Wednesday, 10 July 2019 14:34

"သင်သတိမထားမိတဲ့  သင့်ရဲ့ ဦးနှောက်စွမ်းရည်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ နေထိုင်မှုများ"

ကျွန်တော်တို့ နေ့ စဉ် နေထိုင်၊ သွားလာ၊ လှုပ်ရှားနေတာ အကုန်လုံးက ကျွန်တော်တို့ ဦးနှောက်နဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။

Friday, 05 July 2019 16:58

"မနက်ခင်းမှာ အလောသုံးဆယ်မဖြစ်စေဖို့ အလွယ်ဆုံးနည်းလမ်းများ"

မနက်ခင်းကျ စောစောထရမယ်ဆိုပြီး ညဘက်ကို ညနက်ထိ ဟိုလုပ်ဒီလုပ်နဲ့ အချိန်ကုန်သွားတတ်တဲ့သူတွေရှိတယ်မဟုတ်လား။

တခါတလေ ကိုယ်တွေတောင် ဘာမှထိထိရောက်ရောက်မလုပ်ဖြစ်လိုက်ဘဲ ညနက်သွားတတ်ပြီး မနက်ကျ အိပ်ရာမထနိုင်တော့တာမျိုးရှိတတ်ပါတယ်။ အဲဒါကြောင့် ညကတည်းကနေ စီစဉ်ထားသင့်တာစီစဉ်တာမျိုး၊ မနက်ကျ စောစောအိပ်ရာထနိုင်အောင် လုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ညကတည်းက ကြိုတင် ပြင်ဆင်ထားပါ
မနက်ဖြန် မပါမဖြစ် ယူသွားရမယ့်ပစ္စည်းတွေ၊ ဝတ်မယ့်အဝတ်အစား မီးပူတိုက်ထားတာမျိုး၊ ကြိုတင်ပြင်ဆင်ထားတာမျိုးလုပ်ပါ။ မပါမဖြစ်ယူရမယ့်ပစ္စည်းတွေ အထူးသဖြင့် မျက်မှန်၊ မှတ်စုစာအုပ်၊ အခြားလိုအပ်တာတွေကို လွယ်တဲ့အိတ်ထဲတခါတည်းထည့်ထားပါ။ မနက်ကျမှ မေ့ကျန်တာမျိုးမဖြစ်တော့ဘူးပေါ့။ အဲဒါအပြင် နောက်တစ်နေ့အတွက် လုပ်စရာရှိသမျှကို တခုချင်းစီ ဇယားဆွဲထားပါ။


၂) မအိပ်ခင် ကိုယ်လက်သန့်စင်ပြီး နွားနို့်တစ်ခွက်သောက်ပါ
နွားနို့်က သင့်ရဲ့အိပ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့အတွက် မအိပ်ခင် ၂နာရီအလိုမှာ သောက်ထားသင့်ပါတယ်။ တကယ်တမ်း အားလုံးပြင်ဆင်ပြီး အိပ်မယ်ဆိုတဲ့အချိန်ကျမှ မျက်စိကြောင်နေတာမျိုးဖြစ်နေရင် မနက်ကျ အိပ်ရေးဝမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မအိပ်ခင်နွားနို့တစ်ခွက်လောက်သောက်ထားသင့်ပါတယ်။


၃) ဖုန်း၊ လက်တော့ ၊ တီဗွီ ပိတ်ထားပါ။
မအိပ်မီ ၂နာရီလောက်အလိုမှာကတည်းက ဖုန်းတွေ လက်တော့၊ တီဗွီတွေကို နားထားသင့်ပါတယ်။ screen ကအလင်းရောင်က သင့်ကို မျက်စိကြောင်စေပါတယ်။ သင်အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် မအိပ်စက်မီ အားလုံးကိုပိတ်ထားပါ။


၎) မီးအလင်းရောင်မှိန်ထားပါ
မီးလင်းနေခြင်းက သင့်ကိုလွယ်လွယ်အိပ်မပျော်စေပါဘူး။ အဲဒါကြောင့် မီးကိုမှိန်မှိန်လေးသာ ထွန်းထားပါ။ စိတ်ထဲမှာ အားလုံးရှင်းနေပါစေ။ ပူပန်စရာတွေကိုမတွေးမိပါစေနဲ့။

 

၅) အိပ်ရေး၀၀အိပ်နိုင်အောင် ညနက်တဲ့အထိ မနေပါနဲ့
တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်ဝစွာအိပ်ရင် လူက မနက်ခင်းမှာ လန်းဆန်းနေပါတယ်။ အိပ်ရေးမဝရင် မနက်ခင်းမှာ စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ညနက်တဲ့အထိ ဖုန်းသုံးခြင်း၊ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာကြည့်ခြင်းမျိုးမလုပ်သင့်ပါဘူး။ ဘယ်အချိန် ပုံမှန်အိပ်မလဲဆိုတာမျိုး ကိုယ့်ကိုကိုယ်သတ်မှတ်သင့်ပါတယ်။


၆) မနက်စောစောထပါ
မနက်ကို အလုပ်မသွားခင် ဒါမှမဟုတ် ကျောင်းမသွားခင် ခပ်စောစော အိပ်ရာမှထသင့်ပါတယ်။ ညနက်မှအိပ်ရာဝင်ဖြစ်တဲ့အခါ မနက်ခင်းအိပ်ရာထဖို့အခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အခါ အလုပ်ချိန်နီးမှ၊ ကျောင်းချိန်နီးမှ ကပ်ပြီး နိုးတာမျိုးဖြစ်နိုင်ပါတယ်။ ကမန်းကတန်းနဲ့ ဘာကိုမှ စနစ်တကျပြင်ဆင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် မနက်ကို အိပ်ရာစောစောထပါ။m


