စိတ်
----
အရမ်းကို မတ်စောက်တဲ့တောင်ထိပ် တစ်ခုမှာ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသတဲ့……
ပထမဘုန်းကြီးကျောင်းက ဦးဇင်းတွေက အမြဲလိုလိုငြင်းခုံရန်ဖြစ်ကြတယ်၊ အချင်းချင်း ရန်သူလိုဆက်ဆံတယ်၊ အသက်ရှင်ရတာ အရမ်းကိုပင်ပန်းဆင်းရဲတယ်။
ဒုတိယဘုန်းကြီးကျောင်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုသင့်မြတ်ကြတယ်၊ အချင်းချင်း အပြုံးပန်းဆင်တယ်၊ အသက်ရှင်ရတာ ပျော်ရွှင်ကြတယ်။
ပထမဘုန်းကြီးကျောင်းက ဦးဇင်းက ဒုတိယကျောင်းက ဦးဇင်းကို တအံ့တသြနဲ့မေးတယ်၊
`ငါ့ရှင်တို့ကျောင်းက အဘယ်ကြောင့်အမြဲတမ်း ငြိမ်သက်ပျော်ရွှင်နေရတာလဲ… တဲ့ '
ဒုတိယကျောင်းက ဦးဇင်းကပြန်ဖြေတယ်၊`ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော်တို့အမြဲအမှားလုပ်ကြလို့ပါ´
ပထမဦးဇင်းက ဒုတိကဦးဇင်း ပြန်ဖြေတဲ့အဖြေကိုအံ့သြနေစဉ် . . . အပြင်က ဆွမ်းခံကြွပြီး ပြန်လာတဲ့ဦးဇင်းတစ်ပါးက ကျောင်းပေါ်တက်ဖို့ တံခါးမကြီးဘေးကနေ ခပ်သုတ်သုတ်လေးဝင်သွားတယ်၊
လှေကားအနားလည်းရောက်ကော မထင်မှတ်ဘဲ ဂျွမ်းထိုးမှောက်ခုံ ချော်လဲကျသွားတယ်၊ သပိတ်တစ်နေရာ လူတစ်နေရာဖြစ်သွားတယ်၊ ခံလာတဲ့ ဆွမ်းတွေလည်းမြေပြင်မှာ ပြန့်ကျဲလို့ပေါ့..
ကြမ်းသုတ်နေတဲ့ဦးဇင်းက ချက်ချင်းပြေးလာထူပေးပြီး ပြောတယ် `တောင်းပန်ပါတယ်အရှင်ဘုရား၊ တပည့်တော်အမှားပါ.. ရေကိုရွှဲနစ်နေအောင် မသုတ်ထားမိသင့်ဘူး...
တံခါးဝနားမှာ တံမြတ်စည်းလှဲနေတဲ့ဦးဇင်းလည်း ပြေးသွားပြီး အနူးအညွှတ်တောင်းပန်တယ်
`တောင်းပန်ပါတယ်အရှင်ဘုရား၊ တပည့်တော်အမှားပါ.. ကျောင်းခြံဝန်းထဲမှာ ကြမ်းသုတ်နေတာ ဝင်လာကတည်းက ကြိုသတိမပေးမိဘူး.. ´
ချော်လဲကျသွားတဲ့ဦးဇင်းက လာထူပေးတာထရင်း အင်မတန်မှ အားနာတဲ့လေသံနဲ့ပြောတယ်..
`တောင်းပန်ပါတယ်အရှင်ဘုရားတို့၊ တပည့်တော်အမှားပါ.. လမ်းလျှောက်တာ ဝိနည်းနဲ့အညီမလျှောက်ဘဲ သုတ်ပြာပြာလျှောက်လို့ချော်လဲရတာပါ ´တဲ့..
ပထမကျောင်းက ကိုရင်က ဒီအဖြစ်ကိုတွေ့သွားပြီး နားလည်သွားတယ်၊ မိမိကိုယ်ကို အင်မတန်မှရှက်သွားတယ် တဲ့...
