×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 28 March 2020

အိမ်မှာနေပြီးအလုပ် လုပ်ရမဲ့သူတွေအတွက် အကျိုးရှိစေမဲ့နည်းလမ်းများ

အိမ်မှာနေပြီးအလုပ် လုပ်ရမဲ့သူတွေအတွက် အကျိုးရှိစေမဲ့နည်းလမ်းများ google

ဒီရက်ပိုင်းအတွင်း work from home လုပ်ရမဲ့သူတွေအတွက် အိမ်မှာနေပြီးအလုပ်လုပ်တဲ့အခါ လူလည်းမငြီးငွေ့အောင်၊ ကိုယ်လုပ်ရမဲ့အလုပ်တာဝန် တွေကိုပြီးမြောက်အောင်လုပ်ဆောင် နိုင်ဖို့အတွက် အသုံးဝင်မဲ့နည်းလမ်းကောင်းလေး တွေကို​ ဝေမျှပေးလိုက်ပါတယ်။

(၁) အလုပ် လုပ်မဲ့နေရာကိုသေချာပြင်ဆင်ပါ

ပထမဦးဆုံး ကိုယ်အလုပ်လုပ်မဲ့နေရာကိုသေချာပြင်ဆင်ဖို့လိုပါတယ်။ ကိုယ့်အိမ်မှာအလုပ်လုပ်တယ်ဆိုပြီး laptop ကိုအိပ်ရာထဲယူပြီးအလုပ်လုပ်တာ တွေ၊ tv ကြည့်ရင်းအလုပ် လုပ်တာမျိုးမလုပ်သင့်ပါဘူး။ ကိုယ်အလုပ်လုပ်နေတယ်ဆိုတဲ့ mood လေးဝင်အောင် အလုပ် လုပ်မဲ့ နေရာကိုသေချာပြင်ဆင်ထားဖို့ အကြံပြုချင်ပါတယ်။ ဒါမှလဲအလုပ်ကို အာရုံပိုစိုက်နိုင်ပြီး ကိုယ့်တာဝန်ကိုပြီးမြောက် အောင်လုပ်ဆောင်နိုင်မှာပါ။

(၂) အဝတ်အစားကို ပြီးသလွယ်မဝတ်ဆင်ပါနဲ့

ကိုယ့်အိမ်မှာပဲဆိုပြီး အဝတ်အစားကိုဖြစ်သလိုဝတ်ဆင်ပြီး အလုပ်မလုပ်သင့်ပါဘူး။ ညဝတ် ဝတ်စုံကြီးဝတ်ပြီး အလုပ်ထလုပ်မယ်ဆိုရင် စိတ်ကိုလည်း ထိုင်းမှိုင်းစေပြီး အလုပ်လုပ်တဲ့အခါမှာလည်း effective ဖြစ်မှာမဟုတ်ပါဘူး။ သေသေသပ်သပ် လေးဝတ်ပြီးအလုပ် လုပတဲ့အခါ ကိုယ်အလုပ် လုပ်ရမဲ့ mood ကိုရပြီး အလုပ်အတွက် ready ဖြစ်နေမှာပါ။

(၃) ကိုယ်လုပ်ရမဲ့ အစီအစဉ်တွေကိုသေချာတွဲရပါမယ်

အိမ်မှာအလုပ် လုပ်တယ်ဆိုပြီးတော်တော်များများဟာ အချိန်ဆွဲတတ်ကြပါတယ်။ ဒါကြောင့်တစ်နေ့ တစ်နေ့ကိုယ်ဘာတွေလုပ်ရမယ်။ ဘယ်ချိန်စလုပ်ရမယ်၊ ဘယ်ချိန်မှာဒါတွေပြီးရမယ်ဆိုပြီး အစီအစဉ် ဆွဲပြီးလုပ်ဖို့လိုအပ်ပါတယ်။

(၄) ကိုယ်အလုပ် လုပ်မဲ့အချိန်ကိုကန့်သတ်ထားပါ
အလုပ်စတော့မယ်ဆိုတာနဲ့ ကိုယ်လုပ်ရမဲ့ project တစ်ခုကိုဘယ်ချိန် ကနေ ဘယ်ချိန်ထိပြီးအောင်လုပ်ရမယ်ဆိုပြီး သတ်မှတ်ထားပါ။ အလုပ် လုပ်နေရင်း အိမ်အလုပ်တွေထလုပ်တာ တို့ ဟိုသွားလိုက်ဒီသွားလိုက်လုပ်တာမျိုးမလုပ်ပါနဲ့။ ဒါကြောင့် project တစ်ခုကို ၃ နာရီ အတွင်းပြီးအောင်လုပ်မယ်လို့ သတ်မှတ်ထားပြီးရင် အဲ့ ၃ နာရီလုံးကိုယ့်အလုပ်အတွက်ပဲ အာရုံစိုက်ပါ။

(၅) ကိုယ့်ရဲ့နားချိန်ကိုလဲသတ်မှတ်ထားပါ

အလုပ်ကြီးပဲ အချိန်အကြာကြီးလုပ်နေမယ်ဆိုရင်စိတ်ကိုလည်းငြီးငွေ့ နိုင်စေသလို ကျန်းမာ​ေ
းကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်အလုပ်တစ်ခုပြီးတိုင်း ၁၅ မိနစ်လောက်နားတာမျိ​ုး၊ လမ်းထလျှောက်တာမျိုးတွေ လုပ်ဖို့လဲသတ်မှတ်ထားပါ။ ဒါမှကျန်းမာသူတစ်ယောက်အဖြစ် အလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာပါ။

 

(zawgyi)

 90251442 832926683874316 4730726126572273664 n

 












Read 1977 times Last modified on Tuesday, 31 March 2020 14:46
Rate this articles
(1 Vote)