၇) မနက်စာ စားဖြစ်အောင်စားပါ
မနက်အိပ်ရာစောစောနိုးတဲ့အတွက် မနက်စာကို သတင်းစာလေးဖတ်ရင်း အေးဆေးစားဖို့ အချိန်ရမှာပါ။ အဲဒါအပြင် မနက်စာကိုလည်း အာဟာရဖြစ်အောင် စားနိုင်ပါတယ်။

အလုပ်ချိန်၊ ကျောင်းချိန်နီးမှ အိပ်ရာထခြင်းက အလောသုံးဆယ်ဖြစ်စေပြီး မနက်စာကိုလည်း အေးဆေးစွာ၊ ဗိုက်ပြည့်အောင် စားလိုက်ရမှာမဟုတ်ပါဘူး။ မနက်စာ မစားခြင်းက သင့်ရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်မှုဖြစ်စေပါတယ်။
ဘာပဲပြောပြော အထက်ကဖော်ပြထားတဲ့အချက်လေးတွေက အရမ်းကိုလွယ်ကူတဲ့အချက်လေးတွေပါ။ ထိုအချက်လေးတွေကို လိုက်နာနိုင်ရင်တော့ သေချာတာက မနက်ခင်းမှာ ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို အိတ်တလုံးကောက်လွယ်ပြီး ကမန်းကတန်း ရုံးသွား၊ ကျောင်းသွားတဲ့အဖြစ်ကို ရောက်မှာမဟုတ်တော့ပါဘူးနော်။

 

Source : Bawa101

- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမ    များကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
- ဝင်ရောက်ကြည့်ရှု၊ ရှာဖွေ ပါက ဤလင့်ခ် sayar.com.mm လေးကိုသာနှိပ်လိုက်ပါ။

Friday, 05 July 2019 16:43

"ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးဖြစ်ဖို့ နည်းလမ်း (၃) ချက်"

နေ့စဉ်နေ့တိုင်းမှာ ဘဝရဲ့အခြေအနေအကြောင်းအရာတွေကို ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်။

Thursday, 04 July 2019 15:45

"အလိုက်သင့်ဦးဆောင်ခြင်း"

ခေါင်းဆောင်တစ်ယောက်ဟာ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်လို့မဖြစ်ပါဘူး။

Thursday, 04 July 2019 13:49

"ယုံကြည်ရတဲ့သူ (Reliable person) တစ်ယောက်မှာ ရှိတဲ့ စရိုက်လက္ခဏာများ"

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရာထူးမှာ လုပ်နေပါစေ၊ သူဟာ ယုံကြည်ရတယ်၊ Reliable ဖြစ်တယ် ဆိုပြီး နာမည်ရသွားရင်၊ လူကြီးတွေက သိသွား၊ လက်ခံသွားရင် အဲဒါ အမြင့်ကို ဆက်တက်ဖို့ လှေကားတစ်စင်းရပြီလို့ပဲ မှတ်ပါတဲ့။

Thursday, 04 July 2019 10:09

"အဆင့်မြင့် အင်္ဂလိပ်စကား အသုံးအနှုန်းများ"

ဒီတစ်ကြိမ်မှာတော့ ကျနော်နှစ်သက်မိတဲ့ နိုင်ငံတကာ စကားပုံလေးတွေကို တင်ဆက်လိုက်ပါတယ်။

Wednesday, 03 July 2019 17:28

"သက်ငယ် မုဒိမ်းရန်က ကာကွယ်ဖို့ ကလေးတွေကို ဘယ်လိုသင်ပေးမလဲ"

အခုတလော ကျွန်မတို့ ပတ်ဝန်းကျင်မှာ သက်ငယ်မုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ မကြာခဏ ကြားလာရပါတယ်။

Wednesday, 03 July 2019 13:29

"ဆွဲဆောင်မှုမြင့်မားသူတွေမှာ ရှိတဲ့ အမူအကျင့်များ နဲ့ ခံယူချက်များ"

ဆွဲဆောင်မှုမြင့်မားတဲ့ လူတွေဟာ အမြဲတမ်းပဲ လူတွေကြားထဲမှာ ထင်ပေါ်နေတတ်ပြီး သူတို့ဘာကြောင့် စိတ်ဝင်စားစရာကောင်းလဲဆိုတာကို သင်သိချင်ပါလိမ့်မယ်။

Wednesday, 03 July 2019 10:50

"သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေး တစ်ယောက်အကြောင်း"

သူကတော့ I Myanmar House.com ကို စတင်တည်ထောင်ခဲ့တဲ့ ဦးနေမင်းသူပဲ ဖြစ်ပါတယ်။

Tuesday, 02 July 2019 17:21

"သတိထားရမယ့် လုပ်ငန်းခွင် Email ယဉ်ကျေးမှု (၁၀) ခု"

ကိုယ်ရေးလိုက်တဲ့ Email တစ်ခုကို ဖတ်ပြီး ဖတ်ကြည့်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ကိုယ့်အကြောင်း ထင်မြင်ချက်တွေ ဆွဲယူနေတယ်ဆိုတာ သိရင် အဲဒီ 'send'ခလုပ်ကို မြန်မြန် နှိပ်ဖို့ လက်တွန့်သွားတယ် မလား? ဟုတ်ပါတယ်။

Page 27 of 47