Monday, 27 May 2019 15:00

" သင့်ကိုယ်သင်ပြန်တွေးပါ ..သင်ဟာပြောင်းလဲဖို့ လို အပ်နေတဲ့သူ တစ်ယောက်လားဆိုတာ"

အိပ်ချင်ယောင်ဆောင်နေတဲ့သူကို နှိုးရခက်တယ်တဲ့။ မသိတဲ့ သူကို သင်ပေးရတာထက် သိပြီးသားသူကို သင်ပေးရတာ ပိုခက် တယ်တဲ့။

Monday, 27 May 2019 13:54

သင့်ရဲ့ အင်္ဂလိပ်စာလေ့လာခြင်းကို ထိရောက်စွာအထောက်ကူပြုနိုင်တဲ့ အချက်(၇) ချက်

၁. မရှက်မကြောက် များများပြောပေးပါ.

Monday, 27 May 2019 10:23

ဒီလိုရှေ့ပြေးလက္ခဏာတွေ ကြုံလာရင် မကြာခင်မှာ သင့်ဆီ ကံကောင်းခြင်းတွေ ရောက်လာတော့မှာပါ

မကြာခင်မှာ ကံကောင်းခြင်းတွေ သင့်ဆီကို ရောက်လာတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ..?

Saturday, 25 May 2019 16:18

Super Sunday မှာ မိသားစုနဲ့ ဘယ်လိုအချိန်ဖြုန်းကြမလဲ

အခုခေတ်က လူတိုင်းလူတိုင်း အပြင်မှာ နေ့တိုင်းထွက်ပြီး အလုပ်လုပ်နေကြရတာဆိုတော့ အားတဲ့နေ့လေးတွေမှာ မိသားစုကို အချိန်ပေးဖို့ တိုက်တွန်းချင်ပါတယ်နော်။

Saturday, 25 May 2019 16:05

"မိဘတွေနဲ့ ခွဲနေရသူတွေဟာ ပိုပြီးအောင်မြင်နိုင်ကြောင်းပြောပြနေတဲ့ အချက် (၅) ချက်"

တချို့တွေကတော့ ပညာစုံနေပေမယ့်လည်း မိဘနဲ့အတူ လက်ငုတ်လက်ရင်းကိုပဲ လုပ်ကိုင်ရင်း ဇာတိချက်ကြွေမွေးရပ်မြေမှာ အခြေကျတတ်ပါတယ်။

Saturday, 25 May 2019 14:37

" ဘဝမှာ ဘယ်တော့မှ အပေါင်း အသင်း မလုပ်သင့်တဲ့ လူ (၅) မျိုး "

လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့ အမျိုးဖြစ်ပါတယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုမရှိဘဲ လောကကြီးမှာ နေထိုင်ခဲ့ မလွယ်ပါဘူး။

Saturday, 25 May 2019 13:06

"ကျောင်းတက်နေရင်း ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့ လူငယ်တွေ လိုက်နာရမယ့် အချက် (၁၀) ချက်"

လူငယ်တွေအနေနဲ့ လုပ်ငန်းရှင်ဖြစ်ဖို့က လက်ရှိအလုပ်ကနေထွက်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဆိုတဲ့ အဆင့်နှစ်ခုပဲရှိပါတယ်။

Friday, 24 May 2019 17:50

"သင့်ကိုတန်းဖိုးထားရာ အရပ်မှာ နေထိုင်ပါ"

