှိတဲ့သူဟာ ဘာမှမလုပ်ဝံ့ဘူး။ ဘာမှမလုပ်ဝံ့ရင် ဘာမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့်သတ္တိဆိုတာဟာ အရာရာတိုင်းရဲ့ အကြောင်းခံကြီးဖြစ်တယ်ဆိုတာကို သေချာသဘောပေါက်ထားသင့်ကြပါတယ်။
သတ္တိနဲ့ပတ်သက်ပြီး စပိန်လူမျိုးစာရေးဆရာကြီး “ဆာဗင်တီး” ပြောဖူးတာကို သတိရလိုက်မိပြန်တယ်။ သူပြောတာက . . .
စည်းစိမ်၊ ဥစ္စာ ဆုံးရှုံးလျှင် များစွာဆုံးရှုံး၏။
ခင်ပွန်းကောင်းတစ်ယောက် ဆုံးရှုံးလျှင် ပို၍ဆုံးရှုံး၏။
သတ္တိဆုံးရှုံးလျှင်ကား အားလုံးကုန်ပါလေပြီ တဲ့။
မိန်းကလေးတွေကို “အားနွဲ့သူ” လို့ အောက်မေ့တက်ကြတယ်။ ခွန်အားသာ နွဲ့ချင်နွဲ့မယ် သတ္တိတော့မနွဲ့ ကြတာ အမှန်ပဲ ။ ရှေးခေတ်ကဆိုရင် “ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ” တဲ့။ မျိုးဆက်သစ်အသက်ကလေး တစ်ချောင်းကို မျိုးဆက်ဟောင်းမိခင်က အသက်စွန့်ပြီး မွေးလိုက်ရတာလို့ဆိုသင့်တယ်။ မိခင်တစ်ယောက်ရဲ့ တခြားကျေးဇူးတွေကို ဘေးဖယ်ထားလိုက်ဦး ။ ကလေးမွေးဝံ့တဲ့ “သူရသတ္တိရှ´´ တစ်ဦးအဖြစ်လောက်နဲ့ ကိုပဲ ဘယ်လောက် အံ့သြကြည်ညိုစရာ ကောင်းနေပြီလဲ။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
ဆရာအောင်သင်း
Recommended for you - နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ ???