×

Warning

JUser: :_load: Unable to load user with ID: 723


Success

Monday, 15 January 2018

အက်ဥ္းစံ ေထာင္သား ဘဝကေန စြန္႔ဦးတီထြင္သူျဖစ္လာခဲ့ရတဲ့ အဓိကအေၾကာင္းရင္း ခုနစ္ခ်က္

အက်ဥ္းစံ ေထာင္သား ဘဝကေန စြန္႔ဦးတီထြင္သူျဖစ္လာခဲ့ရတဲ့ အဓိကအေၾကာင္းရင္း ခုနစ္ခ်က္ google.com

အက်ဥ္းေထာင္ထဲက ကြ်န္ေတာ့္ကို ဒူေပနာေပခံႏိုင္ေအာင္ ေလ့က်င့္ေပးလိုက္သလို ရည္မွန္းခ်က္ကို ဘယ္ေတာ့မွ မစြန္႔လႊတ္တာက အေရးႀကီးတဲ့အခ်က္ တစ္ခ်က္ဆို တာကိုလည္း သင္ၾကားေပး လိုက္ပါ တယ္။အသက္ ၂၇ ႏွစ္အရြယ္ ဘဝမွာ ယူက်ံဳးမရျဖစ္ရဆံုးေသာ ျဖစ္ရပ္တစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ မူးယစ္ေဆးနဲ႔ ပတ္သက္ေနတဲ့ ရာဇဝတ္မႈတစ္ခုနဲ႔ 

ေထာင္ဒဏ္ ၁၆ ႏွစ္ က်ခံရဖို႔ ျဖစ္လာခဲ့ပါတယ္။ ထိုစဥ္က အနာဂတ္ဆိုတာ မေရမရာ မႈန္ဝါးဝါးျဖစ္ခဲ့ရပါတယ္။

ဒါေပမယ့္ျပစ္ဒဏ္က်ခံေနရစဥ္ကာလအတြင္း ကိုယ့္ကိုယ္ကို ျပဳျပင္ ေျပာင္းလဲဖို႔ ဆံုးျဖတ္ခ်က္ ခ်လိုက္ ပါတယ္။ ရာဇဝတ္ေၾကြးဆပ္ေနရစဥ္အတြင္း The Last Mile coding program ရဲ႕ ကြန္ပ်ဴတာပ႐ိုဂရမ္ ေရးဆဲြသူတစ္ဦး ျဖစ္လာေအာင္ ႀကိဳးပမ္းမယ္လို႔ ကိုယ့္ကိုယ္ကို ကတိျပဳလိုက္ပါတယ္။

အဆိုပါအေတြ႕အၾကံဳေတြကေနတစ္ဆင့္ ႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္ေအာင္ လုပ္ေဆာင္မႈေတြကေနတစ္ဆင့္ မူးယစ္ေဆး စဲြမႈကေန ႐ုန္းထြက္ရွင္သန္ႏိုင္ေစမယ့္ ဘဝရွင္သန္ ရပ္တည္ေရးလမ္းညႊန္ အြန္လိုင္းပလက္ ေဖာင္းတစ္ရပ္ျဖစ္တဲ့ Fitness Monkey ကို စြန္႔ဦးတီထြင္ေဆာင္ရြက္ဖို႔ စိတ္ကူးရရွိခဲ့တာပါ။ The Last Mile မွာ သင္ယူခဲ့တဲ့အဆိုပါ အတတ္ပညာေတြကို အသံုးခ်ၿပီး MVP (minimum viable product)ကို တည္ ေထာင္ခဲ့ပါတယ္။ ကြ်န္ေတာ့္စိတ္ကူးအၾကံဉာဏ္ေတြကို San Quentin ျပည္နယ္အက်ဥ္းေထာင္ကိုလာ ေရာက္တဲ့ Silicon Valley က ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြဆီကို အေရာက္ပို႔ေဆာင္ ႏိုင္ခြင့္ရခဲ့ပါတယ္။

Recommended for you - ထိပ္ဆံုးေရာက္ခ်င္တာလား ထိပ္ဆံုးနဲ႕တန္တဲ့ ေပးဆပ္မွဳမ်ိဳး ေပးဆပ္ျပီးသြားျပီလား

