×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 21 September 2018

အောင်မြင်သူတို့ရဲ့ နေ့စဉ်စိတ်အားမြှင့်တင်နည်း ၅ ချက်

အောင်မြင်သူတို့ရဲ့ နေ့စဉ်စိတ်အားမြှင့်တင်နည်း ၅ ချက် google.com

နေ့စဉ်ဘဝအောင်မြင်မှပဲ ဘဝကြီးတစ်ခုလုံးအောင်မြင်မှာ ဖြစ်ပါတယ်။ သန်းကြွယ်စီးပွားရှင်တွေ၊ အားကစားအကျော်အမော်တွေ၊ နိုင်ငံရေးသမားကြီးတွေရဲ့ နေ့စဉ်စိတ်အားမြှင့်တင်နည်း ၅ နည်းကို တင်ဆက်လိုက်ပါတယ်။


၁။ စောစောထပါ

တစ်နေရာရာကို မသွားခင် အနည်းဆုံး နှစ်နာရီလောက်စောထပါ။ တကယ်လို့ အလုပ်ကို ၈နာရီအရောက်သွားရမယ်ဆို မနက်ခြောက်နောက်ရီလောက် အိပ်ယာထပါ။ ဒါ အရမ်းအရေးကြီးတယ်။ လူအများစုဟာ မနက်စောစော သွားလာကျင့်မရှိတဲ့အတွက် အမြဲ ကသောင်းကနင်းဖြစ်နေတတ်တယ်။ အိပ်ယာထပြီး အိမ်ကထွက်တဲ့အထိ အိပ်ချင်မူးတူးဖြစ်နေတတ်တယ်။


၂။ တိတ်ဆိတ်တဲ့နေရာကို သွားပါ

ယနေ့ခေတ်မှာ ဖုန်းတို့ ကွန်ပျူတာတို့ အလုပ်တာဝန်တို့နဲ့သာ အချိန်တွေ ကုန်ဆုံးနေတတ်ပါတယ်။ မနက်စောစောထ သီချင်းလေးဆိုရင်း ကိုယ်ဘာလဲဆိုတာတောင်ပြန်စဉ်းစားချိန်မရအောင် ဖြစ်နေတတ်ပါတယ်။ ဒီအတွက် အချိန် ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ယူလိုက်ပါ။ ငြိမ်ငြိမ်လေးထိုင်ပြီး “ ကိုယ်ဒီနေ့ ဘာဖြစ်ချင်တာလဲ ” ဆိုတာကို အသေးစိတ်တိတိကျကျ မြင်ကြည့်ပါ။ အစည်းအဝေးတွေပြီးတဲ့အခါ ဘယ်လိုမျက်နှာအမူအရာနဲ့ ထွက်လာမလဲ? တစ်နေ့လုံးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေ ဘယ်လိုစားသုံးမလဲ? တစ်နေ့တာအတွက် ကိုယ့်အမြင်က ကောင်းမွန်တဲ့ အောင်မြင်မှုကို ဦးတည်စေပါလိမ့်မယ်။


၃။ ကျေးဇူတင်မှု နေ့စဉ်ပြု

ကျေးဇူးတင်မှု ရစေနိုင်တဲ့ အကောင်းဆုံး အပြုအမှုဟာ သူ့ကျေးဇူးကို အသိအမှတ်ပြုတဲ့ အပြုအမူပါပဲ။ ကိုယ့်နေ့စဉ်ဘဝထဲမှာလည်း ကျေးဇူးတင်မှု နေ့စဉ်ပြုခြင်းအားဖြင့် ပူးပေါင်းလုပ်ဆောင်မှုတွေကို အကောင်းမွန်ဆုံး ဖြစ်စေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
“ ကိုယ်ဘာတွေ လူတွေကို ကူညီပေးခဲ့သလဲ ” ဆိုတာကို မနက်ခင်းတိုင်းမှာ သုံးချက်ကနေ ငါးချက်အထိ အချိန်ယူပြီး ချရေးထားလိုက်ပါ။ ဒါမှ တစ်နေ့တာအတွက် ပျော်ရွှင်စိတ်လှုပ်ရှားမှုတွေနဲ့ စတင်နိုင်မှာပါ။ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို မေ့ထားလိုက်ပါ။ ကျေးဇူးတရားဆိုတာ ကိုယ်ခံစားနေရတဲ့ ဝမ်းနည်းမှုတွေကို တွန်းလှန်ဖို့ အကောင်းဆုံးလက်နက်ပါပဲ။

