လူတို့နေ့စဉ် နေထိုင်တဲ့ လူမှုဘဝမှာ အရေးပါဆုံး အချက်များထဲမှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဦးနှောက်မှတ်ဥာဏ် ထက်ထက်မြက်မြက် ရှိနေဖို့ အရေးကြီးပါတယ်။ မိမိဦးနှောက်မှတ်ဥာဏ်ကို သိမ်းထိန်းပေးပြီး ထက်မြက်စေ
ဖို့ သတိထားဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
ပြင်းထန်သော ရနံ့
သင်းကြိုင်တဲ့ ရနံ့သစ်တွေ ရှာဖွေပါ။ မနက်အိပ်ရာထတဲ့အခါ ကော်ဖီမှုန့်လို အနံ့အသက်ပြင်းရှတဲ့ အရာတစ်ခုခုကို ရှူရိုက်ပါ။ရနံ့က လူရဲ့ ထိုးထွင်းသိမြင်နိုင်မှုစွမ်းရည်ကို ကြီးမားစွာ အကျိုးသက်ရောက်မှု ဖြစ်စေပြီး အနံ့ခံစားတတ်မှု အားကောင်းလေလေ၊ဦးနှောက်မှတ်ဥာဏ် ထက်မြတ်လေလေ ဖြစ်ပါတယ်။
နေ့စဉ်ပုံမှန် အစားအသောက်
မှတ်ဥာဏ်အားနည်းစေတဲ့ အီလက်ထရွန်တွေ ပျက်ပြယ်စေတာကြောင့် ဘလူးဘယ်ရီ ၊ ပန်းသီး ၊ ငှက်ပျောသီး ၊ အစိမ်းရင့်ရောင့် ဟင်းသီးဟင်းရွက်များ ၊ ကြက်သွန်ဖြူ ၊ မုန်လာဥ စတဲ့ အင်တီအောက်ဆီးဒင်း မြင့်မားတဲ့ အစားအစာတွေ စားသုံးပေးဖို့ အကြံပြုထားပါတယ်။ဦးနှောက်က ငါးနဲ့ အခွံမာအသီးတွေမှာတွေ့ရတဲ့ အိုမီဂါ-၃ အဆီအက်ဆစ်များကဲ့သို့ ကျန်းမားရေးနဲ့ ညီညွတ်တဲ့အဆီများမှ အကျိုးကျေးဇူး ရရှိပါတယ်။
Recommended for you-ကျောင်းသားများ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားမှုရှိအောင် ဒီလိုသင်ပါ
ဦးနှောက်ကို အလုပ်ပေးပါ
သင့်ဦးနှောက် ချွေးထွက်အောင် လုပ်ပါ။ စဉ်းစား တွေးခေါ်ပါ။ Sudoku, crossword puzzle စတဲ့ ကစားနည်းများက မှတ်ဥာဏ်စွမ်းရည် ပြန်ရစေပါတယ်။စစ်တုရင်၊ စာလုံးဆက်ကစားနည်း ကစားနိုင်တယ် သို့မဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်ပါ
ကောင်းမွန်စွာ အိပ်ပျော်ခြင်းဖြင့် ဦးနှောက်စွမ်းရည် ပြန်လည်ရရှိစေပြီး မှတ်ဥာဏ်တွေ တစ်စုတစ်စည်းတည်းဖြစ်စေတယ်လို့ လက်ခံထားပါတယ်။အိပ်ရေးပျက်ခြင်းက မှတ်ဥာဏ်ဖိုင်သစ်တွေ ရောထွေး ၊ ပျောက်ကွယ်စေတယ်လို့ သိရပါတယ်။
အတိတ် ၊ ပစ္စုပ္ပန်နဲ့ အနာဂတ်
ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ ပြန်စမ်းစစ်ပြီး အမှတ်ရလိုတဲ့ အရာများကို အဖန်ဖန် ပြန်စဉ်းစားပါက ဦးနှောက်က အကျိုးအမြတ်ရရှိပြီး အိုမင်းရင့်ရော်မှု နှေးကွေးစေပါတယ်။ဦးနှောက်အလုပ်ဆောင်ရွက်မှု ရိုးရိုးရှင်းရှင်း ဖြစ်ပါစေ။ တချိန်တည်း အလုပ်အများကြီး မလုပ်ခိုင်းပါနဲ့။
Recommended for you-ကိုရီးယားတက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်
Recommended for you-သြစတြေးလျမှပေးအပ်မယ့်ဘွဲ့ကို စင်ကာပူရှိ James Cook University တွင် တက်ရောက်နိုင်
Credit; bagoknowledge