ပါမောက္ခ ရောဘတ်စတင်းဘာ့ခ်ျက ဥာဏ်ရည်ဥာဏ်သွေးနဲ့ ပက်သက်တဲ့ သုတေသနစာတမ်းကို တင်သွင်း ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက သင့်မှာ အောင်လက်မှတ်စက္ကူတွေ များလေလေ နေ့စဉ်ပြဿနာ များကို ဖြေရှင်းနိုင်မှုအား နည်းလေလေပဲတဲ့။ လက်တွေ့ဥာဏ်ရည်ဥာဏ်သွေးဟာ ကျောင်းစာတော်တာနဲ့ တခြားစီ ဖြစ်နေတယ်၊ တစ်ခါတစ်ခါ ဆန့်ကျင်နေတာကို တွေ့ရတယ်တဲ့။
ဆိုလိုတာက ဘဝမှာ အောင်မြင်တဲ့ အတိုင်းအတာတစ်ခုဖြစ်တဲ့ လက်တွေ့ဥာဏ်ရည်ဥာဏ်သွေး မြင့်လေ လေ၊ သင်ဟာ ကျောင်းစာမှာ အောင်မြင်မှု နည်းလေလေ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အလုပ်ခွင်မှာ အောင်မြင်နေသူအများစုကို (IQ test) ပြုလုပ်တဲ့အခါ ရမှတ်တွေက အတော်လေး ဆိုးရွားနေတာကို တွေ့ရပါတယ်။
Recommended for you - ကိုယ်က အရှုံးမပေးမချင်း မရှုံးပါဘူး
IQ test ဟာ နှစ်ပေါင်းတစ်ရာကျော်က သဘောတရားသာဖြစ်ပြီး ခေတ်နဲ့ မညီတော့ပါဘူး။ ဒါကြောင့် လည်း IQ test ဟာ တချို့လူတွေအတွက် မမှန်မကန်ရတာဖြစ်ပါတယ်။ တချို့တွေက IQ test မှာ အမှတ်ကောင်းတာကြောင့် ဘဝမှာ အောင်မြင်သူဖြစ်မယ်လို့ ခန့်မှန်းကြတယ်။ ဒါပေမယ့်လည်း သူတို့ထဲက တချို့ဟာ လက်တွေ့ဘဝမှာ မအောင်မြင်ကြဘူး။ ဒီအတွက် စိတ်လှုပ်ရှားမှု ဥာဏ်ရည်ဥာဏ်သွေး (Emotional Intelligence-EQ) ဟာ အရေးပါတယ်လို့ ပါမောက္ခစတင်းဘာ့ခ်ျက ဆိုတယ်။
တကယ်တမ်းအောင်မြင်သူများဟာ IQ မြင့်မားရမယ့်အပြင် စိတ်လှုပ်ရှားမှု ဥာဏ်ရည်ဥာဏ်သွေး EQ လည်း မြင့်မားရတယ်။ တကယ်တော့ IQ ရော EQ ပါနှစ်မျိုးစလုံးက အောင်မြင်မှု ခန့်မှန်းတဲ့နေရာမှာ လက်တွေ့ မကျလှပါဘူး။ ဥပမာအားဖြင့် သုတေသနပြုလုပ်သူများ အလိုအရ IQ စမ်းသပ်ချက်ဟာ ဘဝမှာ အောင်မြင်မှုကို ၄ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက်ကိုပဲ ဖော်ပြနိုင်တယ်။
ဆရာဒေါက်တာခင်မောင်ညိုရေးသားထားသော စာစုများထဲမှ ထုတ်နုတ်ဖော်ပြသည်။