Thursday, 06 June 2019 16:03

"ဘဝကိုအောင်အောင်မြင်မြင်နဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် စွန့်လွှတ်ရမယ့် အရာ (၁၀)ခု"

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခြင်း

Thursday, 06 June 2019 10:28

အောင်မြင်သူတွေရဲ့ဘဝကိုထိန်းချုပ်နည်း

အောင်မြင်သူနဲ့ မအောင်မြင်သူရဲ့ကြားမှာ ကွာဟချက်အကြီးကြီးကိုရှိပါတယ်။ ကြိုးစားထားရတဲ့အရာတွေခြင်းလည်း ကွာဟနေပါတယ်။

Wednesday, 05 June 2019 15:05

"သင်္ချာဘာသာရပ်မှာ ပိုတော်လာအောင် ဘယ်လို လေ့လာသင့်လဲ"

၁. အကူအညီတောင်းခံပါ။ အတန်းထဲမှာ ကိုယ်နားမလည်တာ ရှိရင်ဆရာ အတန်းထဲမှာမေးပါ။

Wednesday, 05 June 2019 13:16

"Memory card ထပ်စိုက်သလိုမျိုး မှတ်ဥာဏ်ပိုကောင်းလာစေမည့် နည်းလမ်း ကောင်းများ"

Computer တွေ Phone တွေမှာလည်း memory card တွေထပ်စိုက်ကြတယ်။ ဘာဖြစ်လို့လဲ… အဖြေက ရှင်းပါတယ် လုပ်ဆောင်ချက်တွေ ပိုကောင်းချင်လို့ စွမ်းဆောင်ရည်တွေ ပိုမြင့်ချင်လို့ပါ။ ကျွန်တော်တို့ ဦးနှောက်ဆိုတာကလည်း computer တွေရဲ့ memory တွေလိုပါပဲ။ မှတ်ရတာတွေ တွက်ချက်ရတာတွေ စဉ်းစားတွေးခေါ်ရတာတွေ သင်ယူမှုတွေ လုပ်ဆောင်ရပါတယ်။

Phone တွေ computer တွေမှာတော့ memory card ဝယ်ပြီး ထပ်စိုက်လို့ရသလို ကျွန်တော်တို့ ဦးနှောက် ကိုလည်း memory ထပ်စိုက်သလိုမျိုး စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန်လာအောင် မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေရှိပါတယ်။

 

၁. သင်ကြားရပိုလွယ်ကူစေဖို့ ချရေးပါ

pexels-photo-834897.jpeg


အတန်းတက်တာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲနားထောင်တာပဲ ဖြစ်ဖြစ်၊ ရှေ့က ဆရာ/ ဟောပြောသူတွေ ပြောတဲ့ အကြောင်းအရာတွေကို ဒီအတိုင်း နားထောင်မယ့်အစား စာရွတ်လွတ်ထဲမှာ ဘောပင်နဲ့ ချရေးကာလိုက်မှတ်ပါ။
Laptop သို့မဟုတ် Tablet တို့၊ I-pad တို့ထဲမှာ စာရိုက်ကာ မှတ်တာထက်စာရင် လက်ရေးနဲ့ ရေးမှတ်တာက အသေးစိတ် အချက်အလက်တွေကို ပိုမှတ်မိလွယ်စေသလို အချိန်ကြာကြာလည်း မှတ်မိစေပါတယ်။
ဘောပင်ကို စာရွက်ပေါ်တင်လိုက်တဲ့ လက်ရဲ့ လှုပ်ရှားမှုက ဦးနှောက်ရှိ သင်ကြားရေးဌာန အစိတ်အပိုင်းကို လှုံ့ဆော်လိုက်တာကြောင့် အချက်အလက်တွေကို ပိုလွယ်ကူစွာ မှတ်ယူနိုင်တာပဲ ဖြစ်ပါတယ်။


၂. လက်ဟန် ခြေဟန်ကိုလည်း သုံးပါ

pexels-photo-2422280.jpeg


လက်ဟန်ခြေဟန် အသုံးပြုပြီး စိတ်ထဲပုံဖော်ကြည့်တာကလည်း အချက်အလက်တွေကို ပိုမှတ်မိစေပါတယ်။ ဦးနှောက်က စာကြောင်းတွေထက် စာရင် ပုံရိပ်ကို ပိုမှတ်မိတတ်ပါတယ်။


