၅နာရီ စည်းမျဉ်းကို ခွဲခြမ်းစိတ်ဖြာခြင်း
Simmons ပထမဆုံးလေ့လာတဲ့သူကတော့ အမြဲတမ်းစာဖတ်ဖို့အတွက် အချိန်သီးသန့်ထားသူကြီး “Ben Franklin” ဖြစ်ပါတယ်။ Franklin ပာ စောစောအိပ်ယာထ စာဖတ်စာရေးတဲ့အလုပ်ကို စလုပ်လေ့ရှိပါတယ်။ ပီးရင် ကိုယ်ပိုင်ပန်းတိုင်တွေချ .. လုပ်နေတဲ့အရာတွေကို ကောက်ချက်ချ၊၊ ဒီနေ့သိတဲ့အသိနဲ့ကိုယ့်ဘာသာကို မေးခွန်းတွေ မနက်ပိုင်း နိုးထလာတဲ့အခါနဲ့ ညပိုင်း အိပ်ယာဝင်ချိန်တွေမှ မေး ကိုယ့်ကိုယ်ကို Update လုပ်ပြီး တစ်နေ့တာကို ကုန်ဆုံးလေ့ရှိပါတယ်။
၅နာရီ စည်းမျဉ်းပိုင် ဘာလီပုံးသုံးပုံး
ဒီနေ့မှာတော့ အောင်မြင်ကျော်ကြား ပုဂ္ဂိုလ်များ ဟာ Franklin ရဲ့၅နာရီကြာ စည်းမျဉ်းကို စိတ်ဝင်စာ သဘောကျလျှက် ထပတော့ ၅နာရီကြာ စည်းမျဉ်းကို ဘာလီပုံးသုံပုံးနဲ့ထပ်ခွဲကြပါသတဲ့။
စာဖတ်ပုံး : ကိုယ့်ထူးကိုချွန် မီလျံနာ Mark Cuban တို့ Dan Gilbert တို့ပာ တနေ့ကို တစ်နာရီ မှ သုံးနာရီ ကြား စာဖတ်ကြပါတယ်။ Elon Musk ဟာ “ဒုံးပျံတစင်း ဘယ်လို တည်ဆောက်မလဲ” လို့စာဖတ်ပီး လေ့လာခဲ့ပါတယ်။ နောက်ဆုံးတော့ SpaceX ဆိုတဲ့ company ဖြစ်သွားပါရော။ Alibaba ကိုတည်ထောင်သူ Jack Ma က “စာဖတ်ထားခြင်းဟာ စီးပွားရေးစတင်ရာမှာ သူများထက် ခြေတလှမ်း ဦးတတ်ပါတယ်။ ဒါဟာ သူလိုကိုယ်လို စတင်သူခြင်းကြားမှာ လွယ်လွယ်နဲ့မရပါဘူး။ စာဖတ်ထားသူ ဟာ တခြား company တွေရဲ့နည်းနာနိသယ တွေကို ပိုပီးတွေ့ဖို့အလားအလာ ရှိနေလို့ပါပဲ” လို့ဆိုပါတယ်။
နာရီနဲ့ချီပီး မဖတ်နိုင်ရင်တောင် မိနစ် ၂၀/၃၀ လောက်နဲ့စတင်သင့်ပါတယ်။ ကျွန်တော့မှာဆို စာအုပ်တအုပ် အမြဲ ဆောင်ထားလေ့ ရှိပါတယ်။ Meeting စဖို့စောင့်နေရတဲ့အချိန်၊ ဆေးခန်းမှာ Doctor ကို စောင့်နေရတဲ့ အချိန်မျိုးမှာ ဖုန်းကိုပွတ် အင်တာနက်က ပွစိပွစိတွေ ကြည့်နေမယ့်အစား စာဖတ်လေ့ရှိပါတယ်။ ဒါမှမပာုတ် Audio Book လေးတွေဆောင်ထား ရုံးသွားရုံးပြန် ပဲဖြစ်ဖြစ် Exercise လုပ်နေတဲ့အခါပဲဖြစ်ဖြစ် နားထောင်လို့ရ တာပေါ့ အလုပ်နှစ်ခု တပြိုင်တည်း လုပ်လို့မရဘူး ဘယ်သူပြောလဲ။
အတွေးပုံး : ၅နာရီကြာဆိုတဲ့စည်းမျဉ်းထဲမှာ စဉ်းစား တွေးတောချိန်တွေ ပါဝင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ နံရံကြီး တခုကို စိုက်ကြည့်နေပီး တွေးတာတို့ ကိုယ့်ရဲ့ အတွေးစတွေကို ချရေးတာတို့ပါပါတယ်။ ဥပမာ အားဖြင့် SpanX company (အမျိုးသမီး underware အဓိကထုတ်လုပ်) ကိုတည်ထောင်သူ Sara Blakely ပာ နှစ်ရှည်လများ dirary ရေးသူဖြစ်ပါတယ်။
အတိတ်ကို တွေးတောမှုဟာ ဘာတွေမှားခဲ့လဲ ဘာတွေမှန်ခဲ့လဲ ဆိုတာ သင်ယူနိုင်ဖို့ အခွင့်ရေးရစေပါတယ်။ အကျိုးရလဒ် အနေနဲ့တော့ ကိုယ့်ရဲ့ပန်းတိုင်ကို သွားရာမှာ ပိုပိုပီး အံဝင်လာပါတယ်။ တဖက်မှာလည်း ပိုပီးကြွယ်ဝသူအဖြစ် ဘဝမှာ တိုးတက်လာမှာပါ။ ၂၀၁၄ ခုနှစ် က Texas University ရဲ့လေ့လာ တွေ့ရှိချက်အရ စိတ်ကို အနားယူပီး ခနတဖြုတ် တွေးတောလိုက်ခြင်းဟာ သင်ခန်းစာတွေသင်ယူ ရာမှာ ပိုပီး မြန်ဆန် လွယ်ကူလာတယ်လို့ ဆိုပါတယ်။
