ပုံမှာ မြင်တွေ့နေရတဲ့ ဘောလုံးကွင်းနဲ့ ရှူခင်းဟာ Lusail လို့အမည်ရတဲ့မြို့ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက အာရပ်စော်ဘွား ပြည်ထောင်စုဖြစ်တဲ့ ကာတာနိုင်ငံက အသစ်တည်ဆောက်တဲ့မြို့ ဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၂၂ ခုနှစ် FIFA ကမ္ဘာဖလား ဖွင့်ပွဲ နှင့် ဖိုင်နယ်ပွဲ ကျင်းပဖို့အတွက် တည်ဆောက်လျှက်ရှိတဲ့ မိုးလုံလေလုံ အားကစားကွင်း ဖြစ်ပါတယ်။ ပရိတ်သတ်ပေါင်း ၈၆၂၅၀ ဦးရေ ဆံ့တဲ့ ဧရာမကစားကွင်းကြီးဖြစ်ပါတယ်။ FIFA ပြီးတာနဲ့အခြားအားကစားအတွက် အသုံးပြုမှာပါ။ ကစားကွင်းအတွက်ကော၊ Lusail လို့အမည်ရတဲ့ မြို့တည်ဆောက်ရေး အတွက်ကော ငွေကြေး သုံးစွဲမှုကို အကန့်အသတ်မရှိ အစိုးရက ခွင့်ပြု ထားပေးပါတယ်။ တည်ဆောက်ပြီးစီးခြင်း မရှိသေးတာမို့မြို့လို့တောင် အမည်စာရင်း သွင်းထားပြီးပါပြီ။
လူဦးရေ ၂သိန်းခွဲပဲ နေထိုင်စေမယ့် ယင်းမြို့ဟာ အရှေ့အလယ်ပိုင်းက လည်ပတ်ချင်စရာ အကောင်းဆုံး ဇိမ်ခံမြို့ တစ်ခုအဖြစ် ဖန်တီးရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေမြို့ပါ။ Lusail မြို့အတွက်ကော၊ အားကစားပွဲ အတွက် ပြင်ဆင်ခြင်းကရော သမိုင်းတစ်လျှောက် ကုန်ကျစရိတ် အများဆုံး FIFA ပွဲအတွက် ပြင်ဆင်ခြင်း စံချိန်တင်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
source; innewsmyanmar
မြန်မာနိုင်ငံတွင်ရှိသော သင်တန်းကျောင်းများနှင့် International School များကို တစ်နေရာတည်းတွင် သိရှိနိုင်မည့် Education Directory နှင့်အတူ အခြား Directory များလည်း ထွက်ရှိလာပါပြီ။
Recommended for you - သင့်ဘဝဆိုပေမယ့် သူများကစားကွက်နဲ့ ရှင်သန်နေတာလား…