နိုင်ငံတကာကျောင်းသားများအတွက် လမ်းဖွငေ့်ပးထားသည့် အစီအစဉ်တစ်ခုဖြစ်သည်။ Gates Cambridge Trust အဖွဲ့က ပေးအပ်သည့် ပညာသင်ဆုဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ Masters/ Ph.D Degree များဖြစ်သည်။
အောက်တိုဘာ ၁၀ နှင့် ဒီဇင်ဘာ ၅ ရက်နေ့များကို နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် တက်ရောက်ပညာသင်ကြားရမည့် အခွင့်အရေးတစ်ခုဖြစ်ပြီး သင်တန်းစတင်မည့်ရက်မှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဖြစ်သည်။
Gates Cambridge Scholarships သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပညာရှာမှီးလိုသော ကျောင်းသားများအတွက်ဖြစ်ပြီး ဗြိတိန်နိုင်ငံပြင်ပ မည်သည့်နိုင်ငံကမဆို လျှောက်ထားနိုင်သည်။ ဗြိတိန်နိုင်ငံ Cambridge တက္ကသိုလ်တွင် အချိန်ပြည့် တက်ရောက်ရမည်ဖြစ်သည်။
လေ့လာရမည့်နယ်ပယ်များမှာ Ph.D, M.Sc သို့မဟုတ် MLitt အတွက်ဖြစ်ပြီး တက္ကသိုလ်က ပို့ချမည့် တစ်နှစ်သင်တန်းကို တက်ရောက်ကြရမည်ဖြစ်သည်။ လက်ခံမည့်အရေအတွက်မှာ ၉၅ ဦးဖြစ်သည်။
ပညာသင်ဆုရရှိသူများကို ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ပြီး ကျောင်းလခ၊ အဆောင်စရိတ်၊ ခရီးစရိတ်များလည်း အပြည့်အဝရရှိမည်ဖြစ်သည်။ ပညာသင်ဆုထောက်ပံ့ကြေးနှင့် ပတ်သက်ပြီး https://www.gatescambridge.org/apply/value တွင် ကြည့်ရှုနိုင်ပါသည်။
Recommended for you - 2018 - 2019 ပညာသင်နှစ် ၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ
လျှောက်ထားသူများသည်
- ဗြိတိန်နိုင်ငံပြင်ပ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။
- ဗြိတိန်နိုင်ငံတွင် သတ်မှတ်ထားသည့် ပညာသင်ဌာနတွင် အချိန်ပြည့်နေထိုင်ပြီး ပညာသင်ယူနိုင်သူ ဖြစ်ရမည်။
- Ph.D အတွက် သုတေသန သုံးနှစ်၊ M.Sc သို့မဟုတ် MLitt အတွက် သုတေသန ၂ နှစ်၊ ဘွဲ့လွန်သင်တန်းအတွက် ၁နှစ် တက်ရောက်ကြရမည်ဖြစ်သည်။
- အမေရိကတွင် နေထိုင်သူများအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် လျှောက်ထားကြရမည်ဖြစ်ပြီး အခြားနိုင်ငံများမှ လျှောက်ထားသူများသည် ၂၀၁၈ ဒီဇင်ဘာ ၅ ရက်ကို နောက်ဆုံးထားကာ လျှောက်ထားကြရမည်ဖြစ်သည်။
လျှောက်ထားရန် အသေးစိတ်ကို https://www. gatescambridge.org/apply/how-apply တွင် လည်းကောင်း၊ http://www.gatescambridge.org/ တွင် လည်းကာင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ဂျပန်နိုင်ငံ NITORI International ပညာသင်ဆု လျှောက်ထားနိုင်
Recommended for you - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ
Credit; The Voice