(1) Watch
Eg…
Eg:
No, I’ll just watch.
(2) Look
Eg…
(3) See
Eg…
Unicode ဖြင့်ဖတ်ရန်
"သိထားသင့်တဲ့ see, look, watch တို့ရဲ့ ခြားနားချက်"
အခုပြောပြပေးမှာ ကတော့ နေ့စဉ်သုံးအင်္ဂလိပ်စာ မှာ အသုံးများတဲ့ see, look, watch တို့ရဲ့အသုံးပြုပုံနဲ့ ခြားနားချက်လေးတွေကိုဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။
See : see ဆိုတာကတော့ သင့်ရဲ့ မျက်လုံးကို အသုံပြုပြီး တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်ကို သတိထားရန်၊ သတိပြုမူရန်ပြောတဲ့ အခါမှာ အသုံးပြုပါတယ်။
Look : Look ဆိုတာကတော့ သင့်ရဲ့ မျက်လုံးကို ဦးတည်ရာ တစ်ခုတည်သို့ ညွှန်ပြရာမှာ အသုံးပြုပါတယ်။
Watch : watch ဆိုတာကတော့ တစ်စုံတစ် ဦး သို့မဟုတ် တစ်စုံတစ်ခုအားအချိန်အတိုင်းအတာတစ်ခုအထိကြည့်ရှုခြင်းနှင့်ဖြစ်ပျက်နေသောအရာများကိုအာရုံစိုက်ခြင်း ကို ပြောတဲ့ အခါမှာ အသုံးပြုပါတယ်။
see, look, watch တို့ကို Verb အနေနဲ့ အသုံးပြုပုံ
(1) Watch
Eg…
I’m going outside for a minute. Would you please watch my bag?
ငါအပြင်ခဏသွားမလို့ ငါ့လွယ်အိတ်လေးကို ခဏလောက်ကြည့်ထားလို့ရမလား?
(လွယ်အိတ်ကို အချိန်အတိုင်းတာ တစ်ခုထိစောင့်ကြည့်ခိုင်းတာကြောင့် Watch ကိုအသုံးပြုပါတယ်)
Films, performance, games, people စသည်တိုကို လည်း watch နဲ့အသုံးပြုနိုင်ပါတယ်။
Object မပါပဲ နဲ့လည်း Watch ကိုအသုံးပြုနိုင်ပါတယ်။
Eg:
Do you want to play basketball with us?
No, I’ll just watch.
(2) Look
watch နဲ့မတူပါဘူး။ Look ကို သင့်ရဲ့ မျက်လုံးကို ဦးတည်ရာ တစ်ခုတည်သို့ ညွှန်ပြရာမှာ အသုံးပြုပါတယ်။ ရိုးရှင်းပါတယ်။ watch နဲ့look ရဲ့ ခြားနားချက်နောက်တစ်ခုကတော့ Look ကို adverb ဒါမှမဟုတ် prepositionရဲ့ ရှေ့မှာအသုံးပြုပါတယ်။
Eg…
When you dance, don't look down.
She looked at (preposition) the bill before she paid it.
(3) See
See ကိုတော့ preposition တွေ adverb တွနဲ့ တွဲသုံးဖို့မလိုပါဘူး။ see ကို Object နဲ့တွဲ ဒါမှမဟုတ် object မပါပဲ နဲ့ လည်းအသုံးပြုနိုင်ပါတယ်။
Eg…
With an object - I see a cat in the window.
Without an object - It will rain today - just wait and see.
အခုဖော်ပြပေးခဲ့တာကတော့ နေ့စဉ်သုံး အင်္ဂလိပ်စာ မှာ မပါမဖြစ်အရေးကြီးတဲ့ see,look, watch အကြောင်းလေးပဲဖြစ်ပါတယ်။
computer basic သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-267.html