Tuesday, 11 June 2019 16:08

"သင် အသက် ၄၀ မတိုင်ခင် မှာဘာတွေလုပ်သင့်သလဲ"

အသက် ၄၀ ဆိုတဲ့အရွယ်မှာမှ ဘဝစတယ်….လို့ ပြောကြတာ ကြားဖူးမှာပါနော်။

Tuesday, 11 June 2019 10:53

"စာကျက်တဲ့ အခါ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် နဲ့ အချိန်ကြာကြာ မှတ်မိစေနိုင်ဖို့ "

တော်တော်များများက မိမိခေါင်းထဲကိုစာတွေရောက်ဖို့အတွက် စာကျက်ကြပါတယ်။

Monday, 10 June 2019 15:13

သင့်ရဲ့ English listening ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲ???

Listening ဆိုတာ လေ့ကျင့်သင်ယူရမည့် အရာတစ်ခုဖြစ်ပါတယ်။ English 4  Skills လုံးဟာ တစ်ခုနဲ့ တစ်ခု ချိန်ဆက်နေတဲ့ အတွက် Listening Skill ကောင်းအောင်လဲ လေ့လာသင့်ပါတယ်။ စကားဝိုင်းတစ်ခုမှာ listening Skill ကောင်းမှ သူတို့ ပြောတဲ့ ဟာကို နားလည်ပြီး ပြန်ပြောနိုင်မှဖြစ်ပါတယ်။  ဒါကြောင့် စနစ်တကျ English listening ကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲ???

Monday, 10 June 2019 14:05

"တက္ကသိုလ် ရွေးချယ်ရာတွင်"

မြန်မာနိုင်ငံက ပညာရေးစနစ် ထုံးတမ်းစဉ်လာ အတိုင်း အမှတ်များပြီဆိုတာနဲ့ ဆေးကျောင်း၊ နည်းပညာ ကျောင်း အစရှိသဖြင့် စိတ်ဝင်စားသည် ဖြစ်စေ ဝါသနာ မပါသည် ဖြစ်စေ ရွေးချယ် ကြရပါတယ်။

Monday, 10 June 2019 11:00

"အခြားသူတွေဆီက ဘယ်တော့မှ မမျှော်လင့်သင့်တဲ့ အရာ (၁၀) ခု"

မျှော်လင့်ခြင်းဆိုတာက တိကျတဲ့ရလဒ်တစ်ခုခုကို လိုချင်တဲ့စိတ်နဲ့ ဆက်စပ်နေတာပါ။

Friday, 07 June 2019 15:37

"မဖြစ်သေးတဲ့အရာတွေအတွက် မဖြစ်နိုင်တော့ပါဘူးလို့ လက်လျှော့လိုက်ပြီလား"

သင့်ရဲ့ ဖြစ်တည်မှုကို စိတ်ပျက်နေပြီလား။
သင့်ရဲ့ ရပ်တည်မှုအပေါ်မှာ ယုံကြည်ချက်မရှိတော့ဘူးလား။

Friday, 07 June 2019 15:21

"သင့်ကို အထင်သေးနှိမ့်ချ တိုင်း သင်တကယ်နိမ့်ကျသွားပြီလား"

လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေအတွက်ကတော့ လူတစ်ချို့ရဲ့အားနည်းချက်ကို လှောင်ပြောကဲ့ရဲ့စရာ၊

Friday, 07 June 2019 14:47

"ဆေးလိပ်ဖြတ်သင့်တဲ့ အဓိကအကြောင်းအရင်း (၄) ချက်"

ဆေးလိပ်သောက်ခြင်းဟာ မကောင်းတဲ့အရာတစ်ခု ဆိုတာတော့ လူတိုင်းလက်ခံထားကြပါတယ်။ အသက်ရှည်ရှည် နေထိုင်ချင်သူတိုင်း ရှောင်ရှားသင့်တဲ့အရာတွေထဲမှာ ဆေးလိပ်သောက်ခြင်းကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

တစ်ချို့ကလည်း ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို မသိသေးလို့ဖြစ်စေ ၊ တစ်ချို့ကျတော့လည်း ဆေးလိပ်ရဲ့ဆိုးကျိုးတွေ သိပါရက်နဲ့ မသောက်ဘဲ မနေနိုင်လို့ဖြစ်စေ ဆေးလိပ်ကို နေ့စဉ်သောက်နေမိကြပါတယ်။
သင်ဟာ ဆေးလိပ်ကို စွဲစွဲလန်းလန်း သောက်သုံးနေသူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် ဆေးလိပ်ဖြတ်သင့်တဲ့ အဓိကအကြောင်းအရင်း (၄) ချက်ကို လေ့လာကြည့်လိုက်ပါဦးနော်။


(၁) အသက်တိုစေခြင်း

 

ကမ္ကာပေါ်မှာ သေဆုံးမှုအများဆုံး အကြောင်းအရင်းတွေထဲမှာ ဆေးလိပ်နဲ့ဆက်စပ်နေတဲ့ ရောဂါဝေဒနာရှင်တွေကလည်း နှစ်စဉ် သန်းနဲ့ချီ ရှိနေပါတယ်။ ဆေးလိပ်ဟာ ခန္ဓာကိုယ် ကိုယ်တွင်း ကလီစာတွေအပေါ် ဆိုးကျိုးတွေများစွာ သက်ရောက်စေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ရောဂါတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် ကိုယ့်အနီးပတ်ဝန်းကျင်က လူတွေကိုလည်း ရောဂါသက်ရောက်စေတာကြောင့် ဆေးလိပ်မသောက်တာတော့ မကောင်းဆုံးဖြစ်မှာသေချာပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ အသက်ရှည်ရှည် နေချင်သူတိုင်း ရှောင်ရှားသင့်တဲ့အရာတွေထဲမှာ ဆေးလိပ်သောက်ခြင်းဟာလည်း ထိပ်ဆုံးက ပါဝင်နေတာကြောင့် ဆေးလိပ်ကို အခုပဲ စတင်ဖြတ်လိုက်ပါ။

