နောက်ထပ်ဘာသာစကားတစ်ခု သင်ယူတတ်မြောက်သွားတဲ့အခါ သင့်ဦးနှောက်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ပိုရှိလာမလဲ၊
ဘာကြောင့် သင်ယူဖို့ နောက်မတွန့်သင့်တာလဲ၊ ဘာသာစကားတွေ အများကြီးတတ်ဖို့ ဘာကိုအရင်ဆုံးလုပ်ရမလဲ ဆိုတာ ဖော်ပြလိုက်ပါတယ်။
လောကသစ်တစ်ခုကို ပိုင်ဆိုင်လာမယ်။
ဘာသာစကားအသစ်တစ်ခုတတ်မြောက်ပြီဆိုတာနဲ့ သင်သိတဲ့နယ်ပယ်အသစ်တစ်ခုရှိလာမယ်။
အလုပ်အတွက်လည်း အထောက်အကူရလာမယ်။ မိတ်တွေသစ်တွေတိုးပြီး ဘဝက ပိုမိုတိုးတက်လာလိမ့်မယ်။
ဆွဲဆောင်မှုရှိသူတစ်ယောက်လည်း ဖြစ်လာလိမ့်မယ်။ အဲဒါတွေအပြင် သင့်ရဲ့ဥာဏ်ရည်နဲ့ဆိုင်တဲ့ တခြားသော တိုးတက်မှုတွေကို ရရှိလာမည် ဖြစ်ပါတယ်။
၇ ဘာသာလောက်ထိပြောတတ်လာမယ်။
ဘာသာစကားအသစ်တစ်ခုကို သင်ယူတတ်မြောက်ပြီးတိုင်း နောက်ထပ်ဘာသာစကားအသစ်တွေ သင်ယူရတာ ပိုမိုလွယ်ကူသွားပါတယ်။
ဘာလို့လဲဆိုတော့ ဘယ်လိုလေ့လာရင် တတ်မြောက်နိုင်မလဲဆိုတဲ့နည်းကို ပိုင်နိုင်သွားခြင်း ဖြစ်ပါတယ်။
တစ်ဘာသာနဲ့တစ်ဘာသာ ဘယ်လိုချိတ်ဆက်မှတ်သားမလဲဆိုတာ သိသွားပြီမို့ နောက်ထပ် ၇ ဘာသာလောက် လေ့လာတတ်မြောက်ဖို့ဆိုတာ တကယ့်ကိုအလွယ်လေးဖြစ်သွားပါတယ်။
ထို့ကြောင့် ဘာသာစကားအများကြီး တတ်မြောက်ဖို့ ခုချက်ချင်းဘဲ ဘာသာစကားအသစ်တစ်ခုကို စတင်သင်ယူဖို့ တိုက်တွန်းပါရစေ။
နီကိုလာတက်စလာနီးနီး ဖြစ်လာမယ်။
မှတ်ဥာဏ်အရမ်းကောင်းတဲ့ လျှပ်စစ်ဂုရုကြီး နီကိုလာတက်စလာနီးနီး ဖြစ်လာနိုင်တယ်ဆိုတာ အပိုပြောတာမဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေနဲ့လေ့လာသူတွေအဆိုအရ လူ့ ဦးနှောက်ဟာ ကြွက်သားတစ်ခုပါ၊ များများလေ့ကျင့်ပေးရင် များများသန်မာလာပါတယ်။
ဦးနှောက်ကိုအလုပ်ပေးထားတဲ့သင်က အကြောင်းအရာသေးသေးလေးကအစ မှတ်မိနေတတ်လွန်းလို့ မှတ်ဥာဏ်ကောင်းလိုက်တာလို့ အများကအံ့သြရသူဖြစ်လာမှာပါ။
အယ်လ်ဇိုင်းမားရောဂါကို တိုက်ဖျက်နိုင်တယ်။
ဘာသာစကားအသစ်နှစ်ခုတတ်မြောက်ခြင်းက မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
သာမန်လူတွေနဲ့ဘာသာစကားအသစ်သင်ယူနေတဲ့ သူတွေကြား ဦးနှောက်ရဲ့အလုပ်လုပ်ပုံကို စမ်းသပ်တဲ့အခါ ဘာသာစကားသင်ယူနေတဲ့ ဦးနှောက်က ပိုအစွမ်းရှိပါတယ်။
ဒါအပြင် အသက်ကြီး ချိန်မှာဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမား ၊ ဒီမန်းတီးရားရောဂါတွေကို ကာကွယ်နိုင်စွမ်း တိုက်ဖျက်နိုင်စွမ်း ရှိတယ်လို့သိရပါတယ်။
ထို့ကြောင့် ဘာသာစကားအသစ်တစ်ခုသင်ယူဖို့ ဒီနှစ်စပြီး ကြိုးစားကြရအောင်။
Read More : သူဌေးဖြစ်ချင်ရင် ဒါတွေ ရှောင်ပါ
Source: akhayar.com