၃. မှတ်ဥာဏ်ထက်စေဖို့ စကားပြောပါ

pexels-photo-1181717.jpeg


နာမည်တွေ၊ နေ့စွဲတွေ၊ နံပါတ်တွေကို သတိမမေ့ဘဲ မှတ်မိနေစေမယ့် လျှို့ဝှက်ချက်ကတော့ သူငယ်ချင်း တွေနဲ့ စကားစမြည်ပြောဆိုတာပါပဲ။
စကားကိုစိတ်ပါလက်ပါ ပြောသူတွေဟာ ဦးနှောက်ကောင်းစေတဲ့ ဂိမ်းကစားနည်းတွေကို အချိန်ကြာ ကစားသူတွေလောက် မှတ်ဥာဏ်ကောင်းတာကို လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။
ဥာဏ်ကစားနည်းတွေလိုပဲ စကားပြောဆိုခြင်းက မှတ်ဥာဏ်ကိုထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။


၎. အပေါင်းအသင်းများလေကောင်းလေ

pexels-photo-1267697.jpeg


သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများသူတွေဟာ ဦးနှောက်ရှိ မှတ်ဥာဏ်ထိန်းပေးတဲ့ အာရုံစူးစိုက်စေတဲ့ သူများရဲ့ စိတ်ခံစားချက်တွေကို သိစေတဲ့ အစိတ်အပိုင်း ပိုကြီးကြောင်း လေ့လာချက်တစ်ခုအရ တွေ့ရပါတယ်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်း နယ်ပယ် ချဲ့ထွင်ပါ။


၅. ဦးနှောက်အိုမင်းမှု လျော့ကျစေဖို့ ဘလူးဘယ်ရီစားပါ

pexels-photo-545040.jpeg


အာဟာရပြည့်ဝတဲ့ ဘလူးဘယ်ရီသီးတွေက ဦးနှောက်ကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် တစ်လစားပေးရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဥာဏ် လျော့နည်းကျဆင်းမှုကို သက်သာစေပါတယ်။


၆. ဥာဏ်ကောင်းစေဖို့ ကော်ဖီချိုချိုသောက်ပါ

pexels photo 1251175


ကော်ဖီမှာ သကြားထည့်သောက်ပါ။ ကဖင်းနဲ့ သကြားတွဲပြီး စားသောက်တာက ဦးနှောက်ဆဲလ်တွေကို အားဖြည့်ကာ ဦးနှောက်စွမ်းအား ပိုကောင်းစေ​ပါတယ်။


၇. အိုင်ဒီယာသစ်တွေ ထွက်ဖို့ လမ်းလျှောက်ပါ

pexels-photo-1556710_1.jpeg


ခန္ဓာကိုယ် ချွေးထွက်ပြီး နှလုံးခုန်မြန်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ကို လှုံဆော်ကာ အလုပ်ပိုလုပ်စေတာကြောင့် ဖန်တီးနိုင်မှု စွမ်းရည်တွေ ပိုပြီး ထွက်ရှိစေပါတယ်။


၈. အနည်းငယ်ပြင်းထန်သော ရနံ့

pexels-photo-544117.jpeg


သင်းကြိုင်တဲ့ ရနံ့သစ်တွေ ရှာဖွေပါ။ မနက်အိပ်ရာထတဲ့အခါ ကော်ဖီမှုန့်လို အနံ့အသက်ပြင်းရှတဲ့ အရာတစ်ခုခုကို ရှူရိုက်ပါ။
ရနံ့က လူရဲ့ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်ကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေပြီး အနံ့ခံစားတတ်မှု အားကောင်းလေလေ ၊ ဦးနှောက်မှတ်ဥာဏ် ထက်မြတ်လေလေ ဖြစ်ပါတယ်။


၉. ကောင်းမွန်စွာ အိပ်စက်ပါ

pexels-photo-914910_1.jpeg


ကောင်းမွန်စွာ အိပ်ပျော်ခြင်းဖြင့် ဦးနှောက်စွမ်းရည်တွေကို အသစ်ပြန်လည်ရရှိစေပြီး မှတ်ဥာဏ်တွေ တစ်စုတစ်စည်းတည်းဖြစ်စေတယ်လို့ လက်ခံထားပါတယ်။
အိပ်ရေးပျက်ခြင်းက မှတ်ဥာဏ်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး ဦးနှောက်စွမ်းဆောင်ရည်တွေကို ထိခိုက် စေပါတယ်။