ကဲစလုပ်ကြည့်ဖို့အခက်ခဲဖြစ်နေသလား ? တွေးတောဖို့အချ်ိန်တခု သတ်မှတ်လိုက်ပါ။
ကိုယ့်ကိုကို ပြန်မေးမယ့် မေးခွန်းတွေကို ကြိုသိထားပါ။၂ခွန်း ၃ခွန်းလောက်ပဲမေးပီး အဲ့ဒီ့နေ့ အဲဒီ့ အချိန်အခါက အကြောင်းတွေကိုပဲ အာရုံစိုက်ထားပါ။
အစမ်းပုံး : တတိယနဲ့နောက်ဆုံး ပုံးကတော့ ဖတ်ထားတာတွေကို မြန်မြန်ဆန်ဆန်လေး စမ်းသပ်သုံးစွဲ ကြည့်ခြင်းဖြစ်ပါတယ်။ Edison နဲ့Ben Franklin တို့ဟာ အကြီးကျယ်ဆုံး တီထွင်သူကြီး စဉ်းစားသူကြီးများ ဖြစ်ကြပါတယ်။ဘာလို့ဆို သူတို့က အကြီးအကျယ် စမ်းသပ်မှုတွေလုပ်ခဲ့တာကိုး။
စမ်းသပ်ကြည့်ခြင်းဟာ ဘာလို့အရမ်း အသုံးဝင်နေသလဲဆိုရင် ကျွန်တော်တို့ဟာ တစ်ကယ့်အမှန်တရား တခုကို ရလိုက်တာပါ ဝိုးတိုးဝါးတား တခုကိုရလိုက်တာ မပာုတ်ပါဘူး။ စမ်းသပ်သုံးစွဲခြင်းပာ ဘယ်ဟာက အလုပ်ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ကို မီးမောင်းထိုးပြပါတယ်။ အမှားတွေကို သင်ယူနိုင်သလို တခြားသူ တွေရဲ့အမြင်တွေကို ရနိုင်ဖို့လည်း တခုတည်းသောနည်းလမ်းဖြစ်လ်ို့ပါ။ စမ်းသပ်ခြင်းဟာ အချ်ိန်ဖြုန်းခြင်းမပာုတ်ဘူးဆိုတာ အားလုံးလက်ခံပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့တွေဟာ စမ်းသပ်မှု မလုပ်ကြပဲနဲ့ အစမ်းသဘောမျိုး စလုပ်တတ်ကြပါတယ်။
Jack Ma အမြဲတမ်း အားပေးတာကတော့ “သင့်ရဲ့အသိပညာ ဗဟုသုတကို လက်တွေ့ဘဝမှာ ပြန်လည် အသုံးချကြပါ။ ဥပမာ အားဖြင့် ကျွန်တော်တို့Teamwork အကြောင်းဖတ်တယ်ဆိုကြပါစို့။ ဒါဆိုရင် လုပ်အားပေး တခုခုမှာ ပါဝင် အသုံးချကြည့်သင့်ပါတယ်” လို့ ဆိုပါတယ်။
ဒီ ၅နာရီကြာ ဆိုတဲ့သင်ယူခြင်း နည်းတွေကို အသုံးချသွားမယ်ဆိုရင် ဘဝရဲ့နယ်ပယ်တိုင်းမှာ ပိုပိုပီး အောင်မြင်လာသူ အကျိုးရှိသောသူတစ်ယောက်ဖြစ်လာမှာပါ။ စာဖတ်ကျင့်ကို ကျင့်ကြံခြင်းဖြင့် နေ့စဉ်နေ့တိုင်း ကိုယ့်ကိုကို ဖွံ့ဖြိုး တိုးတက်စေသူ ၊ company ကို တိုးတက်အောင်လုပ်သူ တစ်ယောက် ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။
ကိုင်း ကျွန်တော်တို့တွေလည်း စာဖတ်နည်းတွေလွဲနေတယ်ဆိုရင် အမြန်ဆုံး အမှန်ကိုပြင်ကြပါစို့။
Reference : https://www.entrepreneur.com/article/317602
Zawgyi ဖြင့်ဖတ်ရန်
၅နာရီ ကြာဆိုတဲ့ စည်းမျဉ်းကို စတင်ခတ်နှိပ်သူကတော့ Empact လုပ်ငန်းများကို တည်ထောင်သူ “Michal Simmons” ဖြစ်ပါတယ်။ စဉ်းမျဉ်းက တကယ့်ကို ရိုးရှင်းပါတယ်။ ဘယ်လောက်ပဲ အောင်မြင်ကျော်ကြား မအား တဲ့သူဖြစ်ပါစေ တနေ့ ကို တနာရီ..တပတ် ၅နာရီ စာဖတ် ဒါမှမပာုတ်ဖတ်ပီးသားကို စမ်းသပ်သုံးစွဲ ကြည့်ကြပါ။ အောင်မြင်သူများဟာ သူတို့ဘ၀တလျောက်လုံး အလေ့အကျင့်ဖြစ်သွားပီးလုပ်တတ်ကြပါတယ်။
ကဲစလုပ်ကြည့်ဖို့ အခက်ခဲဖြစ်နေသလား ? တွေးတောဖို့ အချိန်တခု သတ်မှတ်လိုက်ပါ။