ေအာင္ျမင္ရမယ္ဆိုတဲ့ ျပင္းျပတဲ့ဆႏၵ နဲ႔ အိပ္မက္ကို အေကာင္အထည္ေဖာ္မယ္ဆိုတဲ့ အစီအစဥ္နဲ႔အတူ အခုႏွစ္ အေစာပိုင္းမွာ ျပစ္ဒဏ္ကာလမေစ့ခင္ စည္းကမ္း လိုက္နာတဲ့ အက်ဥ္းသားေတြကို ခံဝန္ခ်ဳပ္နဲ႔ လႊတ္ေပးတဲ့ ဘုတ္အဖဲြ႕က ကြ်န္ေတာ့္ကို ခံဝန္ခ်ဳပ္နဲ႔ လႊတ္ေပးဖို႔ သင့္ေတာ္သူတစ္ဦးရယ္လို႔ ေတြ႕ရွိခဲ့ ပါတယ္။ သည္ကေန႔ ကြ်န္ေတာ္ ဘယ္မွာရွိရမလဲဆိုတာနဲ႔ အနာဂတ္ကာလမွာ ဘယ္ေနရာမွာ ေရာက္ရွိ ေနသင့္သလဲဆိုတာေတြနဲ႔ ပတ္သက္ၿပီး သႏၷိ႒ာန္ခ်မွတ္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ တိုးတက္ခ်င္တဲ့ လူငယ္ေတြ လိုက္ပါလုပ္ေဆာင္ႏိုင္ဖို႔ ကြ်န္ေတာ့္ရဲ႕မူေတြထဲကအခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ စိတ္ထဲမွာ ရည္မွန္းခ်က္တစ္ရပ္ခ်မွတ္လိုက္ပါ။

ကြ်န္ေတာ္ဘယ္လိုမ်ား Fitness Monkey ကိုထူေထာင္ခဲ့သလဲ။ ကြ်န္ေတာ္ကိုယ္တိုင္ မူးယစ္ေဆးစဲြမႈကေန ႐ုန္းထြက္ႏိုင္ဖို႔ ကိုယ္ပိုင္အစီအမံတစ္ရပ္ ခ်မွတ္လိုက္ပါတယ္။ ေဆးစြဲမႈဆီ ဦးျပန္မလည္ႏိုင္ေအာင္ အေထာက္အပံ့ ရရွိေစမယ့္ ကိုယ္လက္လႈပ္ရွားမႈ လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆာင္ရြက္ခဲ့ပါတယ္။ အျပစ္ ေၾကြးဆပ္ေနစဥ္ကာလအတြင္းမွာ ဝင္ေငြရရွိေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာနဲ႔ ေဈးကြက္ကိုဘယ္ လိုထိုးေဖာက္မလဲဆိုတဲ့ အေၾကာင္းရင္းေတြကို ေလ့လာခဲ့ပါတယ္။

၂။ ေရာက္ေနတဲ့ေနရာကေန စတင္လိုက္ပါ။

ေထာင္ကေန လြတ္မလာခင္ကတည္းက ကြ်န္ေတာ့္ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္လိုက္နာ ေဆာင္ရြက္ခဲ့ပါတယ္။ ေထာင္ထဲမွာေနစဥ္အတြင္း ဘယ္လို ရွင္သန္ေနထိုင္ရမလဲဆိုတာနဲ႔ ကိုယ္လုပ္ခ်င္တဲ့ အလုပ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို တတ္ႏိုင္သမွ် ေလ့လာခဲ့ပါတယ္။ ကိုယ္နဲ႔ဦးတည္ရာတူသူ ေတြ စုေဆာင္းမႈကို စတင္လိုက္ပါတယ္။ မိုင္ ၁၀ဝ ကလပ္မွာ အဖဲြ႕ဝင္လိုက္ၿပီး ေထာင္တြင္းၿပိဳင္ပဲြတစ္ရပ္ ျဖစ္တဲ့ San Quentin မာရသြန္ၿပိဳင္ပဲြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ အေျပးၿပိဳင္ပဲြအတြက္ မေလ့က်င့္ရတဲ့ အခ်ိန္ေတြမွာ စာေလ့လာပါတယ္။ ေကာလိပ္သင္ခန္းစာေတြကို အေဝးေရာက္ေက်ာင္းသားအေနနဲ႔ ေလ့လာခဲ့ပါတယ္။

