Across and Through
Across နှင့် Through တို့ဟာ ဝိဘတ် (preposition) တွေ ဖြစ်ပါတယ်။ Across ရဲ့ အဓိပ္ပါယ်က "တစ်ဖက်မှ တစ်ဖက်သို့၊ လှမ်း၍၊ ကူး၍၊ ဖြတ်၍ ဖြတ်သန်း၍” လို့အဓိပ္ပါယ်ရပြီး through ကတော့ "ဖြတ်၍၊ ကျော်၍၊ဖောက်၍၊ တိုး၍” စတဲ့အဓိပ္ပါယ်ကို ဆိုလိုပါတယ်။
ဥပမာ
လှိုဏ်ခေါင်းကိုဖောက်ထွက်သွားတာ၊ တောအုပ်ကို တိုးထွက်သွားတာကို ဆိုလိုတာပါ။
Across နဲ့ Through တို့ရဲ့ အဓိပ္ပါယ်ကွာခြားချက်က On နဲ့ In တို့ရဲ့ အဓိပ္ပါယ်ကွာခြားချက်နဲ့ ဆင်တူပါတယ်။ လေးဘက်လေးတန်၊ အထက်နဲ့ အောက်ဘက်အားလုံးပါဝင်တဲ့နေရာကို သုံးဘက်မြင်သဘောအရ ဖြတ်သန်းသွားလာတာကို ပြောတဲ့အခါမှာ through ကိုသုံးရပါတယ်။
ဥပမာဝါကျတွေကို လေ့လာကြည့်ပါဦး။
We walked across the field (We were on the field)
ကျွန်တော်တို့ လယ်ကွင်းကို ဖြတ်သန်း၍လမ်းလျှောက်ခဲ့တယ်။ (ကျွန်တော်တို့အားလုံး လယ်ကွင်းပေါ်မှာ ရှိကြတယ်) ဟုဆိုလိုပေသည်။
We walked through the wood. (We are in the wood.)
ကျွန်တော်တို့ တောအုပ်ကို ဖောက်ထွက်၍ လမ်းလျောက်ခဲ့တယ်။ (ကျွန်တော်တို့ တောအုပ်ထဲမှာ ရှိကြတယ်၊ တောအုပ်ထဲမှာ ရောက်နေတယ်) ဟု ဆိုလိုပေသည်။
Recommended for you - သင့်ကို ယခုထက်ပိုတော်စေနိုင်မယ့် အချက် ၇ ချက်
According to/ In my opinion
According to ဟာ ဝိဘတ် (preposition) ဖြစ်ပါတယ်။ နောက်ဘက်က noun (သို့မဟုတ်) V-ing လိုက်နိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ "အရေးနှင့် အညီ” ဖြစ်ပါတယ်။
ဥပမာကိုလေ့လာကြည့်ပါဦး
According to me, she would have resigned earlier. (အမှား)
In my opinion, she should have resigned earlier. (အမှန်)
“ကျွန်တော့်သဘောအရဆိုရင် သူမဟာ စောစောနှုတ်ထွက်ပြီး ဖြစ်သင့်တယ်” လို့ ဆိုလိုတာပါ။
ဒါပေမယ့် အင်္ဂလိပ်စာသုံးအနှုန်းမှာ မိမိရဲ့ သဘောအရလို့ ပြောချင်ရင် according to ကို မသုံးရဘဲ၊ in my opinion ကိုသာ သုံးရပါတယ်။ ဒါကြောင့် ပထမဝါကျဟာ မှားပြီး၊ ဒုတိယဝါကျကသာ မှန်ပါတယ်။
အကယ်၍ according to ကိုသုံးချင်ရင်တော့ according to the law (ဥပဒေအရ)၊ according to his criticism (သူ့ရဲ့ ဝေဖန်သုံးသပ်ချက်အရ) စသည်ဖြင့် သုံးနိုင်ပါတယ်။ လွယ်သယောင်ရှိပေမယ့် သတိထားရမယ့် အချက် ဖြစ်တာမို့ ဂရုတစိုက် မှတ်သားစေချင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Source; myanmar-network.net
Recommended for you - သင်လျှောက်လှမ်းမယ့်ဘဝခရီးအတွက် လိုအပ်တဲ့ စကားစုတချို့