(၁၀) နေ့စဉ်ပုံမှန် အစားအသောက်

pexels-photo-220911_1.jpeg


မှတ်ဥာဏ်အားနည်းစေတဲ့ အီလက်ထရွန်တွေ ပျက်ပြယ်စေတာကြောင့် ဘလူးဘယ်ရီ ၊ ပန်းသီး ၊ ငှက်ပျောသီး ၊ အစိမ်းရင့်ရောင့် ဟင်းသီးဟင်းရွက်များ ၊ ကြက်သွန်ဖြူ ၊ မုန်လာဥ စတဲ့ အင်တီအောက်ဆီးဒင်း မြင့်မားတဲ့ အစားအစာတွေ စားသုံးပေးဖို့ အကြံပြုထားပါတယ်။
ဦးနှောက်က ငါးနဲ့ အခွံမာအသီးတွေမှာတွေ့ရတဲ့ အိုမီဂါ-၃ အဆီအက်ဆစ်များကဲ့သို့ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ အဆီများမှ အကျိုးကျေးဇူး ရရှိပါတယ်။


၁၁. ဦးနှောက်ကို အလုပ်ပေးပါ

pexels-photo-1040157.jpeg


သင့်ဦးနှောက် ချွေးထွက်အောင် လုပ်ပါ။ စဉ်းစား တွေးခေါ်ပါ။ Sudoku, crossword puzzle စတဲ့ ကစားနည်းများက မှတ်ဥာဏ်စွမ်းရည် ကောင်းမွန်စေပါတယ်။
စစ်တုရင်၊ စာလုံးဆက်ကစားနည်း ကစားနိုင်တယ် သို့မဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ပါတယ်။

 

Ref; thutakabar

မိမိသင်ကြားလိုသောဘာသာရပ်များနှင့် တစ်ဦးချင်း သင်ကြားပေးသော ဆရာ၊ ဆရာမများကို  ဤလင့်ခ် sayar.com.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Wednesday, 05 June 2019 11:41

အင်္ဂလိပ်ဘာသာလေ့လာဖို့ ဘာတွေလိုအပ်ပါသလဲ?

(၁) အချိန်
နေ့စဉ် လေ့လာ၊ နားထောင်၊ ပြောဆို၊ ဖတ်မှတ်နေရပါမယ်။


.
(၂) စိတ်ရှည်မှု
ဘာသာစကားလေ့လာမှုအတွက် အတိုင်းအတာတစ်ခုအထိ ကြာမြင့်တဲ့ အချိန်ကာလတစ်ခု လိုအပ်ပါတယ်။
က) ဆန္ဒမစောပါနဲ့။
ခ) လက်မလျှော့ပါနဲ့။
ဂ) မကြောက်ပါနဲ့။


.
(၃) ပျော်ရွှင်မှု။
ဘာသာစကားလေ့လာမှုမှာ ပျော်ပျော်ရွှင်ရွှင် လေ့လာရင် မငြီးငွေ့ဘဲတိုးတက်မှုမြန်ဆန်မှာ ဖြစ်ပါတယ်။ ပျော်စရာလေးတွေ ဖန်တီးယူရမှာ ဖြစ်ပါတယ်။


.
(၄) ဆရာကောင်း၊ သူငယ်ချင်းကောင်း
ဆရာကောင်းကောင်းရှိရင်၊ အင်္ဂလိပ်စကားအပြောကောင်းတဲ့ သူငယ်ချင်းရှိရင် အတော်လေးအထောက်အကူ ရပါလိမ့်မယ်။ တစ်ခါတလေမှာ စာအုပ်တွေ၊ တိတ်ခွေတွေက လိုချင်တဲ့အဖြေကို မပေးနိုင်တာတွေ ကြုံရတတ်ပါတယ်။


.
(၅) လေ့လာဖေါ်လေ့လာဖက်
အင်္ဂလိပ်စာဝါသနာပါသူတွေနဲ့အတူလေ့လာပါ။ ပျော်ရွှင်စရာကောင်းပြီး စိတ်ညစ်ရတာတွေ လျော့နည်းလာပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ သင်တန်းတက်ပြီးဖြစ်ဖြစ် လေ့လာဖက်အုပ်စုလေးဖွဲ့ပါ။


.
(၆) ဝေါဟာရစာအုပ်
စကားလုံးအသစ်တွေကို ချရေးထားပြီးကျက်မှတ်ဖို့အတွက် ဝေါဟာရမှတ်စုစာအုပ်လေးထားရပါမယ်။ ဖြစ်နိုင်ရင် အဓိပ္ပာယ်ကိုဘာသာမပြန်ပါနဲ့။ ပြီးတော့ နည်းလမ်းကောင်းတစ်ခုက တစ်လုံးချင်းမှတ်တာထက် စာကြောင်းလိုက် ကူးရေးထားပြီးအဓိပ္ပာယ်ကိုမှတ်သားတာပါ။


.
(၇) အဘိဓာန်ကောင်းကောင်းတစ်အုပ်
အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို ဆိုလိုပါတယ်။ ဒါဟာအင်္ဂလိပ် ဝေါဟာရတွေ ပိုပြီးတိုးပွားစေပါတယ်။
.

