Thursday, 01 August 2019 15:36

"သင်ဟာ EQ မြင့်တဲ့သူတစ်ယောက် ဟုတ် မဟုတ်ဆိုတာ သိနိုင်မယ့် အချက် (၆) ချက်"

ခုခေတ်မှာ IQ မြင့်ဖို့ထက် EQ မြင့်ဖို့က အောင်မြင်မှုအတွက် ပိုအရေးပါတယ်လို့ လက်ခံလာကြပါတယ်။

Wednesday, 31 July 2019 17:48

"ယနေ့ခေတ်မှာ သင်ပိုင်ဆိုင်ထားသင့်တဲ့ စွမ်းဆောင်ရည် (၈) မျိုး"

၁. အချိန်မှန်ဖို့ ကြိုးစားပါ

နောက်ကျတတ်တဲ့သူကို ဘယ်သူမှမနှစ်သက် ကြပါဘူး။ ကိုယ့်အပေါ်ယုံကြည်စွာ အပ်နှံထားတဲ့ အလုပ်တစ်ခုကို သတ်မှတ်တဲ့ နေရက်နဲ့ အချိန်မှာ အဆုံးမသတ်ပေးနိုင်ခြင်းက သင့်အပေါ် လူတွေ အထင်အမြင်သေးစေမှာပါ။ ဒီတော့ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

Wednesday, 31 July 2019 13:48

"ကံကောင်းချင်တယ်ဆိုရင် နေထိုင်ကျင့်ကြံသင့်တဲ့ နည်းလမ်း ၇ မျိုး"

1-Live in the present

ပစ္စုပ္ပန်မှာပဲကိုယ့်စိတ်ကို နှစ်ထားပါ သင့်မှာရှိတာ ပစ္စုပ္ပန်တခုထဲဆိုတာ မမေ့ပါနဲ့ အတိတ်ဆိုတာ ပြီးသွားပြီ အနာဂတ်ဆိုတာ မရေရာတာတွေနဲ့ မရောက်လာသေးပါဘူး သင့်လက်ရှိ ပစ္စုပ္ပန်ကိုပြောင်းလဲနိုင်မှ သင့်ဘဝကို ပြောင်းလဲနိုင်မှာ။

Wednesday, 31 July 2019 13:34

"ပျင်းရိလွန်းတဲ့ စိတ်တွေကို ကျော်လွှားဖြတ်သန်းဖို့ ထိရောက်တဲ့နည်းလမ်း (၄) ခု"

တခါတရံမှာ ဘာအလုပ်မှလုပ်မနေချင်တော့အောင် ပျင်းရိနေတာမျိုးတွေ လူတိုင်းဖြစ်တတ်ပါတယ်။

Tuesday, 30 July 2019 14:36

"အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်"

စာပေလေ့လာခြင်း၊ စာကျက်ခြင်းဆိုတာ ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

Tuesday, 30 July 2019 12:57

"မတူညီတဲ့ ဘာသာစကားနှစ်ခုကို တစ်ပြိုင်နက်ထဲ လေ့လာတဲ့အခါ လိုအပ်တဲ့ အချက် (၅) ချက်"

ဘာသာစကားတွေကို လေ့လာသင်ယူတာဟာ တကယ်ကို ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။

Tuesday, 30 July 2019 10:30

"သန့်ရှင်းရေးဝန်းထမ်းဘဝမှ စင်္ကာပူ က နာမည်ကျော် သူဌေးကြီး ဖြစ်လာသူ"

စင်္ကာပူက နာမည်ကျော်သူဌေးတွေထဲမှာ Vernon Kwek အမည်ရ အသက်(၄၈)နှစ်အရွယ် သူဌေးကြီးလည်း ပါဝင်ပါတယ်။ သူဟာ Primech Services & Engineering ကုမ္ပဏီရဲ့ CEO ရာထူးရယူထားသူဖြစ်ပြီး ဝန်ထမ်း(၃၀၀၀)ကျော်ကို အုပ်ချုပ်နေရသူပါ။

Friday, 26 July 2019 14:48

"သင့်ရဲ့ passion ကို professional ဖြစ်အောင် ဘယ်လိုပြောင်းမလဲ"

Passion က အရမ်းအံ့သြစရာကောင်းပါတယ်။ သင့်ရဲ့အတွင်းစိတ်ထဲက တစ်စုံတစ်ရာကို ပိုပြီးထက်မြက်လာစေတယ်။

Thursday, 25 July 2019 15:16

"စာကျက်ရာတွင် အချိန်နည်းနည်း နဲ့  ထိထိရောက်ရောက် ဖြစ်စေဖို့ ရိုးရှင်းတဲ့နည်းလမ်း (၆) ခု"

ကျောင်းသားလူငယ်တွေအနေနဲ့  စာကျက်ကြတဲ့အခါ စာကျက်ချိန်တွေသာ ကြာသွားတယ် ကိုယ်လိုချင်သလောက် စာကမရတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကြောင့် စာကျက်တဲ့အခါ အချိန်နည်းနည်းနဲ့ ထိထိရောက်ရောက်စာရစေဖို့  နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Wednesday, 24 July 2019 14:07

"ဦးနှောက် အပို နောက်ထပ် တစ်ခုရှိတယ်လို့ ထင်ရလောက်အောင် ဥာဏ်ကောင်းစေရန် ပြုလုပ်ရမည့် အလေ့အကျင့်များ"

မှတ်ဥာဏ် ပိုကောင်းချင်သလား ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချလိုသလား၊ စာသင်တဲ့အခါ ပိုပြီးလိုက်နိုင် လိုပါသလား၊ သင်ရဲ့ ဦးနှောက် စွမ်းရည်ကို ပိုပြီး ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။

 

 သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ

- အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာ ဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။

- Laptop သို့မဟုတ် Tablet တို့၊ I-pad တို့ထဲမှာ စာရိုက်ကာ မှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။

- ဘောပင်ကို စာရွက်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိ သင်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။

 


လက်ဟန် ခြေဟန်ကိုလည်း သုံးပါ

- လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကို ပိုမှတ်မိတတ်ပါတယ်။

 

မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ

- နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကို သတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။

- စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာ ကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။

- ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။

 

အပေါင်းအသင်းများလေကောင်းလေ

- သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကို သိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။

 

 ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ

- အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကို သက်သာစေပါတယ်။ "အချိန်တိုင်းမှာ အသုံးဝင်နေပါစေ"

 

 ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ

- ကော်ဖီမှာ သကြားထည့်သောက်ပါ။ ကဖင်းနဲ့ သကြားတွဲပြီး စားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေ​ပါတယ်။

 

အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ

- ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီး ထွက်ရှိစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

 

 

Source: thutakabar

sayar.com.mm

Page 25 of 47