၃။ အခက္အခဲတိုင္းမွာ အေျဖရွိပါတယ္။

အက်ဥ္းေထာင္ထဲကေန စြန္႔ဦးတီထြင္သူျဖစ္ဖို႔ဆိုတာ တကယ့္ကိုမလြယ္ကူတဲ့ကိစၥပါ။ ေအာင္ျမင္မႈလမ္း ေၾကာင္းကို ေလွ်ာက္လွမ္းမႈ တစ္ေလွ်ာက္မွာ အခက္အခဲေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေတြ႕ၾကံဳခဲ့ရပါတယ္။ ကြ်န္ေတာ္ၾကံဳ ေတြ႕ခဲ့ရတဲ့ အႀကီးမားဆံုးေသာ အခက္အခဲက ေဈးကြက္ထဲမွာ ယွဥ္ၿပိဳင္ႏိုင္ဖို႔ႀကိဳးစားရတာနဲ႔ အင္တာနက္အသံုးမျပဳဘဲ ေဈးကြက္ထိုးေဖာက္ႏိုင္ဖို႔ ႀကိဳးပမ္းရတာပါပဲ။ ေထာင္ထဲမွာ အင္တာနက္မရွိ သလို အက်ဥ္းသားေတြကို ေထာင္က်ေနစဥ္အတြင္း စီးပြားေရးလုပ္ခြင့္ မျပဳထားပါဘူး။ ကြ်န္ေတာ္က ေထာင္ထဲကို သုေတသနလုပ္ဖို႔နဲ႔ ေထာင္တြင္းအေျခအေနေတြကို ေလ့လာစစ္တမ္းေကာက္ဖို႔ ေထာင္ထဲကို လာေရာက္ ေလ့လာေဟာေျပာသူေတြအေပၚမွာပဲ မွီခိုခဲ့ရပါတယ္။

၄။ အကူအညီေတာင္းခံျခင္း။

ေထာင္ထဲမွာ အကူအညီေတာင္းခံတာက အားနည္းမႈတစ္ခုလို႔ မွတ္ယူေလ့ရွိေပမဲ့ ကြ်န္ေတာ္နားလည္တာ ကေတာ့ ကိုယ့္မွာ ရည္မွန္းခ်က္ရွိျပီး ကိုယ့္ဆႏၵေတြကို အေကာင္အထည္ ေဖာ္ခ်င္တယ္ဆိုရင္ အေကာင္း ဆံုး နည္းလမ္းက လမ္းညႊန္ေပးႏိုင္မယ့္သူထံကေန အကူအညီေတာင္းခံတာပါပဲ။ ကြ်န္ေတာ့္စီးပြားေရး လုပ္ငန္းအတြက္ ေထာင္ျပင္ပက လမ္းညႊန္ကူညီေပးႏိုင္သူေတြထံကေန အကူအညီရယူခဲ့ပါတယ္။ ေထာင္ ထဲမွာရွိတဲ့ Fitness Monkey မွာ ပါဝင္ခ်င္သူေတြထံကေနလည္း အကူအညီေတြ ရယူခဲ့ပါတယ္။

Recommended for you - ထိုင္းနိုင္ငံမွာ ေက်ာင္းသြားတက္မယ္ဆိုရင္

၅။ အက်ိဳးျပဳစာေပေတြ ဖတ္႐ႈပါ။

စိတ္ခြန္အားရေစမယ့္စာေပေတြ၊ စိတ္ကူးဉာဏ္ရင့္သန္ေစမယ့္စာေပေတြနဲ႔ ဗဟုသုတရရွိေစမယ့္ စာအုပ္ ေတြကို ရွာေဖြဖတ္႐ႈၿပီး စဥ္ဆက္မျပတ္ေလ့လာခဲ့ပါတယ္။ အၿမဲမျပတ္ စာဖတ္႐ႈေလ့လာမႈေတြ လုပ္ေဆာင္ ခဲ့ပါတယ္။

၆။ အေၾကာက္တရားေတြနဲ႔ သံသယေတြကို ေက်ာ္လႊားႏိုင္ေအာင္ႀကိဳးစားပါ။

ကြ်န္ေတာ္ အခုလိုမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ တစ္ခါမွမေတြးမိဖူးပါဘူး။ ကြ်န္ေတာ္ ေထာင္က်ခါစက အခုလို မ်ိဳးေတြ လုပ္ရမယ္ဆိုတာေတာင္ မသိခဲ့ပါဘူး။ ကြ်န္ေတာ့္အေနနဲ႔ လူမႈအသိုက္အဝန္းဆီကို ျပန္ေရာက္တဲ့ အခါ ေအာင္ျမင္တဲ့သူ တစ္ေယာက္ျဖစ္လာေစႏိုင္မယ့္ အရည္အခ်င္းေတြ ျပည့္ဝေအာင္ သင္ယူခဲ့ပါတယ္။ ေန႔စဥ္န႔တိုင္းနည္းပညာဆိုင္ရာေတြကိုသိရွိႏိုင္ဖို႔ ေလ့လာခဲ့ၿပီး စြန္႔ဦးတီထြင္သူတစ္ဦးမွ လိုအပ္တဲ့အရည္ အခ်င္းေတြကိုလည္း သင္ယူခဲ့ပါတယ္။