 

Recommended for you - ၂၀၁၈-၁၉ ခုနှစ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် - UIT ဝင်ခွင့်ရစာရင်း ထုတ်ပြန်ခြင်း


၎။ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ စာတစ်အုပ်ဖတ်ပါ

ဦးနှောက်အတွက်စာဖတ်ခြင်းဟာ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာပါပဲ။ စိတ်အားတက်ကြွစေတဲ့ စာအုပ်တစ်အုပ်ဖတ်ခြင်းဟာ နေ့ရက်တိုင်းမှာ ကိုယ့်စိတ်ကို ကောင်းမွန်တဲ့ အခြေအနေတစ်ခုရဖို့ လောင်စာထောက်ပံ့ပေးခြင်းပါ။ မနက်ခင်းတိုင်းမှာ ကိုယ်ဖတ်လိုက်၊ ရှု့မြင်လိုက်တဲ့အရာဟာ ကျန်တဲ့တစ်နေ့စာအတွက် အများကြီး အကျိုးသက်ရောက်စေပါတယ်။


၅။ စိတ်အားတက်ကြွစေမယ့် စကားတွေပြောပါ

နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့ ပြောဆိုမှုအားလုံးကို စဉ်းစားကြည့်ပါ။ ဒီအထဲက ကိုယ့်စိတ်ကို တစ်ကယ်စွမ်းအင်ပေးနိုင်အောင်၊ လှုပ်ရှားတက်ကြွအောင် လှုံဆော်ပေးတဲ့ ပြောဆိုမှု ဘယ်လောက်ပါလဲ သုံးသပ်ပါ။ ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ ကိုယ့်မိသားစုတွေထဲ အပါအဝင် ကိုယ့်ပတ်ဝန်းကျင်မှာ မကောင်းမြင်စိတ်ထားတဲ့ လူတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် နေ့စဉ်ပြောဆိုဆက်ဆံတဲ့အခါ တကယ်အကျိုးရှိမယ့် စကားတွေကိုပဲ ပြောဆိုဆက်ဆံပါ။ ကိုယ့်အပြုအမူ၊ ရှင်သန်ရတဲ့ဘဝ၊ ကိုယ့်စိတ်ဓာတ်တွေအပေါ် နေ့စဉ် ပြောဆိုဆက်ဆံမှုတွေက တကယ့်ကို အကျိုးသက်ရောက်စေပါတယ်။


ကိုယ့်ကိုယ်ကို မြင့်မားအောင် အသေအချာတည်ဆောက်ပါ။ ဆုတ်ယုတ်စေဖို့ မတည်ဆောက်ပါနဲ့။ နေ့စဉ် ကိုယ့်စိတ်ဓာတ်ကို မြင့်မားအောင် တည်ဆောက်ပြီး လုပ်ငန်းခွင်ဝင်ခြင်းဟာ ကိုယ့်ဘဝ၊ ကိုယ့်လုပ်ငန်းရဲ့ ဦးတည်ချက်ကို ကောင်းသောပြောင်းလဲခြင်းများအဖြစ် ချက်ခြင်းပြောင်းလဲစေပါတယ်။

 

Recommended for you - ဘီလျံနာသူဌေးကြီး ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့ လူသိနည်းတဲ့ အချက်များ

 

Credit; စီးပွားရှင်

Read times Last modified on Wednesday, 08 January 2020 14:54
Rate this articles
(2 votes)