တစ်ခဏတာ ဘဝအမော ပြေစေရန် ရည်ရွယ်ပါသည်။
တွေ့တယ် မဟုတ်လား
တစ်ခါတုန်းက ခရီးသွားဧည့်သည်နှစ်ယောက်ဟာ မွန်းတည့်ခါနီးခရီးကလည်းပန်းနေတာမို့ရွာတစ်ရွာရှိဘုန်းတော်ကြီးကျောင်းမှာဝင်နားကြတာပေါ့။
တို့ခရီးကလည်း ပမ်း။ ဆာကလည်း ဆာတယ်။ ဆရာတော်ထံမှာ ဆွမ်းကျန် ဟင်းကျန်လေး လျှောက်ပြီး တောင်းစားရအောင်ဆိုပြီး ကျောင်းပေါ်တတ် ရှိခိုးနေပါသတဲ့။
ကျောင်းထိုင်ဆရာတော်က"… ဒကာတို့ ဘာကိစ္စ"လို့မေးတဲ့အခါ "တပည့်တော်တို့ခရီးသွားတွေပါဘုရား" အရှင်ဘုရားထံမှာ ဆွမ်းကျန် ဟင်းကျန်ကလေးများ ရှိမလား " လို့ လျှောက်လိုက်တော့ " ကုန်ပြီ " လို့ ဘုန်းကြီးက ခပ်ပြတ်ပြတ် ဖြေလိုက်သတဲ့။
" ဒါဆို ငှက်ပျောသီးလေး ဘာလေး"
" မရှိဘူးကွ"
" မှန်ပါ့ ဆေးလိပ်တိုလေး တစ်တိုလောက်"
" ဟာ ဒီဒကာတွေ မရှိပါဘူးဆိုနေ"
ဒါနဲ့ပဲ ဒကာနှစ်ဦးဟာ ကျောင်းပေါ်က ဆင်းလာခဲ့ရတော့တယ်။ ကျောင်းအောက်ရောက်တော့ ဦးပဉ္စင်းလေး တစ်ပါးနဲ့တွေ့တယ်။
ဦးပဉ္စင်းက …
" ဒကာကြီးတို့ ကျောင်းပေါ် ဘာသွားလုပ်ကြတာလဲ" မေးတယ်။
" တပည့်တော်တို့ ဆွမ်းကျန် ဟင်းကျန်လေးများ ရမလားလို့ပါ ဘုရား"
" ရခဲ့ရဲ့လား ဒကာကြီးတို့"
" မရခဲ့ပါဘူး ဦးပဉ္စင်းရယ်"
" ဒါဆို လိုက်ခဲ့"
ဦးပဉ္စင်းလေးက ကျောင်းပေါ်တတ်သွားတော့ -
ဒီတစ်ခါတော့ စားရတော့မှာပဲဆိုပြီး ဝမ်းသာအားရ ကျောင်းပေါ် လိုက်တတ်သွားကြတာပေါ့။
ကျောင်းပေါ်ရောက်တော့ ဦးပဉ္စင်းလေးကပြုံးပြီး ဘုန်းကြီးကို ရှိခိုးတယ်။
" မောင်ပဉ္စင်း ပြုံးလှချည်လားကွယ့် ဘာအကြောင်း များ ရှိသလဲ " လို့မေးတော့ …
" မှန်ပါ့ တပည့်တော် ညက အိမ်မက်မက်တယ် ဘုရား။ အိမ်မက်ထဲမှာ အရှင်ဘုရားက ရှင်ဘုရင်ကြီးဖြစ်လို့ ဘုရား" လို့ လျှောက်လိုက် တာနဲ့ ဘုန်းကြီးဟာ သဘောတော်ကျလို့ ပြုံးနေသတဲ့။
" အရှင်ဘုရား ရှင်ဘုရင်ကြီးဖြစ်ရင် တပည့်တော်ကို နယ်တစ်ခုတော့ အပိုင်စားပေးပါဘုရား"
" မောင်ပဉ္စင်းက ဘယ်နယ်များ လိုချင်သတုန်း" - အလွန်ကျေနပ်တဲ့ မျက်နာနဲ့ မေးနေတာပါတဲ့။
" တပည့်တော် ကျောက်ပန်းတောင်းနယ် လိုချင်ပါတယ် ဘုရား"