၇။ ပန္းတိုင္ဆီ ေရာက္ေအာင္သြားပါ။

ကြ်န္ေတာ္သိလိုက္တာတစ္ခုက စြန္႔ဦးတီထြင္သူတိုင္းရဲ႕ သူမတူတဲ့ အၾကံဉာဏ္ေကာင္းေတြက အႀကီးမား ဆံုးေသာ စိန္ေခၚမႈေတြနဲ႔ အဆိုးရြားဆံုးေသာ အမွားေတြကေန ရရွိခဲ့တယ္လို႔ ဆိုတာပါပဲ။ အခုအခ်ိန္မွာ ေတာ့ ကြ်န္ေတာ္လည္း အမွားေတြအတြက္ အျပစ္ေၾကြးဆပ္ေနရခ်ိန္မွာ အရည္အေသြးတိုးတက္လာ ေအာင္ သင္ယူခဲ့ၿပီး ေကာင္းမြန္တဲ့ဘဝသစ္တစ္ရပ္ကို ထူေထာင္ႏိုင္ဖို႔ သင္ယူခဲ့ပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ လက္ရွိကာလမွာFitness Monkey ကို တိုးတက္မႈရေအာင္ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ Fitness Monkey ကို Silicon Valley မွာ လူေတြကို စိတ္အားတက္ၾကြလာေအာင္ လံႈ႕ေဆာ္မႈေပးႏိုင္တဲ့ လုပ္ငန္း အစီအစဥ္တစ္ရပ္အျဖစ္ အမ်ားက လက္ခံလာေအာင္ ႀကိဳးစားေနပါတယ္။ ကြ်န္ေတာ့္ရဲ႕ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ လမ္းေၾကာင္းကေတာ့ စတင္လိုက္ပါၿပီ။

လူသားတိုင္းမွာ အခက္အခဲဆိုတာ ရွိပါတယ္။ ဒါေပမယ့္ အဲဒီအခက္အခဲကို ေအာင္ျမင္မွဳအျဖစ္ေျပာင္းလဲ ပစ္နိုင္လား ဒါမွမဟုတ္ က်ရွံဳးမွဳအျဖစ္ ရင္ဝယ္ပိုက္သြားမလားဆိုတဲ့ ေရြးခ်ယ္မွဳေပၚမူတည္ျပီး လူေတြက မတူညီတဲ့ ရလဒ္ေတြကို ပိုင္ဆိုင္ၾကရတာပါ။ ၾကိဳးစားပါ ဘာမဆိုျဖစ္နိုင္ပါတယ္။

ဘာသာစကားအသစ္တစ္ခုကို စတင္ေလ့လာဖို႔ စိတ္ကူးေနတာလား ကြ်န္ေတာ္တို႔ sayar.com.mm တြင္ ဘာသာစကား ၁၂ မ်ိဳးရွိျပီး သင္စိတ္ဝင္စားသည့္ ဘာသာစကားအသစ္တစ္ခုကို သင္ယူလိုက္ပါ။ 

သင္ကိုယ္တိုင္ ဆရာတစ္ေယာက္ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔နဲ႔ လက္တြဲလိုက္ပါ။ အခုပဲ အခမဲ့ register လုပ္ေဆာင္လိုက္ပါ။

Source: kumudra

[Unicode Version]