လူတစ်ယောက်ရဲ့ တန်ဖိုး...သို့မဟုတ်

တစ်စုံတစ်ခုရဲ့ တန်ဖိုးဟာ တန်ဖိုးသိသူ

လက်ထဲမှာပဲ တန်ဖိုးရှိတတ်ပါတယ်။

ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ ပန်းချီကား

ကြီး ဖြစ်နေပါစေ။ ပန်းချီကို အထင်မကြီး

တဲ့သူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ အဲ့ဒီ

ပန်းချီကားဟာ တန်ဖိုးကြီးလာမှာ မဟုတ်

ပါဘူး။ အဲ့ဒီပန်းချီကို သူပစ်ထားချင်ပစ်ထား

မယ်၊ ဒါမှ မဟုတ် ဖျက်ဆီးချင်ဖျက်ဆီးမယ်၊

ဒါမှ မဟုတ် တန်ဖိုးရှိထားသူ တစ်ဦးဆီ

ရောင်းမယ်။ သေချာတာ သူ့လက်ထဲမှာ

တော့ တန်ဖိုးထားဖို့ မရှိပါဘူး။


လူဆိုတာလည်း ဒီလိုပါပဲ။ မိမိရဲ့တန်ဖိုးဟာ

မိမိကို တန်ဖိုးထားသူ လက်ထဲမှာပဲ တန်ဖိုး

တက်လေ့ရှိပါတယ်။ သင်ဟာ ဘယ်လောက်

ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ အနစ်နာ

ခံခံ သင့်တန်ဖိုးကို မသိတဲ့သူတစ်ယောက်

ဟာ သင့်ကိုတန်ဖိုးထားလာမှာ မဟုတ်ပါ

ဘူး။ ဒီအချက်ဟာ လှုမှုရေး၊ အချစ်ရေး၊

စီးပွားရေး အားလုံးမှာ အကျုံးဝင်ပါတယ်။


မိမိဟာ တန်ဖိုးရှိတဲ့ လူတစ်ယောက်လို

မိမိဘာသာယုံကြည်ရင် မိမိတန်ဖိုးတွေကို

အမြဲထိန်းသိမ်းပါ။ ရူးသွပ်သင့်သလောက်

ရူးသွပ်နိုင်ပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွား

တဲ့ တန်ဖိုး မမဲ့သွားပါစေနဲ့။ သင့်တန်ဖိုးကို

လူတိုင်းမြင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်

ဝမ်းမနည်းပါနဲ့။ သင့်ကိုတန်ဖိုးထားသူတွေ

နဲ့ ပျော်ပျော်ရွှင်ရွှင်ဘဝကို ဖြတ်သန်းပါ။


ဘယ်လောက်ပဲ အနစ်နာခံတတ်သူဖြစ်ပါစေ။

တန်ဖိုးထားခြင်းလုံးဝမခံရတဲ့ ပတ်ဝန်းကျင်

မှာတော့ ပျော်ကြမှာ မဟုတ်ပါဘူး။ အနစ်နာ

ခံရတာပဲ ပျော်တယ်ဆိုရင်တော့ မတားပါဘူး။

လူသားပီပီ အတ္တနည်းနည်းရောချင်တယ်ဆို

ရင်တော့ သင့်ကို တန်ဖိုးထားသူတွေနဲ့ဘဝ

ကို ဖြတ်သန်းပါ။

Credit မိုးရှင်း (I.M.T)

Friday, 24 May 2019 16:22

"စိတ်ကျရောဂါဝင်နေပြီဆိုတာ သိနိုင်တဲ့အချက် (၁၀) ချက်"

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေဆိုတာကတော့ အနည်းနဲ့အများဆိုသလိုရှိကြမှာပါ။

Friday, 24 May 2019 15:48

"လူတိုင်းသိထားသင့်တဲ့ စိတ်ပညာနဲ့ ပက်သက်ပြီး သိပ္ပံပညာရှင်တွေပြောတဲ့ အချက် (၅) ချက်"

အခုဖော်ပြပေးမှာကတော့ စာအုပ်တွေထဲမှာတောင် အလွယ်တကူ ရှာမတွေ့နိုင်တဲ့ လူသားတို့်ရဲ့ စိတ်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ စိတ်သဘောသဘာဝဟာ သမုဒ္ဒရာတစ်ခုလိုပဲ နက်ရှိုင်းပြီး ကျယ်ပြောလှပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့စိတ်ကို တခြားတစ်ယောက်က အလွယ်တကူ မမှန်းဆနိုင်တာပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သိပ္ပံပညာရှင်တွေဟာ လူသားတွေရဲ့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အချိန်များစွာပေးပြီး လေ့လာစူးစမ်းနေကြပါပြီ။

ဒါကြောင့်လည်း ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေ တွေ့ရှိလာရတာ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ စာအုပ်တွေထဲမှာတောင် အလွယ်တကူ ရှာမတွေ့နိုင်တဲ့ လူသားတို့်ရဲ့ စိတ်ပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

 

(၁) IQ မြင့်မားတဲ့သူတွေဟာ လူမှုဆက်ဆံရေးမှာ အားနည်းကြပါတယ်

lone

 

လေ့လာတွေ့ရှိချက်တွေအရ IQ မြင့်မားတဲ့သူတွေဟာ လူမှုဆက်ဆံရေးမှာ ညံ့ဖျင်းကြတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ တစ်ယောက်တည်း နေထိုင်ရတာကို နှစ်သက်ကြပြီး သူငယ်ချင်း အပေါင်းအသင်းလည်း များများစားစား မလိုချင်ကြပါဘူး။

သူတို့ရဲ့ IQ ဟာ မြင့်မားတာကြောင့် သူတို့ဟာ လှုမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေကို ဖြေရှင်းချင်စိတ်မရှိကြဘဲ အဲဒီအရာတွေကို အချိန်ဖြုန်းတဲ့ အကြောင်းအရာတွေလို့သာ သတ်မှတ်ကြတာဖြစ်ပါတယ်။