••• အင်္ဂလိပ်ဘာသာလေ့လာဖို့ ဒီဗီဒီ (သို့) ဗီဒီယိုဖိုင်ကိုသုံးတာ အတော်ကောင်းပါတယ်။ အကောင်းဆုံးနည်းကတော့-
(၁) အင်္ဂလိပ်စကားပြောဒီဗီဒီ (သို့) ဗီဒီယိုဖိုင်ကို စာတမ်းထိုးမပါဘဲ ကြည့်ပါ။
(၂) စာတမ်းထိုးပြီးနောက်တစ်ခေါက်ကြည့်ပါ။
(၃) လိုအပ်ရင် တစ်ချို့အခန်းတွေကို နောက်ပြန်ရစ်ကြည့်ပါ။
(၄) စာတမ်းထိုးမပါဘဲ နောက်တစ်ခေါက်ကြည့်ပါ။
(၅) ကြည့်နေစဉ်မှာစကားလုံးအသစ်တွေ၊ အသုံးအနှုန်းအသစ်တွေကို မှတ်စုစာအုပ်ထဲမှာ ချရေးထားပါ။
.
ဒီလိုနည်းတွေနဲ့ စနစ်တကျ ဇွဲကောင်းကောင်းနဲ့လေ့လာမှတ်သားရင် အင်္ဂလိပ်စာတိုးတက်လာပါလိမ့်မယ်။
.
ဒီလောက်ဆိုရင် အင်္ဂလိပ်စာကို ဘယ်လိုလေ့လာရမလဲဆိုတာ သိလောက်ပါပြီ။

 

 Credit ; Saya Min Myo Thant


တစ်ဦးချင်း အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ၊ ဆရာမ များကို ဤလင့်ခ် sayar.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Monday, 03 June 2019 10:43

"တံခါးပေါက်လေးက ပြောပြနေတဲ့ သင့်အကြောင်း"

ဒါလေးကတော့ အင်တာနက်မှာ လူတွေ စိတ်ဝင်စားကြတဲ့အရာလေးပါပဲ။ တံခါးငါးချပ် ပေးထားပါတယ်။

Friday, 31 May 2019 11:14

လူငယ်တစ်ယောက်ရဲ့ တန်ဖိုး

လူငယ်တစ်ဦး ဖြစ်နေလျက်နဲ့
အယူသီး လွန်းနေရင်
အတွေးအခေါ် နည်းရာ ရောက်တယ်။

Friday, 31 May 2019 10:57

"သင် မအောင်မြင်ရခြင်း အကြောင်းရင်း (၆)ချက်"

ဘဝဆိုတာ ရှာဖွေခြင်းပါပဲ။ ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။

Friday, 31 May 2019 10:38

နောက်လိုက်ကောင်းတို့ မည်သည်………………

ဒီနေ့  တော့ နောက်လိုက်တွေ (followership) အကြောင်း ပြောပြချင်ပါတယ်။

Friday, 31 May 2019 10:12

"Adjective နဲ့ Adverb ပုံစံတူတဲ့အခါ ရှုပ်ထွေးတတ်လို့ သတိထားပြီးမှတ်သားပါ"

တချို့သော အင်္ဂလိပ်စာလုံးများဟာ adj နဲ့ adv ပုံစံတူပါတယ် ၊ အဲလို ပုံစံတူဖြစ်နေတယ်ဆိုတာကို သိထားရပါမယ် ၊ အဲဒီထက် ပိုပြီး ရှုပ်ထွေးတာက နောက်ထပ် adj, adv ပုံစံကွဲတွေ ထပ်ရှိနေပြီးတော့ အဓိပ္ပါယ်တွေက ပုံမှန်ထင်ရတဲ့ အဓိပ္ပါယ်တွေ မဟုတ်လို့ မှားတတ်ပါတယ်။

Page 32 of 47