အကျဉ်းထောင်ထဲက ကျွန်တော့်ကို ဒူပေနာပေခံနိုင်အောင် လေ့ကျင့်ပေးလိုက်သလို ရည်မှန်းချက်ကို ဘယ်တော့မှ မစွန့်လွှတ်တာက အရေးကြီးတဲ့အချက် တစ်ချက်ဆို တာကိုလည်း သင်ကြားပေး လိုက်ပါ တယ်။အသက် ၂၇ နှစ်အရွယ် ဘဝမှာ ယူကျုံးမရဖြစ်ရဆုံးသော ဖြစ်ရပ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်နေတဲ့ ရာဇဝတ်မှုတစ်ခုနဲ့ ထောင်ဒဏ် ၁၆ နှစ် ကျခံရဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုစဉ်က အနာဂတ်ဆိုတာ မရေမရာ မှုန်ဝါးဝါးဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့်ပြစ်ဒဏ်ကျခံနေရစဉ်ကာလအတွင်း ကိုယ့်ကိုယ်ကို ပြုပြင် ပြောင်းလဲဖို့ ဆုံးဖြတ်ချက် ချလိုက် ပါတယ်။ ရာဇဝတ်ကြွေးဆပ်နေရစဉ်အတွင်း The Last Mile coding program ရဲ့ ကွန်ပျူတာပရိုဂရမ် ရေးဆွဲသူတစ်ဦး ဖြစ်လာအောင် ကြိုးပမ်းမယ်လို့ ကိုယ့်ကိုယ်ကို ကတိပြုလိုက်ပါတယ်။
အဆိုပါအတွေ့အကြံုတွေကနေတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် လုပ်ဆောင်မှုတွေကနေတစ်ဆင့် မူးယစ်ဆေး စွဲမှုကနေ ရုန်းထွက်ရှင်သန်နိုင်စေမယ့် ဘဝရှင်သန် ရပ်တည်ရေးလမ်းညွှန် အွန်လိုင်းပလက် ဖောင်းတစ်ရပ်ဖြစ်တဲ့ Fitness Monkey ကို စွန့်ဦးတီထွင်ဆောင်ရွက်ဖို့ စိတ်ကူးရရှိခဲ့တာပါ။ The Last Mile မှာ သင်ယူခဲ့တဲ့အဆိုပါ  အတတ်ပညာတွေကို အသုံးချပြီး MVP (minimum viable product)ကို တည် ထောင်ခဲ့ပါတယ်။ ကျွန်တော့်စိတ်ကူးအကြံဉာဏ်တွေကို San Quentin ပြည်နယ်အကျဉ်းထောင်ကိုလာ ရောက်တဲ့ Silicon Valley က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကို အရောက်ပို့ဆောင် နိုင်ခွင့်ရခဲ့ပါတယ်။

Recommended for you - ထိပ်ဆုံးရောက်ချင်တာလား ထိပ်ဆုံးနဲ့တန်တဲ့ ပေးဆပ်မှုမျိုး ပေးဆပ်ပြီးသွားပြီလား
အောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒ နဲ့ အိပ်မက်ကို အကောင်အထည်ဖော်မယ်ဆိုတဲ့ အစီအစဉ်နဲ့အတူ အခုနှစ် အစောပိုင်းမှာ ပြစ်ဒဏ်ကာလမစေ့ခင် စည်းကမ်း လိုက်နာတဲ့ အကျဉ်းသားတွေကို ခံဝန်ချုပ်နဲ့ လွှတ်ပေးတဲ့ ဘုတ်အဖွဲ့က ကျွန်တော့်ကို ခံဝန်ချုပ်နဲ့ လွှတ်ပေးဖို့ သင့်တော်သူတစ်ဦးရယ်လို့ တွေ့ရှိခဲ့ ပါတယ်။ သည်ကနေ့ ကျွန်တော် ဘယ်မှာရှိရမလဲဆိုတာနဲ့  အနာဂတ်ကာလမှာ ဘယ်နေရာမှာ ရောက်ရှိ နေသင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သန္နိဋ္ဌာန်ချမှတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တိုးတက်ချင်တဲ့ လူငယ်တွေ လိုက်ပါလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်ရဲ့မူတွေထဲကအချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ စိတ်ထဲမှာ ရည်မှန်းချက်တစ်ရပ်ချမှတ်လိုက်ပါ။
ကျွန်တော်ဘယ်လိုများ Fitness Monkey ကိုထူထောင်ခဲ့သလဲ။ ကျွန်တော်ကိုယ်တိုင် မူးယစ်ဆေးစွဲမှုကနေ ရုန်းထွက်နိုင်ဖို့ ကိုယ်ပိုင်အစီအမံတစ်ရပ် ချမှတ်လိုက်ပါတယ်။ ဆေးစွဲမှုဆီ  ဦးပြန်မလည်နိုင်အောင် အထောက်အပံ့ ရရှိစေမယ့် ကိုယ်လက်လှုပ်ရှားမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အပြစ် ကြွေးဆပ်နေစဉ်ကာလအတွင်းမှာ ဝင်ငွေရရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာနဲ့ ဈေးကွက်ကိုဘယ် လိုထိုးဖောက်မလဲဆိုတဲ့  အကြောင်းရင်းတွေကို လေ့လာခဲ့ပါတယ်။