 

(၂) လူတွေဟာ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ခန္ဓာကိုယ်က အရောင်အသွေးတွေ ပြောင်းလဲလေ့ရှိပါတယ်

colour

 

ကျွန်တော်တို့လူသားတွေဟာ မကျန်းမမာဖြစ်တဲ့ အချိန်ရောက်မှသာ နှုတ်ခမ်းတွေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ မျက်တွင်းညိုခြင်းတို့် ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာလည်း အဲဒီလိုအရာတွေ ဖြစ်တတ်ပါတယ်။

 

(၃) သင့်စိတ်ထဲမှာ အရမ်းလုပ်ချင်နေတဲ့ အရာတွေကို ဘယ်တော့မှ တခြားသူတွေကို ထုတ်မပြောပါနဲ့

174341428

 

သင် ဝိတ်ချဖို့ ပြင်ဆင်နေပါလား? မနက်တိုင်း အပြေးလေ့ကျင့်ဖို့ ကြိုးစားနေပါလား? ဒါမှမဟုတ် နိုင်ငံခြားဘာသာစကားတစ်ခုခုကို သင်ကြားဖို့ ပြင်ဆင်နေပါသလား? သင်လုပ်ဖို့ ဆုံးဖြတ်ထားပြီး ပြင်ဆင်နေတဲ့အရာက ဘာပဲဖြစ်နေပါစေ...ဘယ်သူ့ကိုမှ မပြောပါနဲ့။

အကြောင်းကတော့ သင့်ရဲ့ ဦးနှောက်ဟာ သင်တစ်ခုခုကို လုပ်မယ်လို့ ထုတ်ပြောလိုက်တဲ့အခါမှာ ၎င်းက လုပ်ပြီးပြီလို့ သတ်မှတ်လိုက်တာကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေ လုပ်ချင်တဲ့အရာတွေကို "လုပ်မယ်...လုပ်မယ်" လို့ပြောပြီး အတော်နဲ့ မလုပ်ဖြစ်တာထင်ပါတယ်။

 

(၄) နိုင်ငံခြားဘာသာစကား တစ်ခုခုကို သင်ယူခြင်းဟာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူ ပြုပါတယ်

woman hand desk office

 

လူတွေဟာ အရမ်းကို စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်တွေမှာ ဆုံးဖြတ်ချက်တွေကို အလျင်စလို ချမှတ်လိုက်တတ်ကြပါတယ်။ ဒါ့အပြင် ၎င်းအချက်တွေဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများလေ့ရှိပါတယ်။

သိပ္ပံပညာတွေကတော့ အဲဒီလို အမြန်ဆုံးဖြတ်မိတဲ့ အကျင့်ကို ဖျက်ဖို့အတွက် နိုင်ငံခြားဘာသာစကား တစ်ခုခုကို သင်ယူဖို့ အကြံပေးထားပါတယ်။

သင့်အနေနဲ့ အရာတစ်ခုကို အလျင်စလို ဆုံးဖြတ်ချက်မချခင်မှာ အဲဒီအရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သင် သင်ယူထားတဲ့ နိုင်ငံခြားဘာသာစကားနဲ့ တစ်ခုခုပြန်ပြီး တွေးတောစဉ်းစားပါ။

အဲဒီလို စဉ်းစားလိုက်တဲ့ အခါမှာ သင့်ရဲ့ ဦးနှောက်ဟာ ဘာသာစကားဆီသို့ ပြောင်းလဲသွားပြီး စိတ်အနည်းငယ် တည်ငြိမ်လာပါလိမ့်မယ်။ အဲဒီအချိန်မှသာ ဆုံးဖြတ်ချက်ချပါ။

 

(၅) လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး စိတ်ကျလွယ်ပါတယ်

pexels photo 551590

 

သုတေသန ပြုလုပ်ချက် တစ်ခုအရ လူငယ်တွေဟာ လူကြီးတွေထက်ပိုပြီး စိတ်ကျလွယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့စိတ်အဆင်းရဲရဆုံး လူသားတွေဟာ အများအားဖြင့် အသက်(၃၀) အောက်တွေ ဖြစ်ကြတယ်လို့လည်း ဆိုထားပါသေးတယ်။

ဒါတင်မကသေးပါဘူး။ အသက်(၁၈)နဲ့ (၃၀) နှစ်ကြားမှာရှိတဲ့ အမျိုးသား/ အမျိုးသမီး တိုင်းဟာ စိုးရိမ်ကြောင့်ကြပူပန်မှုတွေ နဲ့ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းတွေ အများဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

Ref; lunge

Page 34 of 47