" ဟာ မောင်ပဉ္စင်းကလည်း ဘုန်းကြီး ထန်းလျက် ကြိုက်မှန်း သိရဲ့သားနဲ့ ဘယ်ပေးနိုင်မလဲ" လို့ မိန့်ပါသတဲ့။
" ဒါဆို ရှမ်းပြည်နယ် တောင်တန်းကြီးတွေ ပေးပါ ဘုရား"
" ဟေ မဖြစ်ဘူးကွ ငါ့ဘကြီးက လက်ဖက် သိပ်ကြိုက်တာ သူ့ပေးရမယ်"
" ဒါဆိုလည်း ဘုရား ဘာမှအသုံးချလို့ မရတဲ့ ပခုက္ကူတို့ မြိုင်တို့နယ်ထဲက"
" အဲဒါမှ မင်းနဲ့ငါနဲ့ ရန်သူပဲ အဲဒါ ရှင်မတောင်နယ်ကွ ငါ့ မိဘုရားကြီးက သနပ်ခါး သိပ်ကြိုက်တာ"
ဒီအခါ ဦးပဉ္စင်းက ဒကာနှစ်ဦးကို အသာလက်တို့ ရှိခိုးပြီး ကျောင်းအောက် ဆင်းလာခဲ့တယ်။
ကျောင်းအောက်ရောက်တော့ ဦးပဉ္စင်း ပြောလိုက်တဲ့ စကားကြောင့် ဒကာနှစ်ဦးဟာ အသာကုပ်ပြီး ကျောင်းဝိုင်းထဲက ထွက်သွားခဲ့ရပါရောတဲ့
ဦးပဉ္စင်း ပြောလိုက်တာက…
" ကဲ… ဒကာတို့ လက်တွေ့မြင်ပြီမဟုတ်လား။
ဦးပဉ္စင်းတို့ ဘုန်းကြီးက ရှိတဲ့ပစ္စည်းပေးဖို့ မပြောနဲ့။ မရှိသေးတဲ့ ပစ္စည်းတောင် တောင်းမရဘူး။ တွေ့တယ် မဟုတ်လားတဲ့" … … …
ဆရာတော် ဦးဃောသိတ
( တစ်ဘဝ သာသနာ ) မှ
တစ္ခဏတာ ဘ၀အေမာ ေျပေစရန္ ရည္ရြယ္ပါသည္။
ေတြ႕တယ္ မဟုတ္လား
တစ္ခါတုန္းက ခရီးသြားဧည့္သည္ႏွစ္ေယာက္ဟာ မြန္းတည့္ခါနီးခရီးကလည္းပန္းေနတာမို႔႐ြာတစ္႐ြာရွိဘုန္းေတာ္ႀကီးေက်ာင္းမွာဝင္နားၾကတာေပါ့။
တို႔ခရီးကလည္း ပမ္း။ ဆာကလည္း ဆာတယ္။ ဆရာေတာ္ထံမွာ ဆြမ္းက်န္ ဟင္းက်န္ေလး ေလွ်ာက္ၿပီး ေတာင္းစားရေအာင္ဆိုၿပီး ေက်ာင္းေပၚတတ္ ရွိခိုးေနပါသတဲ့။
ေက်ာင္းထိုင္ဆရာေတာ္က"… ဒကာတို႔ ဘာကိစၥ"လို႔ေမးတဲ့အခါ "တပည့္ေတာ္တို႔ခရီးသြားေတြပါဘုရား" အရွင္ဘုရားထံမွာ ဆြမ္းက်န္ ဟင္းက်န္ကေလးမ်ား ရွိမလား " လို႔ ေလွ်ာက္လိုက္ေတာ့ " ကုန္ၿပီ " လို႔ ဘုန္းႀကီးက ခပ္ျပတ္ျပတ္ ေျဖလိုက္သတဲ့။
" ဒါဆို ငွက္ေပ်ာသီးေလး ဘာေလး"
" မရွိဘူးကြ"
" မွန္ပါ့ ေဆးလိပ္တိုေလး တစ္တိုေလာက္"
" ဟာ ဒီဒကာေတြ မရွိပါဘူးဆိုေန"
ဒါနဲ႔ပဲ ဒကာႏွစ္ဦးဟာ ေက်ာင္းေပၚက ဆင္းလာခဲ့ရေတာ့တယ္။ ေက်ာင္းေအာက္ေရာက္ေတာ့ ဦးပၪၥင္းေလး တစ္ပါးနဲ႔ေတြ႕တယ္။
ဦးပၪၥင္းက …