၂။ ရောက်နေတဲ့နေရာကနေ စတင်လိုက်ပါ။

ထောင်ကနေ လွတ်မလာခင်ကတည်းက ကျွန်တော့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။ ထောင်ထဲမှာနေစဉ်အတွင်း ဘယ်လို ရှင်သန်နေထိုင်ရမလဲဆိုတာနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ လေ့လာခဲ့ပါတယ်။ ကိုယ်နဲ့ဦးတည်ရာတူသူ တွေ စုဆောင်းမှုကို စတင်လိုက်ပါတယ်။ မိုင် ၁၀ဝ ကလပ်မှာ အဖွဲ့ဝင်လိုက်ပြီး ထောင်တွင်းပြိုင်ပွဲတစ်ရပ် ဖြစ်တဲ့ San Quentin မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အပြေးပြိုင်ပွဲအတွက် မလေ့ကျင့်ရတဲ့ အချိန်တွေမှာ စာလေ့လာပါတယ်။ ကောလိပ်သင်ခန်းစာတွေကို အဝေးရောက်ကျောင်းသားအနေနဲ့ လေ့လာခဲ့ပါတယ်။

၃။ အခက်အခဲတိုင်းမှာ အဖြေရှိပါတယ်။
အကျဉ်းထောင်ထဲကနေ စွန့်ဦးတီထွင်သူဖြစ်ဖို့ဆိုတာ တကယ့်ကိုမလွယ်ကူတဲ့ကိစ္စပါ။ အောင်မြင်မှုလမ်း ကြောင်းကို လျှောက်လှမ်းမှု တစ်လျှောက်မှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်တွေ့ကြံုခဲ့ရပါတယ်။ ကျွန်တော်ကြံု တွေ့ခဲ့ရတဲ့ အကြီးမားဆုံးသော အခက်အခဲက ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်ဖို့ကြိုးစားရတာနဲ့  အင်တာနက်အသုံးမပြုဘဲ ဈေးကွက်ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းရတာပါပဲ။ ထောင်ထဲမှာ  အင်တာနက်မရှိ သလို အကျဉ်းသားတွေကို ထောင်ကျနေစဉ်အတွင်း စီးပွားရေးလုပ်ခွင့် မပြုထားပါဘူး။ ကျွန်တော်က ထောင်ထဲကို သုတေသနလုပ်ဖို့နဲ့ ထောင်တွင်းအခြေအနေတွေကို လေ့လာစစ်တမ်းကောက်ဖို့ ထောင်ထဲကို လာရောက် လေ့လာဟောပြောသူတွေအပေါ်မှာပဲ မှီခိုခဲ့ရပါတယ်။

၄။ အကူအညီတောင်းခံခြင်း။
ထောင်ထဲမှာ အကူအညီတောင်းခံတာက အားနည်းမှုတစ်ခုလို့ မှတ်ယူလေ့ရှိပေမဲ့ ကျွန်တော်နားလည်တာ ကတော့ ကိုယ့်မှာ ရည်မှန်းချက်ရှိပြီး ကိုယ့်ဆန္ဒတွေကို အကောင်အထည် ဖော်ချင်တယ်ဆိုရင် အကောင်း ဆုံး နည်းလမ်းက လမ်းညွှန်ပေးနိုင်မယ့်သူထံကနေ  အကူအညီတောင်းခံတာပါပဲ။ ကျွန်တော့်စီးပွားရေး လုပ်ငန်းအတွက် ထောင်ပြင်ပက လမ်းညွှန်ကူညီပေးနိုင်သူတွေထံကနေ အကူအညီရယူခဲ့ပါတယ်။ ထောင် ထဲမှာရှိတဲ့ Fitness Monkey မှာ ပါဝင်ချင်သူတွေထံကနေလည်း အကူအညီတွေ ရယူခဲ့ပါတယ်။

Recommended for you - ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်မယ်ဆိုရင်

