Monday, 03 September 2018 15:29

Myanmar Imperial College ရဲ့တည်ထောင်သူ ဒေါ်ပို့ပို့ကြည်အကြောင်းနှင့် လူငယ်များအတွက် အကြံပြုချက် ၁၅ ချက်


Myanmar Imperial College ရဲ့ တည်ထောင်သူတစ်ဦးလည်းဖြစ်၊ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ပို့ပို့ကြည်ရဲ့ လူငယ်တစ်ယောက်ရဲ့ ၁၅ နှစ်တာကာလ အတွေ့အကြုံနဲ့ လူငယ်များအတွက် အကြံပြုချက် ၁၅ ချက်ကို MIC ရဲ့ ကျောင်းသားလူငယ် Imperians လေးများနှင့် မြန်မာလူငယ်ကျောင်းသားလေးများအတွက် ဝေမျှပေးချင်ပါတယ်……

Monday, 03 September 2018 14:17

အင်္ဂလိပ်စာအုပ်တွေဖတ်တဲ့အကျင့် တည်ဆောက်နည်း

တစ်ယောက်ယောက်က ငါတော့ ဒီတစ်ပတ်ထဲ အင်္ဂလိပ်ဝတ္ထု ၅ အုပ်ဖတ်ဖြစ်တယ်လို့ လာပြောရင်တောင် အားကျမစောလိုက်ပါနဲ့နော်။ သူ့အထာနဲ့သူပါ။ သူကတော့ ငါးအုပ်ဖတ်လို့ ကိုယ်လည်း ငါးအုပ်လိုက်ဖတ်မယ်ဆိုပြီးတော့ မစဉ်းစားလိုက်ပါနဲ့။ အဲဒီငါးအုပ်သာ ဖတ်လို့ ပြီးချင်ပြီးသွားမယ်။ ကိုယ်ဘာဖတ်လိုက်မှန်းကိုယ်တိုင်တောင် မသုံးသပ် မဆင်ခြင်နိုင်ရင် အချိန်သာကုန်သွားမယ်။ ဘာဗဟုသုတ အသိပညာမှ ရလိုက်မှာ မဟုတ်ပါဘူး။

Monday, 03 September 2018 13:35

ဘဝမှာ မှတ်သားထားရမယ့် ဥပဒေသ (၉) ချက်

၁။ ဖြေရှင်းလို့မရတဲ့ ပြဿနာအပေါ် ဖိစီးမနေနဲ့

လောကမှာ ဖြေရှင်းလို့ရတဲ့ ပြဿနာနဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် ကြိုးစားဖြေရှင်းရမှာဖြစ်သလို ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ပြဿနာတွေအတွက်ကျတော့ ကိုယ့်ကိုယ်ကို ဖိစီးမနေသင့်တော့ပါဘူး။
( ပြဿနာရပ်တွေကို အလွယ်တကူ လက်မလျော့ဖို့တော့ လိုပါတယ်။)

Monday, 03 September 2018 09:45

လူတိုင်းသိသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှု

ငွေကိုစီမံခန့်ခွဲတယ်ဆိုတာ အရမ်းကိုချမ်းသာတဲ့သူတွေမှ မဟုတ်ပါဘူး။ လူတိုင်း စီမံခန့်ခွဲဖို့ လိုပါတယ်။ ကိုယ်ရနေတဲ့ ဝင်ငွေအပေါ်မူတည်ပြီး သုံးစွဲရမယ့်ပုံစံတွေ၊ စုဆောင်းရမယ့် ပုံစံတွေဆိုတာ ရှိကိုရှိသင့်ပါတယ်။ မဟုတ်ရင် မရည်ရွယ်ဘဲ သုံးမိရာကစလို့ ကိုယ့်အတွက် ငွေအသုံးကြပ်တယ်ဆိုတာမျိုးတွေ၊ တခြားသော ငွေကြေးဆိုင်ရာ အခက်အခဲမျိုးတွေ ကြုံရတတ်ပါတယ်။

Friday, 31 August 2018 16:36

ဘဝမှာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ

ဘဝတစ်ခုရယ်လို့ဖြစ်လာရင် ကျွန်တော်တို့အားလုံးကြုံတွေ့ရတဲ့ ပြဿနာတွေက ယျေဘုယျအားဖြင့် အတူတူချည်းပါပဲ။ ပြဿနာတွေ အဆင်မပြေတာတွေက အမြဲရှိနေမှာဖြစ်သလို ဘယ်သူမှ ဒါတွေကို ရှောင်ချင်လို့ ကျော်လွှားချင်လို့မရပါဘူး။ နေ့တနေ့ရဲ့ မနက်လင်းတာနဲ့စလို့ ပြဿနာဆိုတာ စတော့တာပါပဲ။