**********
လူတွေဟာ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် သူများနဲ့ အငြင်းအခုန်ပြုမယ်.. ဒါမှမဟုတ် သူများကို အပြစ်ဖို့မယ်ပဲ စဉ်းစားနေကြမယ်ဆိုရင် အေးငြိမ်းချမ်းသာမှုဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဒါ့အတွက် မိမိရဲ့စိတ်ကို ပြင်ဆင်ပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာ နေထိုင်ကြပါလို့ အကြံပြုချင်ပါတယ်။
Credit : Original Uploader
စိတ္
----
အရမ္းကို မတ္ေစာက္တဲ့ေတာင္ထိပ္ တစ္ခုမွာ ဘုန္းႀကီးေက်ာင္း ႏွစ္ေက်ာင္းရွိသတဲ့……
ပထမဘုန္းႀကီးေက်ာင္းက ဦးဇင္းေတြက အၿမဲလိုလိုျငင္းခုံရန္ျဖစ္ၾကတယ္၊ အခ်င္းခ်င္း ရန္သူလိုဆက္ဆံတယ္၊ အသက္ရွင္ရတာ အရမ္းကိုပင္ပန္းဆင္းရဲတယ္။
ဒုတိယဘုန္းႀကီးေက်ာင္းက တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းကိုသင့္ျမတ္ၾကတယ္၊ အခ်င္းခ်င္း အၿပဳံးပန္းဆင္တယ္၊ အသက္ရွင္ရတာ ေပ်ာ္႐ႊင္ၾကတယ္။
ပထမဘုန္းႀကီးေက်ာင္းက ဦးဇင္းက ဒုတိယေက်ာင္းက ဦးဇင္းကို တအံ့တၾသနဲ႔ေမးတယ္၊
`ငါ့ရွင္တို႔ေက်ာင္းက အဘယ္ေၾကာင့္အၿမဲတမ္း ၿငိမ္သက္ေပ်ာ္႐ႊင္ေနရတာလဲ… တဲ့ '
ဒုတိယေက်ာင္းက ဦးဇင္းကျပန္ေျဖတယ္၊`ဘာျဖစ္လို႔လည္းဆိုေတာ့ တပည့္ေတာ္တို႔အၿမဲအမွားလုပ္ၾကလို႔ပါ´
ပထမဦးဇင္းက ဒုတိကဦးဇင္း ျပန္ေျဖတဲ့အေျဖကိုအံ့ၾသေနစဥ္ . . . အျပင္က ဆြမ္းခံႂကြၿပီး ျပန္လာတဲ့ဦးဇင္းတစ္ပါးက ေက်ာင္းေပၚတက္ဖို႔ တံခါးမႀကီးေဘးကေန ခပ္သုတ္သုတ္ေလးဝင္သြားတယ္၊
ေလွကားအနားလည္းေရာက္ေကာ မထင္မွတ္ဘဲ ဂြၽမ္းထိုးေမွာက္ခုံ ေခ်ာ္လဲက်သြားတယ္၊ သပိတ္တစ္ေနရာ လူတစ္ေနရာျဖစ္သြားတယ္၊ ခံလာတဲ့ ဆြမ္းေတြလည္းေျမျပင္မွာ ျပန္႔က်ဲလို႔ေပါ့..
ၾကမ္းသုတ္ေနတဲ့ဦးဇင္းက ခ်က္ခ်င္းေျပးလာထူေပးၿပီး ေျပာတယ္ `ေတာင္းပန္ပါတယ္အရွင္ဘုရား၊ တပည့္ေတာ္အမွားပါ.. ေရကို႐ႊဲနစ္ေနေအာင္ မသုတ္ထားမိသင့္ဘူး...
တံခါးဝနားမွာ တံျမတ္စည္းလွဲေနတဲ့ဦးဇင္းလည္း ေျပးသြားၿပီး အႏူးအၫႊတ္ေတာင္းပန္တယ္
`ေတာင္းပန္ပါတယ္အရွင္ဘုရား၊ တပည့္ေတာ္အမွားပါ.. ေက်ာင္းၿခံဝန္းထဲမွာ ၾကမ္းသုတ္ေနတာ ဝင္လာကတည္းက ႀကိဳသတိမေပးမိဘူး.. ´
ေခ်ာ္လဲက်သြားတဲ့ဦးဇင္းက လာထူေပးတာထရင္း အင္မတန္မွ အားနာတဲ့ေလသံနဲ႔ေျပာတယ္..
`ေတာင္းပန္ပါတယ္အရွင္ဘုရားတို႔၊ တပည့္ေတာ္အမွားပါ.. လမ္းေလွ်ာက္တာ ဝိနည္းနဲ႔အညီမေလွ်ာက္ဘဲ သုတ္ျပာျပာေလွ်ာက္လို႔ေခ်ာ္လဲရတာပါ ´တဲ့..
ပထမေက်ာင္းက ကိုရင္က ဒီအျဖစ္ကိုေတြ႕သြားၿပီး နားလည္သြားတယ္၊ မိမိကိုယ္ကို အင္မတန္မွရွက္သြားတယ္ တဲ့...
**********
လူေတြဟာ မိမိကိုယ္ကို ကာကြယ္ဖို႔အတြက္ သူမ်ားနဲ႔ အျငင္းအခုန္ျပဳမယ္.. ဒါမွမဟုတ္ သူမ်ားကို အျပစ္ဖို႔မယ္ပဲ စဥ္းစားေနၾကမယ္ဆိုရင္ ေအးၿငိမ္းခ်မ္းသာမႈဆိုတာ ရွိလာမွာမဟုတ္ပါဘူး။ ဒါ့အတြက္ မိမိရဲ႕စိတ္ကို ျပင္ဆင္ၿပီး ပတ္၀န္းက်င္နဲ႔လိုက္ေလ်ာညီေထြစြာ ေနထိုင္ၾကပါလို႔ အႀကံျပဳခ်င္ပါတယ္။
Credit : Original Uploader