 


(၂) အနံ့အသက်ဆိုးတွေ ထွက်ခြင်း


ဆေးလိပ်ကို စွဲစွဲလန်းလန်း သောက်သုံးသူတစ်ယောက်ရဲ့ အင်္ကျီ အဝတ်အစားတွေ ၊ အသုံးအဆောင်ပစ္စည်းတွေ အားလုံးဟာ ဆေးလိပ်နံ့တွေ စွဲကပ်နေတတ်ပါတယ်။ ဒါ့အပြင် ချွေးနံ့ဆိုးတွေ ဆိုးဆိုးရွားရွား ထွက်ခြင်း၊ ခံတွင်းအနံ့ နံခြင်း စတဲ့ ပြဿနာတွေကိုလည်း ဖြစ်ပေါ်စေတာကြောင့် အလုပ်ခွင်နဲ့ မိသားစုဝင်တွေကြားမှာလည်း ကိုယ်ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ် လာတဲ့ အနံ့ဆိုးတွေဟာ တခြားသူတွေအပေါ် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။
ကြာလာတဲ့အခါ လူအများကြား မသွားလာရဲတော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

 


(၃) အိုမင်းရင့်ရော်ခြင်း

 

ဆေးလိပ်မှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးဆိုးရွှားရွှားထိခိုက်စေရုံသာမက သင့်ရဲ့ နုပျိုလှပတဲ့ မျက်နှာနဲ့ အရေပြားကျန်းမာရေးကိုလည်း အများကြီးထိခိုက် ပျက်စီးစေမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်း ဆဲလ်သေတွေကြောင့် အမဲကွက်နဲ့ ဝက်ခြံများ ထွက်ပေါ်လာခြင်းစတဲ့ ပြဿနာတွေကို ခံစားရမှာဖြစ်ပြီး ရှိရင်းစွဲအသက်ထက် (၅) နှစ်လောက် ပိုမိုအိုမင်းရင့်ရော်နေမှာ ဖြစ်ပါတယ်။
သို့ပေမယ့် ဆေးလိပ်ဖြတ်ပြီး (၂) ပတ်အတွင်းမှာတင် အဆိုပါ အိုမင်းရင့်ရော်တဲ့ပြဿနာဟာ ပျောက်ကင်းစေနိုင်တာကြောင့် အချိန်မှီ ဆေးလိပ်ဖြတ်ဖို့ အကြံပြုချင်ပါတယ်။

 


(၄) ငွေကုန်ကြေးကျများခြင်း


ဆေးလိပ်သောက်ခြင်းဟာ ပိုက်ဆံကို မီးရှို့လိုက်တာနဲ့ အတူတူပဲလို့ပြောကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ ပိုက်ဆံကို မီးရှို့ လိုက်တာဟာ ငွေဆုံးရှုံးမှုတစ်ခုပဲ ဖြစ်စေမှာဖြစ်ပြီး ဆေးလိပ်သောက်ခြင်းကတော့ ငွေကြေးကုန်ကျတဲ့အပြင် ရောဂါပါထပ်ဆောင်းအပိုရရှိမှာဖြစ်ပါတယ်။ တစ်နေ့ကို ဆေးလိပ်တစ်ဗူးသောက်မယ်ဆိုရုံဖြင့် သင့်ရဲ့ အိတ်ကပ်ထဲ ငွေဘယ်လောက်ကုန်မလဲဆိုတာ တွက်ချက်ကြည့်လိုက်ပါ။
တစ်နေ့ကို ထောင်ဂဏန်းလောက်ကုန်တာမသိသာပေမယ့် နှစ်နဲ့ချီပြီး ပြန်တွက်ကြည့် လိုက်မယ်ဆိုရင် ငွေအမောက်ပမာဏ တော်တော်လေးကို များပြားပြီး အင်မတန်နှမြောဖို့ ကောင်းပါတယ်။ ဒါကြောင့်ဆေးလိပ်သောက်မယ့်ပိုက်ဆံလေးတွေကို စုပြီး လိုအပ်တဲ့နေရာတွေမှာသာ အကျိုးရှိရှိ အသုံးချသင့်ပါတယ်နော်။

 

source: Kwee

sayar.com.mm

 

Friday, 07 June 2019 14:20

အင်္ဂလိပ်စကားပြော ရာတွင် ဆွဲဆောင်မှုရှိစေဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၆) ခု

ဆွဲ ဆောင်မှုရှိတယ်ဆိုတာ က ကိုယ်ပြောလိုက် တဲ့ စကားလုံး တိုင်းကို တစ်ဖက်လူက စိတ်ဝင်တစားရှိမှုကိုပြောခြင်းဖြစ်ပါတယ်။

Friday, 07 June 2019 10:43

"သင့်ရဲ့ အောင်မြင်ခြင်းကို ပိတ်ပင်တားဆီးနေသော အတွေးများနှင့် အမူအကျင့်များ"

(၁) ကြီးမားတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ဦးတည်ချက်မရှိ၊ လက်တွေ့လုပ်ဆောင်ချက်မရှိပဲ မျောလွင့် အကျင့်ပါခြင်း

Page 31 of 47