" ဒကာႀကီးတို႔ ေက်ာင္းေပၚ ဘာသြားလုပ္ၾကတာလဲ" ေမးတယ္။
" တပည့္ေတာ္တို႔ ဆြမ္းက်န္ ဟင္းက်န္ေလးမ်ား ရမလားလို႔ပါ ဘုရား"
" ရခဲ့ရဲ႕လား ဒကာႀကီးတို႔"
" မရခဲ့ပါဘူး ဦးပၪၥင္းရယ္"
" ဒါဆို လိုက္ခဲ့"
ဦးပၪၥင္းေလးက ေက်ာင္းေပၚတတ္သြားေတာ့ -
ဒီတစ္ခါေတာ့ စားရေတာ့မွာပဲဆိုၿပီး ဝမ္းသာအားရ ေက်ာင္းေပၚ လိုက္တတ္သြားၾကတာေပါ့။
ေက်ာင္းေပၚေရာက္ေတာ့ ဦးပၪၥင္းေလးကၿပဳံးၿပီး ဘုန္းႀကီးကို ရွိခိုးတယ္။
" ေမာင္ပၪၥင္း ၿပဳံးလွခ်ည္လားကြယ့္ ဘာအေၾကာင္း မ်ား ရွိသလဲ " လို႔ေမးေတာ့ …
" မွန္ပါ့ တပည့္ေတာ္ ညက အိမ္မက္မက္တယ္ ဘုရား။ အိမ္မက္ထဲမွာ အရွင္ဘုရားက ရွင္ဘုရင္ႀကီးျဖစ္လို႔ ဘုရား" လို႔ ေလွ်ာက္လိုက္ တာနဲ႔ ဘုန္းႀကီးဟာ သေဘာေတာ္က်လို႔ ၿပဳံးေနသတဲ့။
" အရွင္ဘုရား ရွင္ဘုရင္ႀကီးျဖစ္ရင္ တပည့္ေတာ္ကို နယ္တစ္ခုေတာ့ အပိုင္စားေပးပါဘုရား"
" ေမာင္ပၪၥင္းက ဘယ္နယ္မ်ား လိုခ်င္သတုန္း" - အလြန္ေက်နပ္တဲ့ မ်က္နာနဲ႔ ေမးေနတာပါတဲ့။
" တပည့္ေတာ္ ေက်ာက္ပန္းေတာင္းနယ္ လိုခ်င္ပါတယ္ ဘုရား"
" ဟာ ေမာင္ပၪၥင္းကလည္း ဘုန္းႀကီး ထန္းလ်က္ ႀကိဳက္မွန္း သိရဲ႕သားနဲ႔ ဘယ္ေပးႏိုင္မလဲ" လို႔ မိန္႔ပါသတဲ့။
" ဒါဆို ရွမ္းျပည္နယ္ ေတာင္တန္းႀကီးေတြ ေပးပါ ဘုရား"
" ေဟ မျဖစ္ဘူးကြ ငါ့ဘႀကီးက လက္ဖက္ သိပ္ႀကိဳက္တာ သူ႔ေပးရမယ္"
" ဒါဆိုလည္း ဘုရား ဘာမွအသုံးခ်လို႔့ မရတဲ့ ပခုကၠဴတို႔ ၿမိဳင္တို႔နယ္ထဲက"
" အဲဒါမွ မင္းနဲ႔ငါနဲ႔ ရန္သူပဲ အဲဒါ ရွင္မေတာင္နယ္ကြ ငါ့ မိဘုရားႀကီးက သနပ္ခါး သိပ္ႀကိဳက္တာ"
ဒီအခါ ဦးပၪၥင္းက ဒကာႏွစ္ဦးကို အသာလက္တို႔ ရွိခိုးၿပီး ေက်ာင္းေအာက္ ဆင္းလာခဲ့တယ္။
ေက်ာင္းေအာက္ေရာက္ေတာ့ ဦးပၪၥင္း ေျပာလိုက္တဲ့ စကားေၾကာင့္ ဒကာႏွစ္ဦးဟာ အသာကုပ္ၿပီး ေက်ာင္းဝိုင္းထဲက ထြက္သြားခဲ့ရပါေရာတဲ့
ဦးပၪၥင္း ေျပာလိုက္တာက…
" ကဲ… ဒကာတို႔ လက္ေတြ႕ျမင္ၿပီမဟုတ္လား။
ဦးပၪၥင္းတို႔ ဘုန္းႀကီးက ရွိတဲ့ပစၥည္းေပးဖို႔ မေျပာနဲ႔။ မရွိေသးတဲ့ ပစၥည္းေတာင္ ေတာင္းမရဘူး။ ေတြ႕တယ္ မဟုတ္လားတဲ့" … … …
ဆရာေတာ္ ဦးေဃာသိတ
( တစ္ဘဝ သာသနာ ) မွ