၅။ အကျိုးပြုစာပေတွေ ဖတ်ရှုပါ။
စိတ်ခွန်အားရစေမယ့်စာပေတွေ၊ စိတ်ကူးဉာဏ်ရင့်သန်စေမယ့်စာပေတွေနဲ့ ဗဟုသုတရရှိစေမယ့် စာအုပ် တွေကို ရှာဖွေဖတ်ရှုပြီး စဉ်ဆက်မပြတ်လေ့လာခဲ့ပါတယ်။ အမြဲမပြတ် စာဖတ်ရှုလေ့လာမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

၆။  အကြောက်တရားတွေနဲ့ သံသယတွေကို ကျော်လွှားနိုင်အောင်ကြိုးစားပါ။
ကျွန်တော် အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးမိဖူးပါဘူး။ ကျွန်တော် ထောင်ကျခါစက အခုလို မျိုးတွေ လုပ်ရမယ်ဆိုတာတောင် မသိခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ လူမှုအသိုက်အဝန်းဆီကို ပြန်ရောက်တဲ့ အခါ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာစေနိုင်မယ့် အရည်အချင်းတွေ ပြည့်ဝအောင် သင်ယူခဲ့ပါတယ်။ နေ့စဉ်န့တိုင်းနည်းပညာဆိုင်ရာတွေကိုသိရှိနိုင်ဖို့ လေ့လာခဲ့ပြီး စွန့်ဦးတီထွင်သူတစ်ဦးမှ လိုအပ်တဲ့အရည် အချင်းတွေကိုလည်း သင်ယူခဲ့ပါတယ်။

၇။ ပန်းတိုင်ဆီ ရောက်အောင်သွားပါ။
ကျွန်တော်သိလိုက်တာတစ်ခုက စွန့်ဦးတီထွင်သူတိုင်းရဲ့ သူမတူတဲ့ အကြံဉာဏ်ကောင်းတွေက အကြီးမား ဆုံးသော စိန်ခေါ်မှုတွေနဲ့ အဆိုးရွားဆုံးသော အမှားတွေကနေ ရရှိခဲ့တယ်လို့ ဆိုတာပါပဲ။ အခုအချိန်မှာ တော့ ကျွန်တော်လည်း အမှားတွေအတွက် အပြစ်ကြွေးဆပ်နေရချိန်မှာ  အရည်အသွေးတိုးတက်လာ အောင် သင်ယူခဲ့ပြီး ကောင်းမွန်တဲ့ ဘဝသစ်တစ်ရပ်ကို ထူထောင်နိုင်ဖို့ သင်ယူခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိကာလမှာFitness Monkey ကို တိုးတက်မှုရအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။ Fitness Monkey ကို Silicon Valley မှာ လူတွေကို စိတ်အားတက်ကြွလာအောင် လှုံ့ဆော်မှုပေးနိုင်တဲ့ လုပ်ငန်း အစီအစဉ်တစ်ရပ်အဖြစ် အများက လက်ခံလာအောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် လမ်းကြောင်းကတော့ စတင်လိုက်ပါပြီ။
လူသားတိုင်းမှာ အခက်အခဲဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲကို အောင်မြင်မှုအဖြစ်ပြောင်းလဲ ပစ်နိုင်လား ဒါမှမဟုတ် ကျရှံုးမှုအဖြစ် ရင်ဝယ်ပိုက်သွားမလားဆိုတဲ့ ရွေးချယ်မှုပေါ်မူတည်ပြီး လူတွေက မတူညီတဲ့ ရလဒ်တွေကို ပိုင်ဆိုင်ကြရတာပါ။ ကြိုးစားပါ ဘာမဆိုဖြစ်နိုင်ပါတယ်။

ဘာသာစကားအသစ်တစ်ခုကို စတင်လေ့လာဖို့ စိတ်ကူးနေတာလား ကျွန်တော်တို့ sayar.com.mm တွင် ဘာသာစကား ၁၂ မျိုးရှိပြီး သင်စိတ်ဝင်စားသည့် ဘာသာစကားအသစ်တစ်ခုကို သင်ယူလိုက်ပါ။

သင်ကိုယ်တိုင် ဆရာတစ်ယောက်ဆိုရင်တော့ ကျွန်တော်တို့နဲ့ လက်တွဲလိုက်ပါ။ အခုပဲ အခမဲ့ register လုပ်ဆောင်လိုက်ပါ။


Source: kumudra

Read times Last modified on Friday, 03 January 2020 14:12
Rate this articles
(0 votes)