Friday, 31 August 2018 15:25

ပန်းကန်ဆေးဘဝမှ ဘီလျံနာကြီးဖြစ်လာသူ

သူ့ရဲ့ပထမအလုပ်က ပန်းကန်ဆေးသမား။ နောက်မှ ကားလုပ်ငန်းကို ဝင်လုပ်တာ။ အခုတော့ သူဌေးကြီးဖြစ်နေပြီ။ “ တစ်ရွာမပြောင်း သူကောင်းမဖြစ် ” ဆိုတဲ့ စကားက သူနဲ့ဆိုရင် ကွက်တိ။ အခုပြောနေတဲ့သူက Shahid Khan ပါ။ မြင်လွယ်အောင် ပြောရရင် ဖူဟမ်အသင်း (Fulham) ပိုင်ရှင်။

Friday, 31 August 2018 10:54

လစာ ကောင်းကောင်းဝင်နေသော်လည်း သင့်အားမွဲနေစေသော အကျင့် (၈)ခု

(၁) လစာတိုးလာတာနဲ့ အမျှ အသုံးအစွဲတိုးလာခြင်း

သင့်ရဲ့ လူနေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ခြင်းမှာ လက်ခံဖွယ်ရာဖြစ်ပါသည်။ ဝင်ငွေတိုးလာတာနဲ့ အမျှ သင်နှင့်သင့်မိသားစုအတွက် ကျန်းမာရေး၊ ပညာရေးစသည်တို့ အတွက် အသုံးစရိတ်တိုးခြင်းဟာ အဆင်ပြေပါတယ်။ သို့ ပေမယ့် သင်သည် အမြဲတစေ ပိုက်ဆံသုံးဖို့ အရေးကိုပဲ လိုက်ပြီးစဉ်းစားနေတဲ့သူဆိုရင်တော့ လစာဘယ်လောက်များများ စုနိုင်လိမ့်မည် မဟုတ်ပါ။

Friday, 31 August 2018 10:11

နေ့စဉ်အလုပ်တွေကို ပိုမိုလွယ်ကူစေနိုင်မည့်အချက်များ

ကမ္ဘာပေါ်မှာ ရှိသမျှအလုပ်တွေတိုင်းကတော့ သူ့အပိုင်းနဲ့သူ နှစ်သက်စရာတွေအများကြီးရှိပါတယ်။ တစ်ချို့တွေက ကိုယ်ဝါသနာပါရာလုပ်နေကြသလို တစ်ချို့တွေကတော့ လုပ်ရင်းနဲ့မှ ဝါသနာပါသွားကြတာတွေ ရှိပါတယ်။

Thursday, 30 August 2018 17:11

စာလုပ်တာများပြီး ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို ဒီလိုဖြေရှင်းလိုက်ပါ

အိမ်မှာလူကြီးတွေပြောသံကြားဖူးကြမယ်ထင်တယ် “ စာလေးလုပ်တာကို မလုပ်နိုင်ကြဘူး၊ မိဘတွေက အလုပ်လုပ်ရလို့ ပင်ပန်းတယ်ဆိုထားဦးတော့ ” ဆိုတာမျိုးတွေလေ။ အမှန်က Rivision ပြန်တာပဲဖြစ်ဖြစ် ပုံမှန်စာကြည့်တာပဲဖြစ်ဖြစ် အပြင်ပန်းကြည့်ရင် မသိသာပေမယ့် ဦးနှောက်ကိုတော့ ပင်ပန်းနွမ်းနယ်စေပါတယ်။

Thursday, 30 August 2018 14:38

HR တစ်ယောက်ဖြစ်ဖို့ သိထား၊ တတ်ထားသင့်တဲ့ အချက်များ

HR တစ်ယောက်အဖြစ် အသက်မွေးဖို့ ရည်ရွယ်လိုက်ပြီးရင် ဘာသင်တန်းတွေ တက်မလဲ။ များများ မစဉ်းစားပါနဲ့။ ကျောင်းပြီးခါစ လူငယ်တစ်ဦးအဖို့ လက်တွေ့ကျကျ တွေးနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်သက် မရှိသေးတဲ့ Fresh Graduate တစ်ဦးကို ကြီးလေးတဲ့ Management တာဝန် အလုပ်တွေ ရရှိဖို့က စိန်ခေါ်မှုတွေအများကြီး ရှိနေမှာပါ။

Page 18 of 36