ဘဝဆိုတဲ့ ခရီးလမ်းကိုလျှောက်လှမ်းနေရင်း တခါတလေမှာ ရွေးချယ်စရာမရှိလမ်းဆုံးရောက်သွားတာမျိုး ဒါမှမဟုတ် ရွေးရခက်နေတဲ့ လမ်းဆုံလမ်းခွရောက်သွားတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
သင်ဘယ်နေရာ မှာပဲ ရှိနေရှိနေကိစ္စမရှိပါဘူး။ ဒါပေမယ့် သင်ရဲ့ဘဝမှာ ပျော်ရွှင်မှုမရှိတော့ဘူး ဒါမှမဟုတ် သင့်ဘဝရှေ့ရေး ကို ဘယ်လိုဆက်ပြီး လျှောက်လှမ်းရမလဲမသိတော့ဘူးဆိုရင်တော့ သင့်ပြန်ပြီး တွက်ချက်မှုတွေ လုပ်ရမှာပါ။
သင်မသိနိုင်ပါဘူး။ အခုကနေနောင်ငါးနှစ်ကြာသွားတဲ့ အချိန်မှာ သင့်ကို ပျော်ရွှင်စေမယ့်အရာကို သင်သိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိသင့်ကို ပျော်ရွှင်စေပြီး သင့်ဘဝကိုအဓိပ္ပါယ်ရှိစေမယ့် အရာကိုတော့ သင်သိနိုင်ပါတယ်… လက်ရှိရောက်နေတဲ့နေရာက ကျောင်းသားဘဝပဲဖြစ်ဖြစ် အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပေါ့။ ကလေးတွေအတွက် သူတို့အနာဂတ်ဘဝကို ပုံဖော်ရွေးချယ်နိုင်စေဖို့ ကျောင်းသားဘဝကတည်းက စိတ်ဝင်စားတဲ့ အတန်းပဲဖြစ်ဖြစ် စိတ်မဝင်စားတဲ့ အတန်းတွေ ဘာသာရပ် တွေပဲဖြစ်ဖြစ် လေ့လာသင်ယူသင့်ပါတယ်။ တခါတလေမှာ ကိုယ်စိတ်မဝင်စားဘူးလို့ ထင်ပေမယ့် လက်တွေ့လေ့လာပြီး လုပ်ဆောင်ရတဲ့ အခါမှာ “အော်… ငါစိတ်ဝင်စားတာ ဒါဘာလား” ဆိုပြီး ဖြစ်တတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက အကူအညီဖြစ်စေမှာပါ။
၁. သင်ဟာ အနာဂတ်တစ်ခုလုံးကို ကြိုတင်တွက်ချက် နိုင်မှာမဟုတ်ပါဘူး။
နောင်ဘာဖြစ်မယ်ဆိုတာ မသိနိုင်တာကို…အမှတ်ရပါ။ ဘဝဆိုတာ အံ့သြပြီးစိတ်ဝင်စားစရာကောင်းတဲ့ အလှည့်အပြောင်း အချိုးအကွေ့တွေနဲ့ ပြည့်နေတာပါ။ သင်နှစ်သက်တဲ့ ဝါသနာပေါ်အခြေခံပြီး ဖန်တီးထားတဲ့အလုပ်ကိုလုပ်နေရတယ်ဆိုရင်တော့ သင်ရဲ့ဘဝကို စိတ်ဝင်စားစရာ ပျော်ရွှင်စရာတွေနဲ့ တည်ဆောက် နိုင်မှာပါ။ သင်အခုလက်ဝတ်ရတနာတွေကို ပြုလုပ်ရတာကြိုက်ကောင်းကြိုက်နိုင်မယ်။ သင်ဖန်တီးထားတဲ့ ဒီဇိုင်း ရောင်းရချင်မှာ ရောင်းရမယ်။ နောင်ငါးနှစ်အတွင်းမှာ သင်ဟာ အောင်မြင်တဲ့ လက်ဝတ်ရတနာဒီဇိုင်းနာ တစ်ယောက်ဖြစ်လာနိုင်ပါတယ် ဒါမှမဟုတ် တခြားသင်စိတ်ဝင်စားတဲ့ လမ်းကြောင်းတခုခုပေါ်ကိုလည်း သင်ပြောင်းသွားနိုင်ပါတယ်။ သင်ရဲ့လုပ်ငန်းကျရှုံးသွားခဲ့ တယ်ဆိုရင်တောင် သင်ဆီမှာရှိနေတဲ့ အတွေ့ အကြုံတွေက သင်အနာဂတ်ခရီးလမ်းလျှောက်လှမ်းရာမှာ အကူအညီဖြစ်နေအုံးမှာပါ။
၂. အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး အဆင်ပြေအောင်ကြိုးစားပါ။
ဘဝက သက်တောင့်သက်သာနဲ့ အဆင်ပြေချောမွေ့မှုတွေကို အမြဲတမ်း မပေးအပ်ပါဘူး။ တခါတရံ ကိုယ်လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ပိုက်ဆံအလုံအလောက်မရှိတာမျိုး ကြုံတတ်ပါတယ်။ သင်လိုချင်တာတခုရဖို့ ရင်ဆိုင်ရမယ့် အဆင်မပြေမှုတွေကို လက်ခံနိုင်ဖို့လိုပါတယ်။ ဆိုပါတော့ ကျွန်ုပ်ဟာ လှပတဲ့ ချင်းပြည်က ဘုံတလာရေတံခွန်ဆီသွားချင်တယ်ဆိုရင် လမ်းမှာ အဆင်မပြေမှုအခက်အခဲတွေကို ကြုံရမှာပါ။ ဒီအဆင်မပြေမှုတွေကို စိတ်ထဲမထားပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျွန်ုပ်သွားချင်တဲ့ နေရာကို ရောက်အောင်သွားနိုင်ပြီး အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့အတွက်ဖြစ်ပါတယ်။
READ - ထူးခြားဆန်းသစ်တဲ့ idea တွေကို ဘယ်လိုဖန်းတီးကြမလဲ
၃. ဘဝဆိုတာ မသေချာတဲ့ခရီးတစ်ခုပါ။ ဒါပေမယ့် ဆုံးအောင်တော့လျှောက်လှမ်းရမှာပါ။
အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်မှာပါပဲ။ ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေတောင် တနေ့နေ့တချိန်ချိန် မှာ ပျက်စီးဆုံးရှုံးရမှာပါ။ မမြဲခြင်းတရားကို အမှတ်ရပါ။ အောင်မြင်မှုဆိုတာလည်း အမြဲမရနိုင်သလို ကျရှုံးမှုဆို တာလည်း အမြဲမရှိပါဘူး။ အခက်အခဲကြားက အခွင့်အရေးကို တွေကို ဆုပ်ကိုင်ပါ။ ကောင်းမွန်တဲ့ပြောင်းလဲမှုကို စတင်လိုက်ပါ။
၎. သင့်အိမ်တံခါးကို လာခေါက်တဲ့ အခွင့်အရေးကို လက်ခံပါ။
အခွင့်အရေးဆိုတာ အနဲဆုံးတစ်ကြိမ်တော့ သင့်အိမ်တံခါးကို လာခေါက်ပါတယ်။ သင့်ဘက် က အရေးတယူနဲ့ ပြန်ဖြေဖို့ပဲ လိုတာပါ။ သင့်ကိုလက်ဆောင်အဖြစ်ပေးတဲ့ အခွင့်အရေးကို လက်ခံပါ။ သင်လက်မခံဘူးဆိုရင် တခြားသူတွေဆီကို ရောက်သွားပါလိမ့်မယ်။
Source; lifehack